မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီတို့ သမိုင်းဝင် ကျိုက်ထီးရိုးဘုရားသို့ လေ့လာရေး ခရီးထွက်

မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီတို့ သမိုင်းဝင် ကျိုက်ထီးရိုးဘုရားသို့ လေ့လာရေး ခရီးထွက်
၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဦးဆောင်မှုဖြင့် မွန်လူငယ်များ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးဆံတော်ရှင်သို့  မော်လမြိုင်မြို့မှ လေ့လာရေးခရီးအဖြစ် ခရီးထွက်ခဲ့ကြောင်း...

၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဦးဆောင်မှုဖြင့် မွန်လူငယ်များ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးဆံတော်ရှင်သို့  မော်လမြိုင်မြို့မှ လေ့လာရေးခရီးအဖြစ် ခရီးထွက်ခဲ့ကြောင်း သိရသည်။

၄င်းလေ့လာရေးခရီးတွင် မွန်လူငယ် ၁၀၀၀ နီးပါးခန့် လိုက်ပါသွားကြီးပြီး၊ ကျိုက်ထီးရိုးဆံတော်ရှင်တွင် ဆီမီး ၆၃၀၀ ထွန်းညှိပူဇော်မည်ဟု သိရပါသည်။ ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားမှ အပြန်တွင် ဘီးလင်းမြို့နယ်ရှိ ကျိုက်ထီးဆောင်းဘုရားသို့ ဝင်ရောက် ဖူးမြော်မည် ဖြစ်သည်။

မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဌမှ လေ့လာရေးခရီးတွင် မွန်တိုင်းရင်းသားဝတ်စုံဖြင့် ဝတ်ဆင်သွားကြသည့်အတွက် ဝမ်းမြောက်ပျော်ရွင်ကြောင်း ဆိုပါသည်။

လေ့လာရေးခရီ လိုက်ပါသူများတွင် မွန်အမျိုးသမီးဦးရေ များကြောင်း၊ ကော်မတီမှ ဂုဏ်ပြုခံရသူများမှာလည်း အမျိုးသမီးများသည့်အတွက် လာမည့် အနာဂတ်တွင် အမျိုးသားရေးလှုပ်ရှားမှုတွင် မွန်အမျိုးသမီးများ ပါဝင်နိုင်မည်ဟု မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီမှ ဒုဥက္ကဌက ပြောသည်။

ယခုလိုမျိုး မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီတို့မှ မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားများရှိရာသို့ နှစ်စဉ်နှစ်တိုင်း လေ့လာရေးခရီးအဖြစ် ခရီးထွက်ကြသည်။

ယမန်နှစ်ကလည်း လမိုင်းမြို့ရှိ သမိုင်းဝင်စေတီတော်သို့ လူအင်အား ထောင်နှင့်ချီပြီး လေ့လာရေးခရီး ထွက်ခဲ့ကြသည်။

လေ့လာရေးခရီးထွက်ရာတွင် အဓိကအားဖြင့် မွန်လူငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးမှုများရှိကြပြီး၊ နောင်လာနောက်သား အနာဂတ်မွန်လူငယ်များ ယခုလို မွန်တို့၏ သမိုင်းဝင်ဘုရားများရှိရာသို့ သွားရောက်လေ့လာနိုင်လိမ့်မည်ဖြစ်သည်။

Most read this week