လွှတ်တော်အမတ်ကြီး ပူးကျင့်ရှင်းထန် ချင်းပြည်သူများနှင့် တွေ့ဆုံခွင့်မရ

လွှတ်တော်အမတ်ကြီး ပူးကျင့်ရှင်းထန် ချင်းပြည်သူများနှင့် တွေ့ဆုံခွင့်မရ
ယခုနှစ် မတ်လ ဒုတိယပတ်အတွင်း ရန်ကုန်မှ ချင်းပြည်နယ်သို့ ရောက်ရှိလာသည့် လွှတ် တော် အမတ်ကြီး ပူး ကျင့်ရှင်းထန်သည် ချင်းပြည်သူများနှင့် တွေ့ဆုံခွင် မရခဲ့ကြောင်း....

ယခုနှစ် မတ်လ ဒုတိယပတ်အတွင်း ရန်ကုန်မှ ချင်းပြည်နယ်သို့ ရောက်ရှိလာသည့် လွှတ် တော် အမတ်ကြီး ပူး ကျင့်ရှင်းထန်သည် ချင်းပြည်သူများနှင့် တွေ့ဆုံခွင် မရခဲ့ကြောင်း ဒေသခံ တဦး ထံမှ သတင်းရရှိသည်။

ဇိုမီးအမျိုးသားကွန်ကရက် (Zomi National Congress) ပါတီခေါင်းဆောင် ပူး ကျင်ရှင်းထန်သည် ၉ဝ ရွေးကောက်ပွဲကာလအတွင်း ၄င်း၏ မဲဆန္ဒနယ် ဖြစ်သည့် တီးတိန်မြို့သို့ ရောက် ရှိလာပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခွင့်ကို ဒေသ အာဏာပိုင် တွေက ယခုကဲ့သို့တား မြစ်ခဲ့ခြင်းဖြစ်သည်။

“သူ့အနားမှာ စစ်ထောက်လှမ်းရေးတွေ အနီးကပ်စောင့်နေကြတယ်၊ ချင်းပြည်သူတွေအ ပြင် သူ့ရဲ့ ပါတီခေါင်းဆောင်တွေနဲ့လည်းတွေ့ခွင့် မရခဲ့ဘူး” ဟု မျက်မြင် တဦးက ပြော သည်။

ပူး ကျင်ရှင်းထန်သည် Member, Committee Representing the Peoples' Parliament (CRPP) Member, United Nationalities Alliance (UNA) အဖွဲ့ဝင်တဦး ဖြစ်ပြီး နအဖစစ် အစိုးရမှ ဖမ်းဆီးထောင် ချခြင်းခံခဲ့ရဖူးသူဖြစ်သည်။

အမည်မဖေါ်လိုသူဒေသခံတဦးက “သူစကားတခွန်းတော့ပြောသွားတယ်၊ ကျတော့်မျက်နှာ ကို ခင်ဗျားတို့ မြင်ရလို့ ကျတော်ကျေနပ်ပါတယ် လို့လေ” ဟု ပြောသည်။

ဇိုမီးအမျိုးသားကွန်ကရက်သည် နအဖမှ ၄င်း၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် သုံးသပ်ခြင်းမရှိပါက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း ဇိုမီးကွန်က ရက်ပါတီ ၏ ၂၁ နှစ်ပြည့် ထုတ်ပြန်ကျေညာချက်ထဲတွင် ဖော်ပြထားသည်။ -