ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ အသိအမှတ် ပြုထားသော ယနေ့ ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ အမျိုးသမီးအဖွဲ့ ၄ ဖွဲ့ပူးပေါင်း၍ တရုတ်နယ်စပ်တွင် ယနေ့ နေ့လည်ပိုင်းက အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို သျှမ်းပြည် (မြောက်ပိုင်း) မှ ပလောင်အမျိုးသမီးအဖွဲ့ PWO က ဦးဆောင် ကျင်းပခဲ့ပြီး ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ အမျိုးသမီးအသင်း (KIWA) ၊ ထိုင်းအခြေဆိုက် ကချင်အမျိုးသမီးအသင်း ( KWAT) နှင့်တရုတ်နယ် စပ်ရှိ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က ပူးပေါင်းပါ၀င်ခဲ့သည်။
နှစ်ပေါင်း ၉၀ ထိတိုင် တန်းတူရေး ငြိမ်းချမ်းရေး တရားမျှတရေးနှင့် ဖွ့ံဖြိုးရေးတိုးတက်ရေး အတွက် ကြိုးပမ်းခဲ့ သည့် အမျိုးသမီးများ အတွက် တက်ရောက်လာသူ အမျိုးသမီး အမျိုးသား ၄၀ ကျော်က ကိုးကွယ်ရာ ဘာသာ အလိုက် ငြိမ်သက် ဆုတောင်းခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
“ကျမတို့ အမျိုးသမီးတွေအတွက် စွန့်လွတ်ပေးတဲ့ သူရဲကောင်းအမျိုးသမီးတွေ ကျဆုံးသွားတဲ့ အမျိုးသမီးတွေကို အသိ အမှတ်ပြုတဲ့အနေနဲ့ ဆက်ပြီးတော့ အမျိုးသမီးတွေ အသက်ရှည်အောင် ကျန်းမာအောင် သက်ဆိုင်ရာ ဘာသာအလိုက် ၃ မိနစ်ငြိမ်ပြီး ဆုတောင်းကြစို့ ” လို့ ၎င်းအခမ်းအနား စတင်ချိန်တွင် ပလောင် အမျိုးသမီး အဖွဲ့ဝင်တစ်ဦးကပြောကြားသည်။
ထို့အပြင် မြန်မာနိူင်ငံတွင်း၌ နအဖစစ်တပ်၏ ဖိနိပ်မှုခံနေရသည့် အမျိုးသမီးများ အကြောင်း တက်ရောက်သူများ က ဆက်လက် ဆွေးနွေးကြပြီး နိုင်ငံတကာအမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ စောစော က ပလောင် အမျိုးသမီး အဖွဲ့ဝင်တစ်ဦးက အကျယ်တဝင့် ရှင်းပြခဲ့သည်။
“ ဒီကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ကြိုးပမ်းမှုကြောင့် အမျိုးသမီးများနေ့ဆိုတာပေါ်ပေါက်လာ ရတယ် ကုလသ မဂ္ဂက အသိအမှတ်ပြုထားပြီး နိုင်ငံတော်တော်များများက အလုပ်အားလပ်ရက် သတ်မှတ်ထားကြတယ် ဒီနေ့မှာ ဆိုရင်အမျိုးသမီး တွေ လူမျိုးဘာသာ မခွဲခြားပဲ သွေးစည်းညီညွတ်မှုကို ပြသပြီး စီးပွားရေး လူမှုရေး မခွဲခြားပဲ အခမ်းအနားကျင်းပကြ တာပေါ့နော် ” လို့ သူက ဆိုသည်။
ကမ္ဘာပေါ်ရှိ အမျိုးသမီးများက ၁ဂ၅ရ ခုနှစ်မှစတင်၍ အခွင့်အရေး အတွက် ရုန်းကန်ခဲ့ရာ ၁၉ရ၅ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့က မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် အသိအမှတ်ပြုခဲ့သည်။
နိုင်ငံတကာ အမျိုးသမီးများနေ့ကို တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာတွင် အားလပ်ရက်အဖြစ် သတ်မှတ်ထား သော်လည်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခွင့်မရှိကြောင်း သိရသည်။
နအဖစစ်အစိုးရက အမျိုးသမီးအခွင့်အရေးကာကွယ်သည့် နိုင်ငံတကာဥပဒေဖြစ်သည့် စီဒေါ်စာချုပ်ကို လက်မှတ် ထိုးထားပြီး နိုင်ငံအဝှန်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကျယ်ပြန့်စွာ ကျူးလွန်နေကြောင်းအမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ယနေ့တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။