အမာခံစစ်စခန်း တည်ဆောက်ရာတွင် ဒေသခံပြည်သူ ရာနဲ့ချီ အခမဲ့လုပ်အားပေး စေခိုင်းခံနေရ

အမာခံစစ်စခန်း တည်ဆောက်ရာတွင် ဒေသခံပြည်သူ ရာနဲ့ချီ အခမဲ့လုပ်အားပေး စေခိုင်းခံနေရ
by -
ခိုင်သော်က
ရခိုင်ပြည်နယ်၊ အနောက်ပိုင်း စစ်ဌာနချုပ် (နပခ) ၏ လက်အောက်ခံ ချင်းပြည်နယ် ပလက်ဝ မြို့နယ် ရှိ ကုလားတန်မြစ်ဖျားနေ တောင်ပေါ်သားများကို နအဖ စစ်သား များက ရှေ့တန်း အမာခံ စစ်စခန်းတည်ဆောက်ရာတွင် အခမဲ့အတင်းအားဓမ္မ လုပ်အားပေး စေခိုင်းနေကြောင်း...

ရခိုင်ပြည်နယ်၊ အနောက်ပိုင်း စစ်ဌာနချုပ် (နပခ) ၏ လက်အောက်ခံ ချင်းပြည်နယ် ပလက်ဝ မြို့နယ် ရှိ ကုလားတန်မြစ်ဖျားနေ တောင်ပေါ်သားများကို နအဖ စစ်သား များက ရှေ့တန်း အမာခံ စစ်စခန်းတည်ဆောက်ရာတွင် အခမဲ့အတင်းအားဓမ္မ လုပ်အားပေး စေခိုင်းနေကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် နပခလက်အောက်ခံ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ဖျားရှိ ဘင်္ဂလား မြန်မာနယ်စပ်နှင့် အိန္ဒိယမြန်မာ နယ်စပ်တလျှောက်် မြန်မာဖက်မှ မရိ၀ ၊ နှံုးဘူး ၊ ချင်းလက်ဝ ၊ လက်ပဝ ၊ တရွန်အိုင် ၊လောင်ချိုင်၊ တိုးပီ နှင့် စေတီတောင်စခန်းတိုကို အမာခံ တည်ဆောက်လျှက် ရှိရာ ဒေသခံတောင်ပေါ်သားများ နေ့စဉ်လူ (၂၅၀) မှ (၃၀၀) ထိ အခမဲ့ လုပ်အား ပေးစေခိုင်းနေ သည့်် ဟု ထွွက်ပြေးလာသော အမည်မဖေါ်လိုသူ ဒေသခံတဦး၏ှပြောပြချက်အရ သိရသည်။

အဆိုပါဒေသမှ လာသည့် ကုန်သည်တဦးကလည်း “ကျွန်တော်တို့ တောင်ပေါ်ဒေသက ပြည်သူ တွေမှာ တောင်ယာခုတ်လုပ်ငန်းဖြင့် အသက်မွေးဝမး်ကျောင်းပြုနေရတယ်။ တောင်ယာဆိုတာ ကလည်း အချိန်နှင့်လိုက်၍ ခုတ်ရတယ်၊ မီးရှိုးရတယ်၊ ကောက်ထိုးရတယ် ဒါမှသီးနှံတွေ အထွက် တိုး ကောင်းတာ ၊ ယခုလို တောင်ယာခုတ်ချိန်မှာ စစ်တပ်က တအိမ်တယောက် မလိုက်ရင် မနေရ၊ ကိုယ်ထမင်းထုတ် နှင့် ကိုယ် ယူပြီး၊ နံနက်(၇)နာရီ မှ ည(၄)နာရီထိ အတင်းအားဓမ္မခေါ်ယူပြီး အခမဲ့စခန်း ဆောက်လုပ် ရာတွင် အခိုင်းခံနေရရင်၊ ဘယ်မှာ ကိုယ့်လုပ်ငန်းကို လုပ်ဖို့ရမှာလဲ နောက် ပြီး ကျွန်တော်တို့ဒေသကို အထူးစစ်ဒေသ အဖြစ် သက်မှတ်ထားသဖြင့် စစ်တပ်ကလည်း ခလရ ၂၃၂၊ ၂၃၃၊ ၂၆၃၊ ၂၃၄၊ ၃၄၄၊ ခမရ ၅၃၈ နှင့် ပလက်ဝအခြေစိုက် ခလရ ၂၈၉ ဆိုရင် တပ်ရင်း (၇)ရင်းရှိကြောင်း ယခု အလုပ်ခိုင်းနေတာက နယ်ခံတပ်ရင်း ခလရ ၂၈၉ မှ တာဝန်ယူ စေခိုင်းနေသည်” ဟုပြောပြခဲ့သည်။

Most read this week