မြန်မာ ၂၁ ဥိီးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာ ၂၁ ဥိီးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ
by -
ဖနိဒါ
မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က ပြန်ပေးဆွဲသွားကြောင်း စင်္ကာပူအခြေစိုက် သင်္ဘောလိုင်းက ပြော ...

ချင်းမိုင်(မဇ္ဈိမ) ။     ။ မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က ပြန်ပေးဆွဲသွားကြောင်း စင်္ကာပူအခြေစိုက် သင်္ဘောလိုင်းက ပြောသည်။

အာဖရိကတောင်ပိုင်း မာတာဂါစကား ကျွန်းအနီး၌ ယခုလ ၅ ရက်နေ့တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း မြန်မာသင်္ဘောသားများကို UTB Ocean နှင့်လိုက်ပါစေရန် စီစဉ်ပေးခဲ့သည့် စင်္ကာပူ အခြေစိုက်  Nautic Tank ကုမ္ပဏီက ပြောသည်။

“ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ဖြစ်တာပါ။ ကျနော်တို့ တခြားနောက်ဆက်တွဲသတင်း ဘာမှ မရ သေးပါဘူး။ ညှိနှိုင်းဆွေးနွေးဖို့ ကျနော်တို့လည်း ဆက်သွယ်မရသေးပါဘူး” ဟု ကုမ္ပဏီ ပြောခွင့်ရှိသူ Edward Ion က မဇ္စျိမကို ပြောသည်။

ကုမ္ပဏီအနေဖြင့် အဆိုပါ သင်္ဘောသားများ၏ မိသားစုများနှင့် အဆက်အသွယ်ရထားပြီဖြစ်ပြီး၊ သင်္ဘောနှင့် သင်္ဘောသားများ ပြန်လွတ်လာရန် ကြိုးစား ဆောင်ရွက်နေသည်ဟု ဆိုသည်။

ယင်းသင်္ဘောသည် အရှေ့အလယ်ပိုင်းရှိ အာရပ်စော်ဘွားများနိုင်ငံ UAE မှ အာဖရိကတောင်ပိုင်းရှိ တန်ဇေးနီးယားနိုင်ငံသို့အသွား ပြီးခဲ့သည့် သောကြာနေ့မနက်ပိုင်းက ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ဆိုမားလီးယားပင်လယ်လုံခြံုရေး စောင့်ကျပ်နေသော ဥရောပသမဂ္ဂ၏ “EU NAVFOR Somalia” ရေတပ် ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။

ယခင်နှစ် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း စင်္ကာပူကုမ္ပဏီပိုင် PIL (Pacific International Line) ကုန်တင်သင်္ဘောနှင့်အတူ မြန်မာနိုင်ငံသား အင်ဂျင်နီယာတဦး ဆိုမာလီနိုင်ငံအနီး Aden ပင်လယ် ကွေ့ထဲတွင် ပြန်ပေးဆွဲခံခဲ့ရကာ ယခင်လ ၂၈ ရက်နေ့က ပြန်လွတ်မြောက်ခဲ့သည်။

၂၀၀၈ ခု စက်တင်ဘာလတွင်လည်း တောင်ကိုရီးယားကုမ္ပဏီပိုင် MV. Bright Ruby သင်္ဘောကို ပြန် ပေးဆွဲရာတွင် မြန်မာသင်္ဘောသား ၁၄ ဦး ပါဝင်ခဲ့ပြီး နောက်ပိုင်း၌ ပြန်လွတ်မြောက်ခဲ့သည်။

ထိုသဘောင်္တွင် ဓါတုပစ္စည်းများ၊ ရေနံထွက်ပစ္စည်းနှင့် ဟင်းရွက်ဆီတို့ တင်ဆောင်ထားကြောင်း သိရသည်။