ကုလအထူးသံ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ

ကုလအထူးသံ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ
by -
စိုင်းဇွမ်ဆိုင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ သောမတ်စ် ကွင်တားနားသည် ယနေ့နံနက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီဟု ရန်ကုန် ကုလသမဂ္ဂရုံးမှ အတည်ပြု...

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ သောမတ်စ် ကွင်တားနားသည် ယနေ့နံနက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီဟု ရန်ကုန် ကုလသမဂ္ဂရုံးမှ အတည်ပြု ပြောကြားခဲ့သည်။

မစ္စတာ ကွင်တားနားသည် ယနေ့နံနက် ၉ နာရီတွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန် ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူအချို့က သွားရောက် ကြိုဆိုခဲ့ကြသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ရန်ကုန်မြို့ရှိ UNDP ရုံးတွင် ကုလသမဂ္ဂဝန်ထမ်းများနှင့် လတ်တလော တွေ့ဆုံဆွေးနွေးနေကြောင်း ကုလသမဂ္ဂရုံး၊ ပြန်ကြားရေးဌာနမှ မဇ္စျိမကို ပြောသည်။

မစ္စတာကွင်တားနား၏ ခရီးစဉ်သည် ၁၉ ရက်နေ့အထိဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်လိုကြောင်း ပြောဆိုထားသည်။