အပစ်ရပ်များအား အင်အားသုံး တိုက်ရန် မလိုတော့ဟု တြိဂံတိုင်းမှူးပြော

အပစ်ရပ်များအား အင်အားသုံး တိုက်ရန် မလိုတော့ဟု တြိဂံတိုင်းမှူးပြော
အပစ်ရပ်အဖွဲ့များ စီးပွါးအာဏာလုရင်း အချင်းချင်းသတ်ဖြတ်အဆုံးသတ်ခြင်းကို ထိုင်ကြည့်ရုံဟု တြိဂံတိုင်းမှူးက ပြောကြောင်း ခိုင်လုံသည့်သတင်းရပ်ကွက်က...

အပစ်ရပ်အဖွဲ့များ စီးပွါးအာဏာလုရင်း အချင်းချင်းသတ်ဖြတ်အဆုံးသတ်ခြင်းကို ထိုင်ကြည့်ရုံဟု တြိဂံတိုင်းမှူးက ပြောကြောင်း ခိုင်လုံသည့်သတင်းရပ်ကွက်က ပြော၏။

မိုင်းလားအပစ်ရပ် NDAA- ESS  အထွေထွေအတွင်းရေးမှူးဦးမင်းအိမ် လုပ်ကြံသတ်ဖြတ်ခံရသည့် ဇန္နဝါရီ ၂၇ ရက်နေ့ မိုင်းလားသို့ ၀မ်းနည်းကြေကွဲခြင်း သွားရောက်ပြောကြားပြီး နောက်တရက် ကျိုင်းတုံစစ်တိုင်းရုံးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မိုင်းလားအဖွဲ့အတွင်း ဖြစ်နေတာကိုကြည့်ခြင်းအားဖြင့် အပစ်ရပ်တွေကို အင်အားသုံးတက်တိုက်စရာမလိုတော့ဘူး။ သူတို့တွေ အာဏာလု၊ စီးပွါးလုပြီး အချင်းချင်းသတ်ဖြတ်နေတဲ့ပွဲကို ပျော်ပွဲစားဝိုင်းမှာ ဒူးနှံ့ပြီး ထိုင်ကြည့်နေရုံဘဲ၊ သူတို့ကို အလို အလျောက် အနိုင်ရနေပြီ။” ဟု အစည်းအဝေး၌ပြောဆိုကြောင်း အမည်မဖော်လိုသည့်အရာရှိ တစ်ဦးကပြော၏။

ဂျန္နဝါရီ ၃၁ ရက်နေ့ ဦးမင်းအိမ်၏ စျာပနအခမ်းအနားသို့ တိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး မတက်ရောက်။ တြိဂံစစ် တိုင်းရုံးမှ ဂျီဝမ်း သန်းထွဋ်သိန်း သာ လူအင်အား ရ-၈ ယောက်နှင့်အတူ တက်ရောက်ခဲ့သည်ဟုဆို၏။

သို့သော် ဦးမင်းအိမ် သေဆုံးသည့်နေ့တွင်မူ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး မိုင်းလားသို့ရောက်ရှိပြီး- “နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးဆွေးနွေးတာ အဖြေတောင် မထွက်သေးဘူး၊ ဦးမင်းအိမ်သေသွားတာ နှမြောမိပါတယ်။ မိသားစုနဲ့အတူ ၀မ်းနည်းကြေကွဲရပါတယ်” ဟုပြောကြောင်း မိုင်းလားမှ လာသောသတင်းများ အရသိရ၏။

တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူးသို့အထွက်လမ်း မိုင်းလားမြို့မြောက်ဘက် ၂ ကီလိုမီတာအကွာ သချုႋင်း၌ ဦးမင်းအိမ်၏ ရုပ်အလောင်း သင်္ဂြိုဟ်သည့်အခမ်းအနားကို ၃၁ ရက် မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ကျင်းပပြီး မိသားစုဝင်နှင့်အတူ မိုင်းလားအပစ် ရပ်တပ်မတော် ၊ အပစ်ရပ် ၀ တပ်ဖွဲ့ တရားစီရင်ရေးဌာနမှ ကျောက်ဆမ်လူး ဦးဆောင်သော အင်အား ၆၀ ပါအဖွဲ့တို့တက်ရောက် ခဲ့ပြီး စုစုပေါင်းလူအင်အား ၅၀၀ ခန့်ရှိသည်ဟု သိရ၏။

မိုင်းလားအပစ်ရပ်တပ်ဖွဲ့ခေါ် NDAA- ESS ဒုတိယ အထွေထွေအတွင်းရေးမှူး ဦးနွေဦးနှင့်အဖွဲ့က ဦးမင်းအိမ်၏ အမျိုးသားရေး လှုပ်ရှားမှု မှတ်တမ်း ဗွီဒီယို ဆလိုက်များ ထိုးပြခဲ့သည်ဟုလည်း အခမ်းအနားတက်ရောက်သူ တစ်ဦးကပြောပြသည်။

တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး

သျှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ ၄ အပစ်ရပ် မိုင်းလား အဖွဲ့ခေါ်အမျိုးသားဒီမိုကရက် တစ်မဟာ မိတ်တပ် မတော် NDAA- ESS တပ်ဖွဲ့အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ်ကို ဂျန္နဝါရီလ ၂၇ ရက် မနက်ပိုင်းက အမည်မသိသေနတ် သမားများ အေကေ ၄၇ ဖြင့် ၀င်ရောက်ပစ်ခတ် လုပ်ကြံသတ်ဖြတ်သဖြင့် ဒဏ်ရာ ရ ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။

“ဇန္နဝါရီလဆန်းပိုင်းက တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး မိုင်းခတ်ခရီးစဉ်မှာ ပြောကြားခဲ့တာက- အပစ်ရပ်အဖွဲ့တွေဟာ အရေ ခွံထူတဲ့လူတွေဖြစ်တယ်။ အနုနည်းနဲ့ ရှင်းလို့မရနိုင်တော့ဘူး။ အကြမ်းနည်းနဲ့ ရှင်းရမှဘဲရတော့မယ် - ဆိုတော့   ဦးမင်းအိမ် သေဆုံးမှုဟာ သူ့လက်ချက်မကင်းဘူး ” - ဟု သျှမ်းပြည်အရေး စောင့်ကြည့် လေ့လာသူများက သုံးသပ်၏။

Most read this week