နိုင်ငံတကာ လုပ်ငန်းစဉ် ပြန်သုံးသပ်ရန် အာရှအဖွဲ့ ပြော

နိုင်ငံတကာ လုပ်ငန်းစဉ် ပြန်သုံးသပ်ရန် အာရှအဖွဲ့ ပြော
ကျိုးကြောင်းဆီလျော်မှှုမရှိသည့် နိုင်ငံတကာ လုပ်ငန်းစဉ်များသည် လက်ရှိ ဖြစ်ပေါ်ဆဲ မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများအား ပိုမိုဆိုးဝါးစေနိုင်သဖြင့် ပြန်လည် သုံးသပ်ရန် ဝါရှင်တန်ဒီစီ အခြေစိုက် အာရှတိုက် လူ့အဖွဲ့အစည်း အထူးလုပ်ငန်းအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်က....

ကျိုးကြောင်းဆီလျော်မှှုမရှိသည့် နိုင်ငံတကာ လုပ်ငန်းစဉ်များသည် လက်ရှိ ဖြစ်ပေါ်ဆဲ မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများအား ပိုမိုဆိုးဝါးစေနိုင်သဖြင့် ပြန်လည် သုံးသပ်ရန် ဝါရှင်တန်ဒီစီ အခြေစိုက် အာရှတိုက် လူ့အဖွဲ့အစည်း အထူးလုပ်ငန်းအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ကာ ပြောဆိုသည်။

“ဒေသတွင်းနဲ့ နိုင်ငံတကာက အင်အားစုတွေရဲ့ ရှေ့နောက်မညီတဲ့ မူဝါဒတွေက အခြေအနေကို ပိုပြီး ဆိုးဝါးစေပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံတကာက ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်တွေ ရှာပြီး ပူးပေါင်းလုပ်ဆောင်ပြီးတော့ အပြောင်းလဲတွေကို ဖော်ဆောင်ဖို့ စတင်ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု အဆိုပါ Asia Society Task Force - ASTF အဖွဲ ့ဥက္ကဋ္ဌ Vishakha Desai က ပြောသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှှုများ ပြုလုပ်နိုင်ရေးအတွက် တွန်းအားများသည် ပြည်တွင်းတွင်သာ ရှိနေသည်ဟု  ASTF က အသိအမှတ်ပြု လက်ခံလိုက်ပြီး ပြည်ပ အင်အားစု များ၏ အရေးပါမှှုကို ငြင်းပယ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ မစ္စတာ အိုဘားမား၏ နေပြည်တော်အပေါ် ပြောင်းလဲထားရှိလာသည့် နိုင်ငံခြားရေး မူဝါဒကို ထောက်ခံသည့် ASTF ၏ ပူးတွဲသဘာပတိ Wesley Clark က မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှှု ရေစီးကြောင်း၏ အချက်အခြာ နိုင်ငံတခုဖြစ်သော်လည်း နိုင်ငံရေး အခြေအနေအရမူ ရွေ့လျားပြောင်းလဲခြင်း မရှိသေးကြောင်း ပြောကြားသည်။

အမေရိကန်အနေဖြင့် ပိတ်ဆို့တားဆီးမှှုများ အပြင်းအထန် ပြုလုပ်လျှင် မြန်မာနိုင်ငံအား အာဏာရှင်စနစ်မှ ဆွဲထုတ်ပြီး ကမ္ဘာနှင့် လိုက်လျောညီထွေ ဆက်ဆံလာရေး အတွက် လုပ်ဆောင်ပေးနိုင်မည့် အခွင့်အလမ်း ဆုံးရှုံးလိမ့်မည်ဟု မစ္စတာ  Wesley Clark က ဆိုသည်။

မြန်မာ့အနေအထားကို သုံးသပ်ရပါက ၂ဝဝ၇ သြဂုတ်လမှ စတင်၍ကြည့်လျှင် လူ့အခွင့်အရေး ငြင်းပယ်နေခြင်း၊ ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ မဟာဗျူဟာ အတွက် မြန်မာ့အနေအထားက အရေးပါလာခြင်း၊ မြန်မာနယ်စပ်များတွင် မတည်ငြိမ်သေးခြင်း၊ နေပြည်တော်နှင့် မြောက်ကိုရီးယားပြံုယမ်းကြားတွင် ဆက်ဆံရေးတရပ် ပေါ်ပေါက်လာခြင်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး မြန်မာ့အုပ်ချုပ်ပုံစနစ် ပြောင်းလဲလာနိုင်စရာ ရှိခြင်း စသည့် အခြေအနေများအား ထည့်သွင်းစဉ်းစားရပေမည်။

ထို့ကြောင့် အမေရိကန်အား မြန်မာနှင့် ဆက်ဆံရေး အခြေအနေ တိုးတက်လာစေမည့် လမ်းကြောင်းများ ဆက်ထိန်းထားခြင်း၊ အကူအညီပေးရေး လုပ်ငန်းစဉ်အချို့ ချမှတ်ခြင်း၊ ပြုပြင်ပြောင်းလဲရေးကို ဦးတည်စေမည့် စိးပွားရေး ဆောင်ရွက်ချက်များ တိုက်တွန်းခြင်း၊ မြန်မာ့အိမ်နီးချင်းနှင့် ကမ္ဘာ့နိုင်ငံများနှင့် ပူပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်လာပါက အကန့်အသတ်ဖြင့်သာ စီးပွားရေးပိတ်ဆို့ခြင်း စသဖြင့် မြန်မာနိုင်ငံအား အပြုသဘော ပြောင်းလဲရေးအတွက် မူဝါဒများ ချမှတ်သင့်သည်ဟု ASTF က ထောက်ပြပြောဆိုသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်တွင် ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့သည့် အထီးကျန် ပိတ်ဆို့ရေးမူဝါဒသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် အနည်းငယ်သာ အကျိုးသက်ရောက်ခဲ့ပြီး အာရှနိုင်ငံများ၏ ပျော့ပြောင်းလွန်းသော ချဉ်းကပ်မှှုသည်လည်း အလားတူစွာ အကျိုးသက်ရောက်မှှု အကန့်အသတ် ရှိနေ ပေသည်ဟု ပရောဂျက် ဒါရိုက်တာ Suzanne DiMaggio က ပြောသည်။ ၎င်းက ယခုလိုအပ်နေသည်မှာ သံတမန်ရေးရာအရ ပရိယာယ်ကြွယ်ဝ၍ မြန်မာနိုင်ငံနှင့်လည်း သင့်လျော်မည့် ဒေသတွင်းနှင့် နိုင်ငံတကာမှ ချဉ်းကပ်မှှုများပင် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ASTF အစီရင်ခံစာအား “မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေမှန်များနှင့် အနာဂတ် လားရာများ” ဟု အမည်တပ်ထားပြီး နိုင်ငံတကာ အင်အားစုများအတွက် မူဝါဒ လမ်းညွှန်မှှုများ ပေးထားသည်။

အစီရင်ခံစာအား ဝါရှင်တန်ရှိ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ထံ ယနေ့ ပေးအပ်တင်ပြမည် ဖြစ်သည်။