မြန်မာ့ ကွမ်းသီးများ မှောင်ခို ၀င်ရောက် နေမူကြောင့် ဒေသ ကွမ်းသီးများ ဘင်္ဂလာတွင် စျေးကျ

မြန်မာ့ ကွမ်းသီးများ မှောင်ခို ၀င်ရောက် နေမူကြောင့် ဒေသ ကွမ်းသီးများ ဘင်္ဂလာတွင် စျေးကျ
by -
ကျော်နိုင်
မြန်မာနိုင်ငံမှ ကွမ်းသီးများ တက်ကနက်မြိုကမှ တဆင့် ဘင်္ဂလာဒေချ့်သို့ အလုံး အရင်းဖြင့် မှောင်ခို ၀င်ရောက် နေမူကြောင့်် ဒေသအတွင်း ကွမ်းသီးများ စျေးကျ နေကြောင်း...

မြန်မာနိုင်ငံမှ ကွမ်းသီးများ တက်ကနက်မြိုကမှ တဆင့် ဘင်္ဂလာဒေချ့်သို့ အလုံး အရင်းဖြင့် မှောင်ခို ၀င်ရောက် နေမူကြောင့်် ဒေသအတွင်း ကွမ်းသီးများ စျေးကျနေကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ မြန်မာ့ ကွမ်းသီးများ ၀င်ရောက်နေမူကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က ကွမ်းသီး စျေးနှံုးမှာ တဖေါင် (၆၄၀၀) လုံးကို တာကာငွေ ၁၄၀၀ နှင့် ၁၇၀၀ ထိရှိနေရာမှ ယခုအခါ ကော့ဘဇားခရိုင် အတွင်း ကွမ်သီးစျေးနှံုးမှာ တဖေါင်ကို တာကာ ၉၅၀ မှ ၁၁၀၀ စျေးကျဆင်းသွားခဲ့သည်။

မြန်မာ့ကွမ်းသီးများကို စျေးပေါပေါဖြင့် ရရှိသဖြင့် ကွမ်းသီး စီးပွါးရေး သမားများ မနေဖြင့် စစ်တကောင်းနှင့် ဒက္ကားဘက်သို့လည်း တင်ပို့နေကြသည်ဟု သိရသည်။ မြန်မာကွမ်သီးများ ၀င်ရောက်နေမူကြောင့် ဘင်္ဂလာဒေချ့် ကွမ်းသီး လုပ်ငန်းရှင်များ အခက်ကြံုနေပုံကို ကွမ်းသီး စီးပွားရေး သမား တဦးက ယခုကဲ့သို့ ပြောသည်။

” မြန်မာက လာတဲ့ ကွမ်းသီးက အလုံးငယ်ပီး ကျစ်တယ်။ ပိုးထိုး ပိုးဖေါက်မပါဘူး။ စျေးကလည်း ဘင်္ဂလာစျေးနဲ့ စာရင် အရမ်းနှိမ့်တယ်။ ဒါကြောင့် မြန်မာ ကွမ်းသီးတွေ အလုံးအရင်းနဲ့ ၀င်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၀ယ်ယူထားတဲ့ ဒေသအတွင်းက ကွမ်းသီးတွေကို လှောင်ထားပီးတော့ မိုးတွင်းမှ ထုတ်ရောင်း နိုင်တော့မှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံ ၀င်ရောက်နေသော မည်သည့် ပစ္စည်း မဆို စျေးနှိမ့်နှိမ်ဖြင့် ဘင်္ဂလာသို့ ၀င်ရောက်နေပြီး ထိုအထဲတွင် ကွမ်းသီးသာမက ဆန်စပါး၊ ငါး၊ သစ်အမျိုးမျိုး၊ ကျွဲနွား၊ သံဆိုး သံစများနှင့် တခြား ကုန်ပစ္စည်းများ ၀င်ရောက်နေသည်။

Most read this week