ကောစ်ဘဇားမြို့တွင် ရိုဟင်ဂျာ ဒုက္ခသည်များအား မောင်းထုတ်ရန် RRC စည်းရုံးနိုးဆော်

ကောစ်ဘဇားမြို့တွင် ရိုဟင်ဂျာ ဒုက္ခသည်များအား မောင်းထုတ်ရန် RRC စည်းရုံးနိုးဆော်
by -
ကုလားတန် သတင်းဌာန

ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပတ်သက်ပြီး ကောစ်ဘဇားမြို့တွသ် ဧပြီလ ၁၅ နေ့တွင် ရိုဟင်ဂျာ မောင်းထုတ် ရေး ကော်မီတီ (RRC) မှ ကြီးမှုး၍ စည်းရုံးနိုးဆော် ဆွေးနွေးပွဲ တခုကို ကျင်းပကြောင်း....

ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပတ်သက်ပြီး ကောစ်ဘဇားမြို့တွသ် ဧပြီလ ၁၅ နေ့တွင် ရိုဟင်ဂျာ မောင်းထုတ် ရေး ကော်မီတီ (RRC) မှ ကြီးမှုး၍ စည်းရုံးနိုးဆော် ဆွေးနွေးပွဲ တခုကို ကျင်းပကြောင်း သိရှိရသည်။

“ကျွန်တော်တို့တိုင်းပြည်တွင် ရိုဟင်ဂျာ လူမျိုးအား အလိုမရှိ၊ ရိုဟင်ဂျာဒုက္ခသည်များ အား ကျွန်တော်တို့ မြေပေါ်တွင် အခြေချ နေထိုင်ခွင့်မပေးနိုင်” ဟု   ရိုဟင်ဂျာ မောင်းထုတ် ရေး ကော်မီတီ (RRC) ၀င်တဦး၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောပြကြောင်း သိရသည်။

ရိုဟင်ဂျာ အရေးကို ယခုလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ဖြေရှင်းပေးရန်၊ သို့မဟုတ်ပါက လမ်းပေါ် ထွက်ပြီး ဆန္ဒပြမည်ဖြစ်ကြောင်း ၄င်းကော်မီတီ အဖွဲဝင်က ပင်ဘင်္ဂါလာဒေရှ် အစိုးရအား တောင်းဆို လိုက် သည်။

အူကီယာဒေသခံ သတင်းစာဆရာ ဟာမိတ်ဒုလ်ဟောက် ဆို အရ ရိုဟင်ဂျာလူမျိုးများသည် ဘင်္ဂါလာဒေရှ် နိုင်ငံမှ တခြားသွားရာတွင် အသုံးပြုပြီး၊ ၎င်းတို့၏ အလိုဆန္ဒ တခုတည်းကို ဦးစားပေးပြီး၊ နယ်စပ်တလျှောက် တွင်  ရိုဟင်ဂျာ ၄ သိန်းကျော်နေထိုင်လျက်ရှိကြောင်းပြောဆိုသည်။

ရိုဟင်ဂျာ မောင်းထုတ် ရေး ကော်မီတီ (RRC) ၀င်များ လမ်းပေါ်တွင် ထွက်ပြီး ဆန္ဒပြမည် ဆိုလျှင် ကျွန်တော် ဒုက္ခသည်များအတွက် အလွန်ဆိုးရွာနိုင်ကြောင်း၊ နောက်ပြီး စခန်းအပြင်ဘက်သို့ထွက်နိုင်မည်မဟုတ်ကြောင်း၊ ကူတူဖါလောင်း ဒုက္ခသည်စခန်းကော်မီတီဝင်၏ ပြောပြချက်အရ သိရသည်။

ကူတူဖါလောင်း ဒုက္ခသည်စခန်းတွင် လွန်ခဲ့သော ၂၀၁၀ ဇန်နဝါရီလ မှ စ၍ အစားအစာ ရှားပါးမှုနှင့် ကြံုတွေ့ရပြီး များစွာသောဒုက္ခသည်များမှာအစားရှာပါးမှုကြောင်း သေဆုံးခဲ့သည်ဟု ၎င်းကပင် ပြောပြသည်။

ဘင်္ဂါလာဒေရှ်အစိုးရ၏ ကန့်သတ်မှုကြောင်းထောင်ပေါင်းများစွာသော ဒုက္ခသည်များ အစားငတ်မွတ်မှုနှင့် ရင်ဆိုင်နေရကြောင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ ကန့်ကွက်ရှုတ်ချမှုများ၊ လူနည်းစု ရိုဟင်ဂျာ ဒုက္ခသည်များ၏ပြောပြချက်အရ ဘင်္ဂါလာဒေရှ်အစိုးရ၏ကန့်သတ်ချုပ်ချယ်မှုကြောင်း များစွာသော ဒုက္ခသည်များ အငတ်ဘေးနှင့် ကြံုတွေ့ရကြောင်း၊ ဘင်္ဂါလာဒေရှ်အစိုးရ၏ ဖမ်းဆီးမှုကို ခံရကြောင်း၊ များစွာသော ဒုက္ခသည်များ မြန်မာပြည်ဘက်သို့ အတင်းပြန်ပို့ခြင်း စသည် ရက်စက်မှုများကြောင်း ထောင်ပေါင်းများစွာ မိသားစုများ အကွဲကွဲအပြာပြာဖြစ်နေကြောင်း ဘင်္ဂါလာဒေရှ်မြန်မာ နယ်စပ်ဒေသမှ ပေးပိုသော BBC သတင်း ထောက် Mark Dummett အရ သိရသည်။

