လုပ်ခကြေးငွေ တိုးမြှင့်တောင်းဆိုသည့် ထိုင်သပိတ်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒခြင်းထပ်၍ ကူးစက်လာမည်ကို စိုးရိမ်နေသည့် စက်ရုံအချို့က ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း စက်မှုဇုန် အရာရှိ တဦးက ပြောသည်။
“ ပြည်ထောင်စုနေ ့ အတွက်နဲ့ ရောပိတ်တာ ၊ အမှန်ဆိုရင်တော့ ပိတ်ရက် မဟုတ်သေးဘူး၊ အရင်နှစ်တွေက ပြည်ထောင်စုနေ ့ ဆိုရင်လည်း အစိုးရ ရုံးပိတ်ရက်တော့ ဖြစ်တယ် ဆိုပေမယ့် စက်ရုံ လုပ်သားတွေ အတွက် အချိန်ပို ဆင်းကြရတယ် ၊ အခုတော့ နာမည် တပ်လိုက်ရတာပေါ့ဗျာ ၊ မဟုတ်ရင် မလွယ်ဘူး ၊ စက်ရုံတိုင်းက ဖြစ်လာနိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ကိုရီးယား နိုင်ငံသားပိုင် အိုပယ် ၂ နှင့် မြဖက်ရှင် စက်ရုံတို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က လုပ်ခလစာ တိုးမြှင့်ရေးအတွက် လုပ်သား ၁၄ဝဝ ခန့်က စက်ရုံပြင်ပတွင် ဆန္ဒပြရာက ယမန်နေ့တွင် တိုင်ရီနှင့် ကျားလေး စက်ရုံတို့တွင်ပါ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်း အာဏာပိုင်များ အပါအဝင် မြို့နယ် ကြံ့ခိုင်ဖွံဖြိုးရေးများ၊ မီးသတ်များ၊ ရဲများနှင့် အလုပ်သမား ဝန်ကြီးဌာနများကလည်း ယနေ့တွင်လည်း စက်မှုဇုံတွင် အဆင်သင့့် နေရာယူ ပြင်ဆင်ထားရန် ညွှန်ကြားချက် တရပ်ကို စစ်အစိုးရက ထုတ်ပြန်ထားသည်။
ဦးစိန်ဦး (ခ) ဦးလော်ရိန်တြစ် ၅၅ နှစ်ပိုင် တိုင်ရီ ဖိနပ်စက်ရုံတွင် လုပ်သား ၁၇ဝဝ ကျော်ရှိပြီး အစိုးရ ရုံးပိတ်ရက်များတွင် ပိတ်ပေးရန်၊ အလုပ်သမား နားချိန်အပြည့် ပေးရန်၊ နေ့စဉ် လုပ်ခနှင့် အချိန်ပို လုပ်ခများ တိုးမြှင့်ဆောင်းပေးရန် အပါအဝင် လုပ်ခခံစားခွင့်ဆိုင်ရာ တောင်းဆိုဆန္ဒပြမှုများကို စက်ရုံရှေ့ရှိ ဦးရွှေအိုးလမ်းပေါ်တွင် ထိုင်ကာ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။
အမှတ် ၃ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကိုကိုအောင်တို့က အလုပ်သမားများကို လူစုခွဲရန် ဖိအားပေး၍ လုပ်သားအချို့ စက်ရုံတွင်းဝင်ရောက်သွားပြီး အချို့နေရပ် နေအိမ်သို့ ပြန်သွားကြသည်။
ထို့နောက် အာဏာပိုင်များဘက်က စက်ရုံတွင်း ဝင်ရောက်လာခြင်း မရှိသူများအနေဖြင့် ၃ ရက် ဆက်တိုက် ပျက်ကွက်လျှင် အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်လိုက်သည်။
လှိုင်သာယာ စက်မှုဇုန်သည် မြန်မာနိုင်ငံဧ။် အကြီးဆုံး စက်မှုဇုန်ဖြစ်ပြီး အလုပ်သမား အင်အား ၅၀၀၀၀ မှ ရ၀၀၀၀ အတွင်းရှိပြီး အအေးခန်း စက်ရုံများ၊ အထည်ချုပ်၊ စားသောက်ကုန်၊ သစ်အချောထည်၊ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သော စက်ရုံများ ၊ အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံများ စသည်ဖြင့် စက်ရုံ အမျိုးအစားပေါင်း ၈၀၀ ကျော် ရှိနေရာတွင် ၂၀၀၇ ခုနှစ်ကစ၍ စက်ရုံ ၄ဝဝ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက သိရသည်။
လှိုင်သာယာ စက်မှုဇုန်များတွင် ပြီးခဲ့သည့်လအတွင်း အလုပ်သမားများက လုပ်ခလစာနှင့် ခံစားခွင့်ဆိုင်ရာ ဆန္ဒပြပွဲ ၃ ကြိမ်ရပ် ဖြစ်ပွားခဲ့သေးသည်။
၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက စက်မှုဇုန် ၃ ရှိ ဆန်နီ ဖိနပ်စက်ရုံတွင် အလုပ်သမား ၁၀၀ ခန် ့ ဆန္ဒပြမှု ၊ ဒီဇင်ဘာ (၁၄) ရက်တွင် လှိုင်သာယာ စက်မှုဇုန် (၃) က Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဖြစ်ပွါးသော ဆန္ဒပြမှုနှင့် စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံ အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ရ ရက်နေ့တွင် လည်းကောင်း ဖြစ်ကြသည်။