ရေပြင်ပိုင်နက် အငြင်းပွားမှု ဆွေးနွေးရန် ဘင်္ဂလာအဖွဲ့ ထွက်ခွာ

ရေပြင်ပိုင်နက် အငြင်းပွားမှု ဆွေးနွေးရန် ဘင်္ဂလာအဖွဲ့ ထွက်ခွာ
by -
မင်းဆက်ခိုင်
အငြင်းပွားနေသော မြန်မာ-ဘင်္ဂလာ ရေပြင်ပိုင်နက် ကိစ္စကို ဆွေးနွေးရန် ဘင်္ဂလာဒေ့ချ်ဘက်မှ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့သည် ယမန်နေ့က မြန်မာနိုင်ငံသို့...

အငြင်းပွားနေသော မြန်မာ-ဘင်္ဂလာ ရေပြင်ပိုင်နက် ကိစ္စကို ဆွေးနွေးရန် ဘင်္ဂလာဒေ့ချ်ဘက်မှ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့သည် ယမန်နေ့က မြန်မာနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆွေးနွေးမှုကို မတ်လ ၁၇ ရက်နေ့မှ ၁၈ရက်နေ့အထိ ၂ရက်တာ နေပြည်တော်တွင် ပြုလုပ်မည် ဖြစ်သည်။

မြန်မာသို့ ထွက်ခွာသွားသော ဘင်္ဂလာ ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေး အတွင်းဝန် Md Khurshid Alam ဦးဆောင်သည်ဟု ဘင်္ဂလာဒေချ့် တာဝန်ရှိသူများက ပြောသည်။

ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ဦးဆောင်မည်ဖြစ်သည်။

ယခုနှစ် ဇန္နဝါရီလ ၈ ရက်- ၉ရက် နေ့ကလည်း ဘင်္ဂလာဒေ့ချ်နိုင်ငံ စစ်တကောင်းမြို့တွင် မြန်မာ နိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့နှင့် ဘင်္ဂလာဘက်မှ နိုင်ငံခြားရေးအတွင်းဝန် Md Khurshid Alam ဦးဆောင်သော အဖွဲ့တို့ ရေပြင်ပိုင်နက် အငြင်းပွားမူကို ဆွေးနွေးခဲ့ကြသည်။

ပင်လယ်ရေပြင်ပိုက်နက် သတ်မှတ်ရေးတွင် နှစ်ဘက် နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီခဲ့ကြသည်ဟု Md Khurshid Alam ထုတ်ဖေါ်ပြောကြားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြား ရေပြင်ပိုင်နက် သတ်မှတ်ရေးကို ၂၂ နှစ်ကြာ ရပ်နား ထားခဲ့ပြီးနောက် ယမန်နှစ်ကမှ ပြန််လည် စတင်နိုင်ခဲ့သည်။

ယခုလာမည့် ဆွေးနွေးပွဲမှာ ငါးကြိမ်မြောက် ဖြစ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ဘင်္ဂလာဒေချ့် နိုင်ငံမှ မြန်မာနှင့် အိန္ဒိယတို့သည် သူ့နိုင်ငံပိုင် ရေပြင်ပိုင်နက်များကို လူယူထားကြောင်း ကုလ သမဂ္ဂသို့ တိုင်ကြားပြီး နောက်ပိုင်း ပေါ်ထွက်လာသော ဆွေးနွေးပွဲများ ဖြစ်သည်။

ဘင်္ဂလာဒေချ့် နိုင်ငံမှ သူ့နိုင်ငံပိုင် ရေပြင် အကွက် အမှတ် ၂၇ ခုမှ ၁၈ ခုကို မြန်မာနှင့် အိန္ဒိယတို့မှ ပိုင်ဆိုင်ကြောင်း တရားမဝင် တောင်းဆို နေကြောင်း စွပ်စွဲ ပြောကြားထားသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံတို့သည် ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် ၂၀၀၈ ခုနှစ် နို်ဝင်္ဘာလက နှစ်ဘက် စစ်သင်္ဘောများကို အငြင်းပွားရာ ရေပြင် ပိုင်နက် အထိ စေလွှတ်ခဲ့ရသော အခြေအနေသို့ ထိ ရောက်ရှှိခဲ့ရသည်။

Most read this week