ဒေါ်စုအမှု အယူခံပယ်ခံရခြင်းအပေါ် တရားမျှတမှုမရှိဟု မွန်အမျိုးသား ဒီမိုကရေစီပြော

ဒေါ်စုအမှု အယူခံပယ်ခံရခြင်းအပေါ် တရားမျှတမှုမရှိဟု မွန်အမျိုးသား ဒီမိုကရေစီပြော
နေအိမ် အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အမှု  ပြစ်ဒဏ်ပြင်ဆင်မှု တင်သွင်းထားခြင်းအပေါ် ဗဟိုတရားရုံးချုပ်က ယနေ့ ပယ်ချလိုက်ခြင်းသည် တရားမျှတမှုမရှိဟု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က ပြော ...

နေအိမ် အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အမှု  ပြစ်ဒဏ်ပြင်ဆင်မှု တင်သွင်းထားခြင်းအပေါ် ဗဟိုတရားရုံးချုပ်က ယနေ့ ပယ်ချလိုက်ခြင်းသည် တရားမျှတမှုမရှိဟု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က ပြောသည်။

၂၀၀၉ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံသားတစ်ဦး အိမ်ထဲဝင်ရောက်ခြင်းကြောင့် ဒေါ်စုအား နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးထားခြင်းအပေါ် အယူခံဝင်ထားသည်ကို ယနေ့ ပယ်ချခံလိုက်ရသည်။

“ဗဟိုတရားရုံးချုပ်ကနေ ဒီနေ့ ဒေါ်စုအမှု အယူခံဝင်တာကို ပယ်ချလိုက်တဲ့အပေါ်မှာ တရားမျှတမှု မရှိဘူးလို့ မြင်ပါတယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

မည်သို့ပင် ဖြစ်စေ ဒေါ်စုအား နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေး နိုင်မည်မဟုတ်ကြောင်း နိုင်ငွေသိန်းက ဆက်လက်ပြောကြားသည်။

“ဘာပဲပြောပြော ခေါင်းဆောင်တစ်ယောက်အနေနဲ့ လွှတ်ပေးသင့်ပါတယ်၊ အခုလို အယူခံဝင်တာကို ပယ်လိုက်တာဟာ တရားမျှတမှု လုံးဝမရှိဘူး” ဟု ရှေ့နေတစ်ဦးဖြစ်သည့် ဦးစောကျော်ကျော်လင်းက ပြောသည်။

၁၉၇၄ ဖွဲ့စည်းပုံဥပဒေ ပျက်ပြယ်ပြီးဖြစ်၍ ထိုအခြေခံဥပဒေအပေါ် မူတည်ပြီး ဒေါ်စုအမှုအပေါ် တရားစီရင်ခြင်းမှာ လျော်ကန်မှုမရှိကြောင်း ဒေါ်စု၏ ရှေ့နေများက ပြောသည်။

Most read this week