ကိုးကန့်မြို့တော်၌ ဗုံးဆက်တိုက်ပေါက် လူထု သေကြေဒဏ်ရာရ

ကိုးကန့်မြို့တော်၌ ဗုံးဆက်တိုက်ပေါက် လူထု သေကြေဒဏ်ရာရ
တနင်္လာနေ့မနက်ပိုင်း ကိုးကန့်ဒေသ မြို့တော်လောက်ကိုင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူတယောက်သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရသည်ဟု စုံစမ်း...

တနင်္လာနေ့မနက်ပိုင်း ကိုးကန့်ဒေသ မြို့တော်လောက်ကိုင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူတယောက်သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရသည်ဟု စုံစမ်း သိရှိရပါသည်။

“မနေ့က မနက်ပိုင်း ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့်ပေါက်တယ်။ လူယောက်သေဆုံးတယ်။ ရပ်ကွက် (၁) ဥက္ကဌ လဲ ဒဏ်ရာရတဲ့ အထဲပါတယ်” - ဟု လောက်ကိုင် ဒေသခံတဦးကပြော၏။

ဖေဖေါ်ဝါရီ ၁၅ ရက် မနက်ပိုင်း ၀၈းဝဝ နှင့်  ၀၈း၃၀ နာရီ ကြား လောက်ကိုင်းမြို့ တုံချိန်ပန်းခြံ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးပြတိုက်ဝင်းအတွင်း ဗုံးနှစ်လုံးဆက်တိုက် ပေါက်ကွဲခဲ့ရာ တယောက် သေဆုံးပြီး နှစ်ယောက်ဒဏ်ရာအပြင်းအထန် ရရှိကြောင်း၊ အခြား ၉ ယောက်လည်း ဒဏ်ရာ အနည်းအကျဉ်းစီရကြောင်း ဒေခံများ ပြောကြားချက် အရ သိရပါသည်။

“တရုတ်နှစ်သစ်ကူးပွဲဖျက်ဖို့ ဖုန် (ဖုန်ကြားရှင်း) အဖွဲ့လက်ချက်လို့ နအဖ ကသတင်းလွှင့်နေတယ်။ ကျနော့်အထင် ကတော့ ဖုန်ကြားရှင်းလုပ်မှာမဟုတ်ဘူး။ သူလဲ ကိုးကန့်တရုတ်ဘဲ။ လုပ်ကြံသတင်းဘဲနေမှာပါ” - ဟု ဒေသခံ နောက်တဦးကပြောပြ၏။

လောက်ကိုင်မြို့ တုံချိန်ပန်းခြံရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပြတိုက်

တရုတ်မျိုးနွယ်များ နှစ်သစ်ပွဲတော် မြတ်နိုးတန်ဖိုးထားသကဲ့သို့ ဖုန်မိသားစုများလည်း မြတ်နိုးတန်ဖိုးထားမှာဖြစ် ကြောင်း၊ ဖုန် ထောက်ခံသည့်အဖွဲ့၏ လက်ချက် မဖြစ်နိုင်ကြောင်းပြော၏။  စစ်အစိုးရ ထိန်းချုပ်တဲ့ ရန်ကုန်၊ ပျဉ်း မနားမြို့တွင်ပင် ဗုံးပေါက်ကွဲကြောင်း၊ ထူးခြားသည်မှာ ကိုးကန့်ဒေသ နအဖစစ်တပ် ၀င်ရောက် ချုပ်ကိုင်ချိန်မှစ၍ ယခုကဲ့သို့မကြာခဏ ဗုံးပေါက်ကွဲမှုရှိလာကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြပါသည်။

နအဖ စစ်တပ်အင်အားသုံးပြီး ဖုန်မိသားစုနှင့် ထောက်ခံအဖွဲ့များ ဖယ်ရှားခံရပြီး နောက်ပိုင်း၊ နအဖစစ်တပ်နယ်ချဲ့ ၀င်လာသည့် နေ့ကိုမမေ့လျော့ရန်၊ ထိုနေ့ရက် ရောက်တိုင်း အထိမ်းအမှတ်အဖြစ် တခုခုလုပ်ကာအ သိပေးသွားမည်ဖြစ် ကြောင်း  ဖုန်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြဖူး၏။

နအဖ စစ်တပ်က ခေါင်းဆောင်ဖုန်ကြားရှင်းကို ဖယ်ရှားလိုက်ပြီး ပိုင်ဆုံချိန်အား ကိုးကန့်ဒေသ အုပ်ချုပ်ရေးယာယီ ကော်မတီ ဥက္ကဌ အဖြစ်ခန့်အပ် ဖွဲ့စည်း ပေးလိုက် သည်။  ပိုင်ဆုံချိန် ဦးဆောင်သည့် လက်ကျန်ကိုးကန့် တပ်ဖွဲ့ ကိုလည်း ဗမာ့တပ်မတော်လက်အောက်ခံ တပ်ရင်းအမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်ရင်းအဖြစ် ဒီဇင်ဘာ လဆန်းပိုင်းကဖွဲ့စည်း ပေးခဲ့သည်။

Most read this week