အခြားတဘက်တွင်မှု ဘင်္ဂါလာဒေရှ်နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြိးဌာန၏ အတွင်းရေးမှုတဦးဖြစ်သူ Mohamed Mijarul Quaye ၏ှ သတင်းစာရှင်းလင်းပွဲပြောပြချက်အရ အရှေ့တောင် အာရှာ ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး၏ ရိုဟင်ဂျာ ဒုက္ခသည်များအား အသိအမှတ်ပြုပြီး၊ မှတ်ပုံတင်ပေးရန် အဆိုကို ငြင်းဖယ် ခဲ့ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင်ပြောပြခဲ့ကြောင်းသိရသည်။

“၎င်းကိစ္စနှင့် ပတ်သက်၍ အရှေ့တောင် အာရှာ ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး၏ ကိုယ်စာလှယ်ကိုရှင်းပြခဲ့ကြောင်း၊ တောင်းဆိုမှုမှာလည်း မဖြစ်နိုင်ကြောင်း၊တရားမဝင် ၀င်ရောက်လာသော ရိုဟင်ဂျာများ သူတို့နေရပ်သို့ ပြန်သွားရမည်ဖြစ်ကြောင်းရှင်းလင်းပြောဆိုသည်။

ဘင်္ဂါလာဒေရှ်နိုင်ငံသည် UNHCR နှင့် ပူုးပေါင်းပြီး နော်ယာဖါရာ နှင့် ကူတူဖါလောင်း ဒုက္ခသည်စခန်း နှစ်ခု တွင် ဒုက္ခသည်ပေါင်း ၂၈၀၀၀ အတွက် အစစအရာရာ တာဝန်ယူ ဆောင်ရွက်နေကြောင်း ၎င်းကပင် ပြောဆိုသည်။

အဆိုပါ ရှင်းလင်းပွဲကို ဘင်္ဂါလာဒေရှ်နိုင်ငံ၏ ရက်စက်ကြမ်းကြုတ်မှုအား အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ များ၏ ပြောပြချက်အရ၎င်း၊ ဥရောပ သံတမန်များ၏ သက်သေထွက်ဆိုချက်အရ၎င်း၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ ဖိအားပေးမှုကြောင်းများကို ဘင်္ဂါလာဒေရှ်နိုင်ငံ အနေဖြင့် ရိုဟင်ဂျာ အသိအမှတ်ပြုပါက ရိုဟင်ဂျာများအစုလိုက် အပြုလိုက် ၀င်ရောက်လာမည်ကို စီုးရိမ်မှုရှိသည့်အတွက် လက်မခံနိုင်ကြောင်း နိုင်ငံခြားရေး ၀န်ကြိးဌာန၏ အတွင်းရေးမှုက ပင် ပြောဆိုသည်။

၎င်းအတွက်ကြောင်း အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းနှင့် သတင်းမီဒီယာများ၏ စွတ်ဆွဲချက်များမှာ အခြေအမြတ်မရှိကြောင်း နိုင်ငံခြားရေး ၀န်ကြိးဌာန၏ အတွင်းရေးမှုက ဆက်လက် ပြောဆိုသည်။ “သူတို့ကို ဖြစ်မထားပါဘူး၊ သို့သော် သူတို့ အလိုကျမလုပ်မလုပ်နိုင်ဒါ ကျွန်တော်တို့၏ အားနည်းကျ မဟုတ်ဘူး။” ဟု ၎င်းကပင် ပြောဆိုသည်။

ရိုဟင်ဂျာများကို အသိအမှတ်ပြုပါက ၎င်းတို့၏ စားဝတ်နေရေး၊ လုံခြံုးရေး၊ ပညာရေး နှင့် ကျမ်းမာရေးတို့ကို တာဝန်ယူရမည်ဖြစ်ကြောင်း ပြောပြသည်။

ကောစ်ဘဇား ဒေသဆိုင်ရာ အရာရှိတဦးကမှု ပြန်ဝင်လာသော များစွာသော ရိုဟင်ဂျာများမှာ ယခင် ပြန်လည် နေရာချထားရေး စီမံကိန်းအရ ပြန်သွားခဲ့သူများ ဖြစ်ကြောင်း။ ၎င်းတို့ ဌာနေဒေသတွင် စစ်အစိုးရ၏ မတရား ချုပ်ချယ် ဖိနှိပ်မှုများကြောင်း၎င်း၊ ဘင်္ဂါလာဒေရှ်နိုင်ငံသို့ တရားမဝင် ခိုးဝင်လာနေကြောင်း ပြောပြသည်။