မောင်တောမြို့တွင် မုန်ုဘိုင်ဖုံးအတွက် နစကများ အိမ်အတွင်းသို့ ၀င်ရောက်ရှာဖွေ

မောင်တောမြို့တွင် မုန်ုဘိုင်ဖုံးအတွက် နစကများ အိမ်အတွင်းသို့ ၀င်ရောက်ရှာဖွေ
by -
ကုလားတန် သတင်းဌာန

မြန်မာနိုင်ငံ နယ်စပ် ကာကွယ်ရေးတပ် (နစက)များသည် မနေညတွင် ဘင်္ဂါလာဒေရှ်နိုင်ငံသုံး မုန်ဘိုင်ဖုံး အတွက် အိမ်တအိမ်အား ရုတ်တရက် ၀င်ရောက်ရှာဖွေကြောင်း အမည်မဖေါ်လိုသူ ဒေသခံလူကြီးတဦး သတင်းပေးပို့ချက်အရ....

မြန်မာနိုင်ငံ နယ်စပ် ကာကွယ်ရေးတပ် (နစက)များသည် မနေညတွင် ဘင်္ဂါလာဒေရှ်နိုင်ငံသုံး မုန်ဘိုင်ဖုံး အတွက် အိမ်တအိမ်အား ရုတ်တရက် ၀င်ရောက်ရှာဖွေကြောင်း အမည်မဖေါ်လိုသူ ဒေသခံလူကြီးတဦး သတင်းပေးပို့ချက်အရ သိရသည်။

နစက နယ်မြေ ၃၊ နံသာတောင်စခန်းမှ နစက အဖွဲ့ဝင် ၁၅ ဦးသည် ဧပြီလ ၁၉ ရက်၊ ည ၆း၃၀နာရီတွင် ကွမ်းဆီပြင်ရွာနေ ဦးရော်ဇာက် အာလီ၏နေအိမ်ကို စစ်ဆေးရန် ၀ုိင်ရံထားခဲ့ကြောင်း ၎င်း ဒေသခံ လူကြိးကပင် ပြောပြသည်။

ထို့သို့စစ်ဆေးရန် နစက အဖွဲ့ဝင်တချို့အိမ်ထဲဝင်ပြီး တချို့မှာမူ အပြင်ပ၌ စောင့်နေကြပြီး၊ ရော်ဇာက် အာလီ၏ မိသားစုကို အပြင်ထွက်ပေးရန် အမိန့်ပေးခဲ့ ကြောင်း၊ထို့အပြင် မိသားစုအာလုံးအား တန်းစီခိုင်းပြီး၊ တဦးချင်းအား စစ်ဆေးခဲ့ကြောင်း၊ ၀ှက်ထားရန် လွယ်ကူသော အမျိုးသမီးများကို အထူးရှာဖွေစစ်ဆေးခဲ့ ကြောင်း နစက အကျိုးဆောင်တဦးက ပြောပြသည်။

နစကများနှင့်အတူ နယ်မြေလူကြီး မိုဟာမတ် မီဒီရစ်နှင့် မိုဟာမတ် ကော်ရိမ်တို့ လိုက်ပါသွားသည်။

နစက တပ်ဖွဲ့ဝင်များသည် အထူးသဖြင့် ဦးရော်ဇာက်၏ သမီးများဖြစ်သော မနူရ်ဆော်ဘာရ် ၂၂ နှစ်နှင့် မဟာဇေရာ ၁၉ နှစ် တို့အတူ ချွေးမဆာရာခါတူ ၂၆ နှစ်အား အထူးတလှယ်စစ်ဆေးကြောင်း ပြောဆိုသည်။

နစက အဖွဲ့ဝင်များသည် ညဉ် ၁းဝဝ နာရီကျော်ထိ စစ်ဆေး နှောက်ယှက်မှုများပြုလုပ်ပြီး။် ဘာတခုမျှ ရှာဖွေမရသဖြင့်စခန်းသို့ပြန်သွားကြောင်း အနီးကတ်သန်းကျင်မှ ဒေသခံများက ပြောဆိုသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် ဘင်္ဂါလာဒေရှ်နိုင်ငံသုံး မုန်ဘိုင်ဖုံးသုံးနေသည့်ကို တွေ့ရှိပါက ငွေဒဏ်သော်၎င်း၊

ထောင်ဒဏ်သော်၎င်း၊ ငွေနှင့် ထောင်ဒဏ်နှစ်ခုစလုံးကို၄င်းပေးနိုင်ကြောင်း၊ သို့သော် နစကများ၏ ခွင့်ပြုမိန့်ရှိပါက သုံးနိုင်ကြောင်း၊ ၎င်းအမိန့်သည်လည်း ရိုဟင်ဂျာလူမျိုးအတွက်သာ ဖြစ်ကြောင်း၊ တခြားတိုင်းရင်းသားများ အတွက်မူ ခွင့်ပြုမိန့်မလိုကြောင်း လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဒေသခံ ကုန်သည်တဦးက ပြောပြသည်။