ပွဲစားများ၏ စည်းရုံးသိမ်းသွင်းမှုကြောင့် မြန်မာနိုင်ငံမှ အလုပ်သမား ပေါင်း ၁၃၀ ကျော်ကို ပွဲစားအုပ်စု နှစ်စုတို့မှ သြစတေးလျနိုင်ငံသိ့ု ခိုလှုံခွင့်ရရန် လုပ်ပေးမည်ဟု စည်းရုံးပြီး လွန်ခဲ့သော ၂၀၀၉ ခုနှစ် မေလပထမအပတ်တွင် ခေါ်ဆောင်သွားကြောင်း သိရသည်။
ထိုသို့ခေါ်ဆောင်သွားရာတွင် အဓိက နိုင်ငံနှစ်နိုင်ငံဆီသို့ ခေါ်ဆောင်သွားကြောင်း၊ ထိုလူများသည် မြန်မာနိုင်ငံမှ ဗမာလူမျိုးများအပါအဝင် မွန်၊ ကရင်လူမျိုးများနှင့် ထားဝယ်လူမျိုးများဖြစ်ပြီး၊ လမ်းခရီတစ်ဝက်တွင်သာ ယခုအချိန်ထိ ဒုက္ခရောက်နေကြသည်။
"အဓိကကတော့ ထိုင်းနိုင်ငံနဲ့ မလေးရှာနိုင်ပဲ၊ ထိုင်းနိုင်ငံကနေ လူ ရ၀ ကျော်ရယ်၊ မလေးရှာကနေလူ ၆၀ ကျော်ကို အသုတ် (၃) သုတ်ခွဲပြီးသွားကြတယ်၊ အင်ဒိုနီရှား အရှေ့သီမောကနေတစ်သုတ်၊ ဖိလစ်ပိုင်ကနေတစ်သုတ်၊ အင်ဒိုနီရှာနိုင်ငံ မာလကူကီကျွန်းကနေတစ်သုတ် ခွဲပြီးသွားကြတယ်၊ အခုဆိုရင် သြစတေးလျကိုမရောက်ပဲ လမ်းတစ်ဝက်က ပါပူးဝါးနယူးဂီနီနာက မာလကီးကျွန်မှာတစ်စု၊ ခရစ်စမက်ကျွန်းမှာ တစ်စု တောင်တင်နေပြီး ဒုက္ခရောက်နေကြတယ်၊ ပွဲစားက လှေပေါ်တင်ပြီး ပို့လိုက်တာပဲ၊ အဲဒီလူတွေမှာ ဘာပိုက်ဆံမှလည်းမရှိဘူး ဆက်သွားလည်းမရ ပြန်လာလို့လည်းမရတဲ့အခြေအနေမှာ ဖြစ်နေကြတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ (မလေးရှာ) မှ ဥက္ကဌဦးကျော်ကျော်က ပြောသည်။
ထိုသိ့ုသွားရာတွင် လူတစ်ယောက်ကို ပွဲစားခအနေနှင့် မလေးရှားမှသွားသောသူများသည် မလေးရှားငွေ ၆ ထောင် RM မှ ၁ သောင်း RM ပေးရပြီး၊ ထိုင်းနိုင်ငံမှ သွားသောသူများသည် ထိုင်းဘတ် ၃ သောင်း မှ ၅ သောင်းထိပေးရကြောင်း၊ ရေးလမ်းခရီးဖြင့်သွားရမှာဖြစ်ပြီး လှေပေါ်တွင် အခက်အခဲများစွာရင်ဆိုင်ရကြောင်း၊ မလေးရှာမှ သွားသောသူများသည် ငါဖမ်းလှေဖြင့်သွားရပြီး၊ ဖိလစ်ပိုင်မှသွားသောသူများသည် အပျော်စီးသ ဘောင်္များဖြင့်သွားရသည်။ လမ်းခရီးတွင် လုံခြံုရေးတပ်ဖွဲ့နှင့်ဆုံလျှင် စစ်ဆေးမေးမြန်းခြင်းခံရပြီး၊ အမေးအမြန်းမခံပါက တပ်ဖွဲ့၏ ပစ်ခတ်ခြင်းကိုပါခံရနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုလက်ရှိအခြေနေအရ လမ်းခရီးတဝက်တွင် တောင်တင်နေသည့် မြန်မာအလုပ်သမားများကို (UN) မှ စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ထားပြီး၊ နေထိုင်မှုအတွက် လွတ်လပ်မှုမရှိပဲ အလုပ်သမားများ ဌာနသို့ ပြန်ရန်လည်း မလွယ်ကူလှကြောင်း သူက ဆက်ရှင်းပြသည်။
"ဒီလိုတရားမဝင်ခိုးသွားတဲ့ လူတွေအများစုဟာ မလေးရှားကနေ တိုက်ရိုက်သွားကြတယ်၊ ပွဲစားနဲ့ပဲသွားတာများတယ်၊ ပွဲစားကို မလေးရှာငွေ ၆ ထောင်ဝန်းကျင် လောက် ပေးရတယ်၊ သွားရင်လည်း လှေနဲ့သွားတာများတယ်၊ အန္တရာယ်လည်း အရမ်းများတယ်၊ ဒါပေမဲ့ ဒီလိုသွားတဲ့လူတွေ သိပ်အများကြီးတော့ မရှိဘူး၊ အရမ်းနည်းတယ် ဘာလို့လည်းဆိုတော့ သြစတေလျအစိုးရတွေက ဒီလိုလှေသမားတွေကို လက်မခံဘူး၊ အဲဒါက သူတိုရဲ့ဥပဒေပဲ" ဟု မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှာနိုင်ငံသို့၊ မလေးရှားမှတစ်ဆင့် အင်ဒိုနီရှားနိုင်ငံ ထိုမှတစ်ဆင့် သြစတေးလျနိုင်ငံသို့ အမျိုးသား၊ အမျိုးသမီးများ၊ ကလေးများအပြင် ဘုန်းကြီးများလည်းပါဝင်ကြောင်း မိမိနိုင်ငံတွင် အလုပ်နည်းပါသဖြင့် နိုင်ငံခြားသို့ ဝင်ငွေရရှိရန်နှင့် စားဝတ်နေရေး ဖူလုံရန်အတွက် အလုပ်သွားရောက်လုပ်ကိုင်သူများသည် ကုန်သည်များကြောင့် လူကုန်ကူးခံရသည့်ဘဝသိ့ု ရောက်ကြရသည်ဟု ဦးကျော်ကျော်က ဆက်ပြောသည်။
"မဲခေါင်ဒေသ ခြောက်နိုင်ငံလူကုန်ကူးမှုဆိုင်ရာ ဥပဒေကိုထုတ်လိုက်တာကတော့ တရာမဝင်လူကုန်ကူမှုကို တရားဝင်အဖြစ် လိုင်စင်ရအောင် လုပ်လိုက်တယ်လို့ပဲ မြင်တယ်" ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် မဲခေါင်ဒေသ ခြောက်နိုင်ငံလူကုန်ကူးမှုဆိုရင် ဥပဒေကို ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးထားသော်လည်း၊ သြစတေးလျနိုင်ငံသို့ အလုပ်လုပ်ရန်အတွက် ပွဲစားမှတစ်ဆင့် တစ်ခြားနိုင်ငံသို့ လူကုန်ကူးခံနေရသေးကြောင်း၊ လူကုန်ကူးမှုဆိုင် ရာဥပဒေကို ပထမဦးဆုံး ထုတ်ပြန်ထားသော နိုင်ငံဖြစ်သော်လည်း လူကုန်ကူးမှုဆိုင်ရာ ပြဿနာများလျော့နည်း သွားခြင်းမရှိပဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။