ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့

ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့
by -
ကွန်းချမ်း
(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့နှင့် မွန်ပြည်နယ်ရှိ ရပ်ရွာဒေသ အနှံ့အပြား အနယ်နယ်အရပ်ရပ်မှ လွတ်လပ်စွာ ကျင်းပခွင့် ရခဲ့ကြောင်း...

(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့နှင့် မွန်ပြည်နယ်ရှိ ရပ်ရွာဒေသ အနှံ့အပြား အနယ်နယ်အရပ်ရပ်မှ လွတ်လပ်စွာ ကျင်းပခွင့် ရခဲ့ကြောင်း သိရသည်။

မန်ကုန်တိုင်း သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာရှိ မွန်အိမ်တွင် ခါတိုင်းနှစ်ထက် ထူးခြားစွာ ကျင်းပနိုင်ခဲ့ပြီ ရန်ကုန်တိုင်းအတွင်း ကျင်းပခဲ့သည့် မွန်အမျိုးသားနေ့အခမ်းအနားများအနက် တိုင်းရင်းသားကျေးရွာရှိ မွန်အိမ်၌ ပြုလုပ်သည့်အခမ်းအနားသို့ တက်ရောက်သူ အများဆုံးရှိခဲ့ကြောင်း သိရပါသည်။

“ခါတိုင်းနှစ်မှာတော့ ရန်ကုန်မှာလုပ်တဲ့ အခမ်းအနားတွေမှာ မွန်အမျိုးသားနေ့ လို့တောင် ရေးခွင့်မရဘူး၊ တိုးတိတ််စွာနဲ့ ကျင်းပရတယ်။ ရှေ့နှစ်တွေက တိုင်းရင်းသားကျေးရွာက မွန်အိမ်မှာ မွန်ရိုးရာယဉ်ကျေးမှု ကပြဖျော်ဖြေပွဲ ပုံစံနဲ့ စတင်ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ ထူးထူးခြားခြား နှစ်စဉ်ကျင်းပတဲ့ အခမ်းအနားတွေထက် ထူးခြားမှုတွေရှိခဲ့ပါတယ်။ မွန်ဓမ္မာရုံတွေမှာလဲ (တၛဲကောန်ဂကူမန်) စာတန်းကြီးတွေနဲ့ အခမ်းအနားကို ခါတိုင်းနှစ်တွေထက် ကျင်းပခဲ့တယ်။ ပိုထူးခြားတာက တိုင်းရင်းသားကျေးရွာက အခမ်းအနားမှာ တစ်ခါမှခွင့်ပြုချက်မရခဲ့ဖူးတဲ့ မွန်အမျိုးသားအလံကို လွှင့်တင်ခွင့်ပြုထားပြီး အခမ်းအနားကိုလည်း မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ပေးထားခဲ့ပါတယ်” ဟု အခမ်းအနားတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် စင်မြင့်ဖြင့် ကျင်းပနိုင်ခဲ့ပြီ ယခုနှစ် ရန်ကုန်မြို့ မွန်အမျိုးသားနေ့ အခမ်းအနားကို နယ်ကကျင်းပသည့် အခမ်းအနားနှင့်အလားတူနီးပါး ကျင်းပနိုင်ခဲ့သည်။ အဆိုပါ မွန်အမျိုးသားနေ့ အခမ်းအနားသို့ ရန်ကုန်ရှိ မွန်လူငယ်များ၊ သံဃာတော်များနှင့် မွန်ကျောင်းသားများ တခဲနက် တက်ရောက်အားပေးခဲ့ပြီး မွန်ရိုးရာအဆိုအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ထူးခြားချက်အနေဖြင့် တိုင်းရင်းသားကျေးရွာစီမံကိန်းကိုယ်စာ အရာရှိတစ်ဦးက မိန့်ခွန်းပြောကြားရာမှာ ရှေးအချိန်ကတည်းက မွန်တိုင်းရင်းသားများ စာပေ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားခဲ့ပုံ၊ မွန်ကုန်သည်ညီနောင်နှစ်ဦး ပင့်ဆောင်လာခဲ့သော ဂေါတမမြတ်စွာဘုရား၏ဆံတော်များဖြင့် လက်ရှိရွှေတိဂုံဘုရားကို တည်ထားကိုယ်းကွယ်ခဲ့ပုံ၊ မွန်လူမျိုးတို့အနေနဲ့ စွမ်းရည်မြင့်မားပြီး သူရသတ္တိနှင့် ပြည့်စုံသည့် အဓိပတိဘုရင်များ အဆက်ဆက်မှ ဆင်းသက်လာခဲ့ပုံ စသည့်ကောင်းမွန်သော ဥပမာများ ကောက်နုတ်ပြီး မိန့်ခွန်း ပြောကြားသွားခဲ့ပါသည်။

