မြန်မာ(၉)ဦး ပစ်သတ်ခံရသည့် အမှုတွင် ပါ၀င်ပတ်သက်သူ ထိုင်းရဲအရာခံဗိုလ်တဦး၊ ထိုင်းနိုင်ငံသား(၄)ဦးနှင့် မြန်မာနိုင်ငံ သား တရုတ်လူမျိုးတဦးအား ဖမ်းဝရမ်းထုတ်လိုက်ပြီဟု အမှတ်(၆) ရဲတိုင်းမှူး ဆူရစီဆွန်ထောင်းဆာရထွန်က ပြောကြားလိုက်သည်။
လူအစုလိုက် အပြိုလိုက် သတ်ဖြတ်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက်ကြောင့် အဆိုပါ လူများကို ယခုလို ဖမ်းဝရမ်းထုတ် လိုက်ရခြင်းဖြစ်ကြောင်း ယနေ့ မဲဆောက်မြို့၊ ရဲစခန်းတွင် ပြုလုပ်သည့် သတင်းရှင်းလင်းပွဲတွင် ဆူရစီဆွန်ထောင်းဆာရ ထွန်က ဒေသခံသတင်းထောက်များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။
"အခု ပြစ်သတ်မှုမှာ ပါ၀င်သူတွေကို ကျနော်တို့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဒီနေ့ ဖမ်းမယ့်အချိန်မှာ ထွက်ပြေးတိမ်း ရှောင်သွားတယ်။ မြန်မာပြည်ဘက်ကို ထွက်ပြေးမယ်လို့ ကျနော်တို့ ယူဆရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဖမ်းဆီးဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပါတယ်"ဟု သတင်းစာရှင်းလင်းပွဲတွင် သူက ပြော ဆိုသွားသည်။
ဖမ်းဝရမ်းထုတ်လိုက်သည့် သူများထဲမှ ဦးဆောင်သူဖြစ်သည့် ထိုင်းရဲအရာခံဗိုလ်ဖြစ်သူ ဆွန်ချိုင်းပေကေရော့သည် မြန်မာ များကို ပစ်သတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ၎င်းတာဝန်ကျရာ မဲဆောက်မြို့၊ တောင်ဘက်ခြမ်း ၈၄ကီလိုမီတာ အကွာဝေး အမှတ်(၄၈)ဂိတ်စခန်းတွင် ကိုယ့်ကိုယ်ကို ကြိုးဆွဲကျခဲ့ပြီး ကျန်ရှိသည့် (၅)ကို ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု သိရသည်။
ဆွန်ချိုင်းပေကေရော့သေဆုံးပြီးနောက် အမှတ် (၆)ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွတ်ထားသည့် ရဲတပ် ကြပ်တဦးလည်း ယမန်နေ့ညတွင် အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က အမ် (၁၆)သေနတ်အမျိုးအစားဖြင့် လာ ရောက်ပစ်ခတ်ကာ အဆိုပါ ရဲတပ်ကြပ်ကြီး သေဆုံးသွားသည်ဟု သိရသည်။
ယမန်နေ့ညက ပစ်သတ်ခံရသည် ရဲတပ်ကြပ်ကြီးသည် မြန်မာများ သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အားလုံးသိရှိထားပြီး အဆိုပါ ဖြစ်စဉ်များကို အထက်သို့ အစီရင်ခံခဲ့သည့်အတွက် နှုတ်ပိတ်လိုက်သည့်အနေဖြင့် ၎င်းကို နှုတ်ပိတ်လိုက်ခြင်းဖြစ် သည်ဟု ယူဆကြောင်း မဲဆောက်ခြေစိုက် ထိုင်းသတင်းထောက်များက တိုင်းမှူးအား မေးမြန်ခဲ့ရာ တိုင်းမှူးက ဖြစ်နိုင် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇မှ ၃၁ ရက်နေ့အတွင်း အဆိုပါ မြန်မာနိုင်ငံသား(၁၂)တို့သည် မြန်မာကယ်ရီတဦး၏ အကူအ ညီဖြင့် မဲဆောက်မှဘန်ကောက်သို့ တောလမ်းခရီးအတိုင်းအသွား (၄၈)ဂိတ်စခန်းတွင် ရောက်ရှိစဉ် ၎င်းတို့ကို ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို တယောက်လျှင် ဘတ်ငွေ (၁)ဖြင့်လာရွေးရန် ခိုင်းခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် အဆိုပါ ရဲအရာခံဗိုလ် ဆွန်ချိုင်းပေ ကေရော့ဦးဆောင်၍ ထိုင်းဒေသခံရွာသား ၄ဦးနှင့် မြန်မာနိုင်ငံသား ကူမင်တန်စစ်သားဟောင်း တရုတ်လူမျိုးတဦးတို့နှင့် ပူးပေါင်းကာ မြန်မာ ၉ဦးအား သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
သေနတ်သမားများက အဆိုပါ မြန်မာနိုင်ငံသား(၁၂)တို့ကို ပစ်သတ်ခဲ့ရာတွင် (၇)ဦးသေဆုံး၊ (၂)ဦး ပျောက်ဆုံးနှင့် (၃)ဦးလွတ်မြောက်ခဲ့ပြီး အဆိုပါ လွတ်မြောက်သူများကို ထိန်းသိမ်းထားသည်ဟု ထိုင်းရဲများက ဆိုသည်။
ပစ်သတ်ခံရသူများ၏ ဦးခေါင်းသေနတ်ဒဏ်ရာတွင် ဒဿမ (၃၈နှင့်၂၂) ကျည်အမျိုးအစားများတွေ့ရှိရပြီး လက်အချိန်တွင် (၉)ထဲမှ (၇)၏ အလောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိပြီး အဆိုပါအလောင်းများ ကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်တွင် စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
ပစ်သတ်ခံရပြီး သေဆုံးသွားသူ(၉)ဦးမှာ စောမူးချဲ့ချဲ့(၂၈)နှစ်၊ စောကျော်ဦး(၂၇)နှစ်၊ နော်ကြို့အေး(၃၂)နှစ်၊ စောဒီဒို့(၂၈) နှစ်၊ စောအကို(၂၇) နှစ်၊ နော်အေးချို(၃၂)နှစ်၊ စောထူးအောင်(၃၅)နှစ်၊ နော်ခရိုး(၃၃)နှစ်နှင့် နော်တင်ချိုအေး(၂၈)နှစ်တို့ ဖြစ်သည်ဟု သိရသည်။
မိမိစားဝတ်နေရေး ပြေလည်ရေးအတွက် ဘန်ကောက်သို့ အလုပ်တက်လုပ်ရန် သွားသည့် အဆိုပါ မြန်မာနိုင်ငံသား ၁၂ဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉)ဦးနှင့် အခြားအမည်မသိ ရွာသား (၃)ဦးတို့ ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်ရာတွင် အလားတူ အစုလိုက် အပြိုလိုက် သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈)ဦးကိုလည်းကောင်း၊ မဲလမတ် မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦးကိုလည်းကောင်း အုပ်စုလိုက်အသတ်ခံရမှုများ ရှိခဲ့ကြောင်း သိရ သည်။