ယခုလအတွင်း ဝမ်းပျက်၊ ဝမ်းလျောရောဂါ ဖြစ်ပွားမှုများ

ယခုလအတွင်း ဝမ်းပျက်၊ ဝမ်းလျောရောဂါ ဖြစ်ပွားမှုများ
by -
ဂျူရ႘ဆာဲ
မ ွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ ယခုအတွင်း ဝမ်းပျက်၊ ဝမ်းလျောရောဂါ ဖြစ်ပွားမှု များပြားနေကြောင်း...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ ယခုအတွင်း ဝမ်းပျက်၊ ဝမ်းလျောရောဂါ ဖြစ်ပွားမှု များပြားနေကြောင်း ဒေသခံတို့က ပြောသည်။

အထူးသဖြင့် မော်လမြိုင်မြို့နယ်၊ ဘီလူးကျွန်းဒေသ၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်ဘက်မှာ ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ တချို့မြို့ ကျေးရွာတွေမှာ ယခုလို ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ပွားသူများလာနေခြင်းကြောင့်် သက်ဆိုင်ရာ ဆရာဝန်/ ဆရာမတို့မှ ပညာပေးဟောပြောပွဲများ လုပ်ရသည်အထိရှိ ဖြစ်ပွားမှုများနေသည်။

“မော်လမြိုင် ခလေးဆေးရုံမှာဆိုရင် (အမေရိကန်ဆေးရုံ) ခလေးတွေ တော်တော်များတယ်၊ ကုတင်တွေတောင် မဆန့်တော့တဲ့အခြေအနေပါ၊ သေတာတော့ ကျမမတွေ့ခဲ့ဘူး၊ ခလေးတွေမှာ အဖြစ်များတယ််” ဟု မော်လမြိုင် ကလေးဆေးရုံးမှာ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ထိုဝမ်းပျက်၊ ဝမ်းလျောရောဂါသည် ကလေးများမှာသာ အဖြစ်များပြီး၊ လူကြီးတွေမှာ တစ်ယောက်စ နှစ်ယောက်စသာဖြစ်လေ့ရှိသည်။ ထိုရောဂါခံစားရသူများသည် အော့အန်ပြီး ဝမ်းသွားသလိုမျိုးဖြစ်သည်ဟု ၄င်းက ပြောသည်။

ယခုလို နွေရာသီဝင်လာသည့်အချိန်မှာ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်တက်လေ့ရှိသောကြောင့် တချို့မြို့တွေ၊ ကျေးရွာတွေမှာ သက်ဆိုင်ရာ မယက၊ ရယကတို့မှာ အအေးဆိုင်များ၊ အသုပ်ဆိုင်များ၊ ကြံရည်အရောင်းဆိုင်များ မရောင်းချရန် တားဆီးပိတ်ပင်ထားသည်။

“ကျနော်တို့မြို့ပေါ်မှာဆိုရင် သားဖွားဆရာမတွေ တရပ်ကွက်ပြီး တရပ်ကွက် သွားပြီးတော့ ရေကို ကျိုချက်သောက်ရမယ်ဆိုတော့ လိုက်လံပြောဆိုနေတယ်၊ ပြီးတော့ ယခုအဖြစ်များနေတဲ့ ဝမ်းရောဂါနဲ့ပတ်သက်တာတွေကို ဟောပြောတယ်၊ အစားအစာတွေကိုလည်း သတိထား စားရမယ်ဆိုတာကိုရယ်၊ ဖြစ်လာရင် ဘယ်လိုလုပ်ရ မှာလည်း ဝမ်းသွားရင် ဘာသောက်ရမှာလည်းဆိုတာကို ပညာပေးသလို လိုက်ဟောပြောတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ရတာဟာ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိခြင်းကြောင့်နှင့် အစားအစာတွေကြောင့် ဖြစ်လာနိုင်သည်ဟု ၄င်းက ဆက်ပြောသည်။

ထိုမျှမက ချောင်းဆုံမြို့နယ်အတွင်းမှာလည်း ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားသူ အများအပြားရှိကြောင်း တချို့ဆိုလျှင် ဆေးရုံရောက်ရသည်အထိရှိပြီး တချို့မှာ အိမ်မှာသာ ဆေးသောက် ဆေးကုပြီး ပျောက်သွားသည်လည်းရှိသည်။ သို့သော် အသေအပျောက်ရှိ မရှိကိုသာ မသိရကြောင်း ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။ ထိုရောဂါဖြစ်ပွားရခြင်းမှာ ရာသီဥတုကြောင့်နှင့် အစားအစာကြောင့်ဟု သူက ပြောသည်။