သမိုင်းကို အမြဲတမ်း ထိန်ချန်လေ့ရှိသည့် အနေအထားမှာ ထူးထူးခြားခြား ယခုကဲ့သို့ လူသိရှင်ကြား ဖော်ထုတ်ပြောကြားသည့်အတွက် မွန်တစ်မျိုးသားလုံက လက်ခံကြိုဆိုသော်လည်း ယခုလို သမိုင်းအစစ်ကို ၄င်းတို့ကိုယ်တိုင် ဖော်ထုတ်မှုအပေါ် အယူအဆအမျိုးမျိုး ထွက်ပေါ်နေပါသည်။

အခမ်းအနားတက်ရောက်ခဲ့သည့် သံဃာတော်တပါး၏ အမြင်အရ “တခြားနှစ်တွေထက် ခွင့်ပြုချက်ပေးထားတာဟာ ဒီမိုကရေစီအကြို ရွေးကောက်ပွဲကြောင့်လည်း ဖြစ်နိုင်သလို လူထုတွေအပေါ် ပျော့ပျေင်းလာတဲ့သဘောထား ရှိလာတာကို ပြချင်တာလည်းဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်လိုမျိုး လုပ်ခွင့်ရတာ သူတို့ဘက်က လုံးဝခွင့်ပြုပြီးသားဖြစ်တာ သေချာပါတယ်။ နောင်လည်း ဒီလိုထပ်ပြီးခွင့်ပြုပေးတော့မယ့်သဘောလို့ ယူဆမိတယ်” ဟု မိန့်ကြားပါသည်။

အခမ်းအနားကို တက်ရောက်လာတဲ့ အသက် ၆၀ အရွယ် မွန်အမျိုးသားတစ်ဦးက “သည်လိုအခမ်းအနားဟာ ငါတို့ ၁၉၉၆ မတိုင်ခင် ရန်ကုန်မြို့အပေါ် ပဒုမာအားကစားကွင်းတွေမှာ လုပ်တဲ့အခမ်းအနား ရန်ကုန်မှာ ပြန်တွေ့ရတာတော့ အဆိုးတွေထဲက ကောင်းလာတဲ့သဘောလို့ ပြောရမလားပဲ” ဟု ပြောပါသည်။

(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့ပေါ်ရှိ မွန်များ လွတ်လပ်စွာကျင်းပခွင့်ရခဲ့သကဲ့သို့ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အပါအဝင် နယ်စပ်ဒေဖြစ်သည့် ဘုရားသုံးဆူမြို့နယ်မှာလည်း ကျင်းပခဲ့သည်။

