NGO များ ၀ နယ်မှ ထွက်ခွါပေးရန် နအဖဗျူဟာမှူး သတိပေး

NGO များ ၀ နယ်မှ ထွက်ခွါပေးရန် နအဖဗျူဟာမှူး သတိပေး
၀ နယ်မြေအတွင်းရှိ NGO အဖွဲ့များ ၂ ရက်အတွင်း ၀ နယ်မြေမှ ထွက်ခွာပေးရန် တန့်ယန်းဗျူဟာမှူးသတိပေးပြောကြား လိုက် သည်ဟု ပန်ဆန်းရှိ NGO ၀န်ထမ်းတဦးက...

၀ နယ်မြေအတွင်းရှိ NGO အဖွဲ့များ ၂ ရက်အတွင်း ၀ နယ်မြေမှ ထွက်ခွာပေးရန် တန့်ယန်းဗျူဟာမှူးသတိပေးပြောကြား လိုက် သည်ဟု ပန်ဆန်းရှိ NGO ၀န်ထမ်းတဦးက ပြောပါသည်။

“အထက်အရာရှိတွေက ၀န်ထမ်းတွေကို ၂ ပတ် ခွင့်ရက်ရှည်ပေးထားတယ်၊ မိမိနေရပ်ပြန်ကြပါလို့သာပြော တယ်။ ” - ဟု အမည် မဖေါ်လိုသည့် ၀န်ထမ်းတဦးက ပြောပါသည်။

မတ်ချ် ၂၃ ရက်နေ့၌  ပန်ဆန်းရှိ  NGO အဖွဲ့အစည်းများ ၀ နယ်မြေမှ ၂ ရက်အတွင်းအပြီး တိမ်းရှောင်ထွက် ခွါပေးရန်၊ တည်ငြိမ်အေးချမ်းမှ ပြန်သွားကြရန် တန့်ယန်းအခြေစိုက်  နအဖ စစ်ဗျူဟာမှူးကပြောကြောင်း - ဆိုပါသည်။

အမိန့်ထွက်လျှင်ထွက်ချင်း  NGO ၀န်ထမ်း အများအပြား မိမိနေရပ်သို့ပြန်သွားကြောင်း၊ ယနေ့လည်းထပ်ပြန် နေကြ ကြောင်း NGO အသိုင်းအဝိုင်းက ပြောပါသည်။

“NGO ၀န်ထမ်းတွေကို ပြန်ခိုင်းတာ တိုက်ပွဲစဖို့ အချက်ပြတာတော့မဟုတ်ပါဘူး၊ ပန်ဆန်းမြို့လယ် တောင်ကုန်း မှာ  ဗမာစစ်တပ်တွေကလဲ ရှိနေသေးတယ်။ စစ်ရေး ထူးထူး ခြားခြား ပြင်ဆင်တာတော့ မတွေ့ရဘူး၊ လူထုက တော့နည်းနည်း ထိပ်လန့်နေတာပေါ့” - ဟု ပန်ဆန်းမြို့ခံတဦးကပြောပါသည်။

ယခုကဲ့သို့ NGO ၀န်ထမ်းများ မိမိနေရပ်ပြန်နေကြသည်မှာ ၀ နယ် အထူးဒေသ ၂ တခုတည်းမဟုတ်ကြောင်း၊ အထူးဒေသ ၄ မိုင်းလားနယ်မှလည်း ခွင့် ၂ ပတ် ပေးပြီး ပြန်ခိုင်းကြကြောင်းလည်း ၀န်ထမ်းတဦးကပြောပါသည်။

၀ နှင့် မိုင်းလား နယ်မြေအတွင်း NGO အဖွဲ့အစည်းများမှာ World Food Program (WFP), Care Myanmar, AMI, WHHGAA, Food and Agriculture Organization (FAO) and Health Unlimited (HU) from China စသည်များရှိသည် ဟုသိရ ပါသည်။

သျှမ်းပြည်အရှေ့ပိုင်း စစ်ရေးသုံးသပ်သူတဦးက - ၀ နယ်မြေအတွင်း ၀န်ထမ်းများ နေရပ်ပြန်ခိုင်းခြင်းသည် ၀ တပ်ဖွဲ့အား နအဖ က စစ်ရေးအရ တိုက်ပွဲဆင်နွဲတော့မည့် သဏ္ဍာန် ဖန်တီးခြိမ်းခြောက်ခြင်းလည်းဖြစ်နိုင်သည် ဟုပြော၏။

ထိုအတူ မြောက်ပိုင်း ၀ နယ် သံလွင်မြစ်အနောက်ဘက်ကမ်း သံလွင်ကူးတို့ဆိပ် ရ နေရာရှိ နအဖ တပ်စခန်း များအား ဌာနေပြည်သူ့စစ်တပ်ဖွဲ့များဆင့်ခေါ်ပြီး လုံခြံုရေး အကူလုပ်ပေးခိုင်းကြောင်း၊ လားရှိုးမြောက်ဘက် တလွှားရှိ ဗိုလ်မွန်း မန်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့က တာ့ဆိုင်းလျဲန်ကူးတို့ဆိပ် တာဝန်ယူပေးရကြောင်း အဆိုပါ အသိုင်း အဝိုင်းက ပြော ပါသည်။

နအဖ စစ်တပ်သည် (သျှမ်းပြည်အတွင်း အခြေစိုက်သည့် ခမရ/ခလရတပ်ရင်း စုစုပေါင်း ၁၅၀ ရင်းကျော်၊ သံချပ် ကာ၊ အမြောက်တပ်၊ လေတပ်၊ ဆေးတပ်နှင့် အခြားသော တပ်များမပါသေးပါ) ကိုးကန့်အရေးအခင်း တတည်း က တက် ရောက် နေရာယူထားသည့် တပ်မ ၃၃၊ ၉၉ ၊ ၅၅ နှင့် မတ်လဆန်းပိုင်းက တက်လာသည့် တပ် ရ၇ ‘၀’ နယ်ခြားတလျှောက် တက်ရောက်နေရာယူထားကြသည်ဟု - စစ်ရေးလေ့လာသည့် လားရှိုးမြို့ခံတဦးကပြောပါ သည်။

Most read this week