အဆိုပါတွေ့မှုနှင့်ပက်သက်၍ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်ကို ဆက်သွယ်မေးမြန်းရာ၌ မတ်လ(၁၆)ရက်နေ့ကတွေ့ဆုံမှုမှာ သာမန်တွေ့ဆုံမှုဖြစ်ပြီး ထူးခြားမှုတခုမှာ ယခု ရွေးကောက်ပွဲဥပဒေလဲထွက်လာပြီဖြစ်၍ မွန်ပြည်သစ်ပါတီအနေနှင့် ရွေးကောက်ပွဲဝင်လိုလျှင် (၂) လကာလ အတွင်း မှတ်ပုံတင် နိုင်ကြောင်း ဤကိစ္စကို မွန်ပြည်သစ်မှ ဆုံးဖြတ်စေလိုကြောင်းတိုက်တွန်းခဲ့သည်ဟုပြောပါ သည်။
ပြီးခဲ့သည့်ဗဟိုကော်မီတီအစည်းအဝေးပွဲတွင် မွန်ပြည်သစ်ပါတီအနေနှင့် ရွေးကောက်ပွဲဝင်ရောက်မည် မဟုတ်သလို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကိုလဲပြောင်းလဲသွားမည် မဟုတ်ဟု ဆုံးဖြတ်ချက်ချခဲ့ကြောင်း နိုင်ချေးမွန် မှပြောပါသည်။ မွန်ပြည်သစ်ပါတီ၏ရပ်တည်ချက်နှင့်ပက်သက်ပြီး ယခုလိုရှင်းပြခဲ့သည်။
“မွန်ပြည်သစ်ပါတီဟာ လက်နက်ကိုင်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့အတွက် အထွေထွေရွေးကောက်ပွဲဥပဒေ ကို လေ့လာတဲ့လူတွေရှိပါတယ်။
ရွေးကောက်ပွဲကိုတော့ဝင်မှာမဟုတ်ပါဘူး။ မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက် ကတော့နဂိုကအတိုင်းပါပဲ။ BGF ကိုလက်မခံတာရယ်၊ ရွေးကောက်ပွဲကိုဝင်မှာမဟုတ်ဘူး ဆိုတာရယ်၊ နောက်ပြီး တော့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ပြီးထိန်းသိမ်းသွားရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ကိုဖြစ်လာနိုင်အောင် ဆက်လက်ကြိုးပမ်း သွားမှာပါ။”
မွန်ပြည်သစ်ပါတီသည် (၁၉၉၅)ခုနှစ် ဇွန်လ(၂၉)ရက်နေ့တွင်စစ်အစိုးရနှင့်အပစ်အခတ်ရပ်ဆဲပြီး ငြိမ်းချမ်း ရေးရယူထားသည့် မွန်လက်နက်ကိုင်အဖွဲ့တခုဖြစ်ပါသည်။ တပ်၊ပါတီအင်အားအနေအထားအရ ယခုနှစ်ဆန်း ပိုင်းတွင်ဗဟိုဌာနချုပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ပေးပို့တဲ့စာရင်းအရ အင်အား(၃၅ဝဝ)ကျော်ရှိသည်ဟု သိရပါသည်။