မတရားလည်း အခွင့်အရေးအတွက် ရွေးကောက်ပွဲ ဝင်ရမည်ဟု CPP ပြော

မတရားလည်း အခွင့်အရေးအတွက် ရွေးကောက်ပွဲ ဝင်ရမည်ဟု CPP ပြော
စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသော်လည်း ချင်းတိုင်းရင်းသားများ အခွင့်အရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်ဟု မနက်ဖြန်တွင် ပါတီမှတ်ပုံတင်မည့် ချင်းအဖွဲ့တခုက....

စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသော်လည်း ချင်းတိုင်းရင်းသားများ အခွင့်အရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်ဟု မနက်ဖြန်တွင် ပါတီမှတ်ပုံတင်မည့် ချင်းအဖွဲ့တခုက ပြောသည်။

“အများက တရားမျှတမှု မရှိဘူးလို့ ရွေးကောက်ပွဲကို ပြောနေကြတယ်။ ကျနော်တို့ ဆင်းရဲချို့တဲ့တဲ့ ချင်းတိုင်းရင်းသားတွေအတွက် အခုထွက်လာတဲ့ အခွင့်အရေးက ကြီးကြီး၊ သေးသေး အဆုံးရှုံး မခံနိုင်ဘူး။ အပြည့်အဝတော့ လုံးဝ မရဘူးဆိုတာ သေချာတယ်။ free & Fair လုံးဝ မဖြစ်နိုင်ဘူးဆိုတာလည်း သေချာတယ်။ ဒါပေမဲ့ အခုရလာတဲ့ အခွင့်အရေးကို အဆုံးမခံနိုင်ဘူး'' ဟု Chin Progressive Party ခေါ် ချင်းတိုးတက်ရေးပါတီမှ Pu No Than Kap က ပြောသည်။

ချင်းတိုးတက်ရေးပါတီကို မနက်ဖြန်တွင် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားမည်ဖြစ်သည်။

''ရတဲ့အခွင့်အရေးကို ရအောင်ယူချင်တယ်။ အမိအရဖမ်းနိုင်ရင် ချင်းပြည်နယ် ချင်းတိုင်းရင်သားတွေအတွက် ကောင်းကျိုးဖြစ်လာအောင် ဆောင်ရွက်မယ်။ အခု နအဖ ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ချင်းပြည်နယ်အတွက် တံခါးဖွင့်ပေးတယ်လို့ ယူဆတယ်။ ဒါကြောင့် ကျနော်တို့ပါတီက ချင်းပြည်နယ် ချင်းပြည်သူလူထုအတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာဖြစ်တယ်” ဟု Pu No Than Kap က ပြောသည်။

ယခုလ ၉ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခဲ့သော်လည်း စာရွက်စာတမ်း မစုံလင်သဖြင့် နောက်တခေါက် ထပ်သွားရခြင်း ဖြစ်သည်။Jတင် ခဲ့ပြီးဖြစ်သည်။ CNP သည်လည်း ချင်းပြည်နယ် ၉ မြို့နယ်စလုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၁၉၉ဝ ခုနှစ် ရွေးကော်ပွဲတွင် ချင်းပြည်နယ် ၃ မြို့နယ်၌ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD သည် ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။

စစ်အစိုးရ၏ လုပ်ဆောင်သမျှ မည်သည့်အရာမဆို အယုံအကြည် မရှိသောကြောင့် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ထားသည်ဟု CNLD အထွေထွေအတွင်းရေးမှူး Pi Za Dim Sung က ပြောဆိုသည်။

Most read this week