အမျိုးသားနေ့ကျင်းပသည့်နေ့တွင် မြန်မာအာဏာပိုင်တို့ဘက်မှ တားဆီးပိတ်ပင်မှု တစုံတရာမပြုလုပ်ပေမယ့်လည်း အချို့မြို့နယ်များတွင် ထိုနေ့မတိုင်ခင် ၁၀ ရက်အလို၌ စိုက်ထူထားသည့် မွန်အမျိုးသားနေ့ဆိုင်းဘုတ်ကို သက်ဆိုင်ရာမှ ဖျက်စီးပြီ အနှောင့်အယှက်ပေးမှုများ ရှိခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားမှာအတွက် ကြေငြာစာတမ်းပါ “မွန်တို့ရဲ့ ကံကြမ္မာကို မွန်တမျိုးသားလုံး ဖန်တီး ခွင့်ရရှိရန်၊ မွန်ပြည်နယ်ပေါ်ထွက်လာရန်၊ တူညီတဲ့အခွင့်အရေးရှိမှ ငြိမ်းချမ်းရေးဆိုတာရှိလာနိုင်မယ်၊ ငြိမ်းချမ်းရေးရှိမှလည်း ပြည်နယ်တွေကို ထူထောင်ရာမှာ တိုးတက်မှုရှိမယ်ဆိုတဲ့ ဦးတည်ချက်တွေ နှစ်တိုင်း ရည်ရွယ်ပြီး ဦးတည်သွားနေပါတယ်” ဟု (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ဖြစ်မြောက်ရေး ကော်မတီ (ဗဟို) မှ ဒုဥက္ကဌက ပြောသည်။

"မွန်လူမျိုးတွေ လွတ်လပ်စွာ ပြောရေးဆိုခွင့်မရှိခဲ့တဲ့အတွက် မွန်အမျိုးသားနေ့ ဆိုင်းဘုတ် ဖျက်စီးခံခဲ့ရတာကို ဘာကြောင့် ဖျက်စီးခံရတာလည်းဆိုတာကို မွန်တမျိုးသားလုံးက မြင်လာမယ်၊ လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာရေးသားခွင့် မရှိသေးဘူးဆိုတာကိုလည်း မွန်တမျိုးသားလုံးက ပိုပြီး မြင်တက်လာမယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားအမျိုးသာနေ့များမှ မွန်အမျိုးသားနေ့သည် အထင်ရှားဆုံးနေ့အဖြစ် ရပ်တည်နေလျှက်ရှိနေပါသည်။ ယခုနှစ်မှာ တချို့စီးပွားရေး လုပ်ငန်းများကပါ မွန်အမျိုးသားနေ့ အထူးအစီအစဉ်ဟုဆိုပြီး လက်ကမ်းစာစောင်များဖြင့် ကြော်ငြာ၍ စျေးကွက်ရှာလာတာလည်းရှိသည်။

အထူးခြားဆုံးမှာ ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ ကန်တော်မင်္ဂလာပန်းခြံရှိ ဟက်ပီးဝါးအားကစားကွင်း၌ "မွန်အမျိုးသားနေ့မှာ မွန်ဝတ်စုံနဲ့ ဟက်ပီးဝါးဆီ ဝင်လာသူကို ဝင်ကြေးအခမဲ့အပြင် လက်ကမ်းစာစောင် ၂ စောင်၊ ၅ စောင်၊ ၁၀ စောင်နှင့် ဝင်လာသူအသီးသီးကို ကစားကွင်းမှ အခမဲ့ ထူးခြားအစီအစဉ်တွေဖြင့် ဂုဏ်ပြုသွားမည်" ဟု ဆိုပြီ အမျိုးသားနေ့မတိုင်ခင် လေးရက်အလိုမှာစာစောင်များ ကြိုတင် ဝေငှခဲ့သည်။ ယခုလို အခြေအနေမျိုးမှာ သက်ဆိုင်ရာအာဏာပိုင်မှ အဟန့်အတား တားဆီးမှု တစုံတရာမပြုလုပ်ခဲ့ပါ။

မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့နှင့် မွန်ပြည်နယ်အတွင်းရှိ မွန်များအပါအဝင် မလေးရှား၊ စကာင်္ပူ၊ ကိုးရီးယား၊ သိရီလင်္ကာ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ သြစတေးလျားအစရှိသည့် ပြည်ပရောက် မွန်လူမျိုးများစုစည်းရာ ဒေသမှာလည်း မွန်အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။

Most read this week