ထိုင်း - မြန်မာ ချစ်ကြည်ရေးလမ်းမ ၄ ခုတိုးချဲ့ရန် အစည်းအဝေးစတင်

ထိုင်း - မြန်မာ ချစ်ကြည်ရေးလမ်းမ ၄ ခုတိုးချဲ့ရန် အစည်းအဝေးစတင်
တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများ ဖြတ်သန််း၍ ထိုင်း - မြန်မာချစ်ကြည်ရေး အဓိက လမ်းမကြီး ၄ ခုတိုးချဲ့ ဖေါက်လုပ်ရန် ထိုင်းနိုင်ငံမယ့်ဟောင်ဆောင်မြို့၌ အစည်းအဝေးတရပ် စတင်ကျင်းပသည်ဟု ထိုင်းနယ်စပ် သတင်း ရပ်ကွက်က...

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများ ဖြတ်သန််း၍ ထိုင်း - မြန်မာချစ်ကြည်ရေး အဓိက လမ်းမကြီး ၄ ခုတိုးချဲ့ ဖေါက်လုပ်ရန် ထိုင်းနိုင်ငံမယ့်ဟောင်ဆောင်မြို့၌ အစည်းအဝေးတရပ် စတင်ကျင်းပသည်ဟု ထိုင်းနယ်စပ် သတင်း ရပ်ကွက်က ပြောပါသည်။

“ထိုင်း နဲ့ စစ်အစိုးရဘက်က အာဏာပိုင်တွေ ပါ၀င်တဲ့ အဖွဲ့တခု   BP 13 ၁၃ (နယ်ခြားမိုင်တိုင်အမှတ်) ကို မနေ့က သွားရောက်စစ်ဆေးတယ်။ ဒီနေ့ အစည်းအဝေးစတယ်” - ဟု ကန္တရဝတီထိုင်း(မ်း) အယ်တီတာ ကိုသားငယ် က ဆို၏။

ပရောဂျက် ၂ ခု စတင်ရန် ထိုင်း ဒီမိုကရက်တစ် အစိုးရက အမေရိကန်ဒေါ်လာ ၂၆့၅ သန်း နှင့် ညီမျှသည့် ထိုင်း ဘတ်ငွေ ၈၇၂ သန်း အသုံးပြုသွားမည်ဟု ဆို၏။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ မြဝတီသို့ (ထိုင်းမြန်မာချစ်ကြည်ရေး)တံတား

“အခုတိုးချဲ့မယ့်လမ်းပိုင်းတွေက တရုတ်ရဲ့ အနောက်မျှော်ပေါ်လစီ နဲ့ အန္ဒိယရဲ့ အရှေ့မျှော်ပေါ်လစီ အရ ဖြစ်တယ်” - ဟု မယ့်ဟောင်ဆောင် အုပ်ချုပ်ရေးမှူး ဆူဖုချ် ကရင်ထာ ရာနစ်က ပြောပါသည်။

ကန္တာရဝတီတိုင်း အယ်ဒီတာကိုသားငယ်က -“လမ်းဖေါက်လုပ်ရင် စီးပွားရေးအကွက်ကြည့်တဲ့ထိုင်းနဲ့ စစ်ရေး အတွက် အမြဲစဉ်းစားတဲ့ မြန်မာစစ်အစိုးရသာ အကျိုးခံစားရမယ်။ ဒေသခံပြည်သူအဖို့တော့ စီမံကိန်းစတာနဲ့လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖေါက်ခံရတော့မှာမလွှဲဘူး” - ဟု ဆို၏။

ဖေါက်လုပ်မည့် လမ်းမှာ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့နယ်မြေအတွင်းဖြစ်သောကြောင့် ကောင်းကျိုးထက် ဆိုးကျိုးများမည်ဖြစ်ပြီး တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးပြဿနာ ဖြေရှင်းပြီးမှသာ စီမံကိန်းစတင်သင့်ကြောင်း နယ်စပ်၊ စစ်ရေးအကဲခတ် ပုဂ္ဂိုလ်များက ပြောပါသည်။

ထိုင်း - မြန်မာအစိုးရ ပူးပေါင်းဖေါက်လုပ်မည့် လမ်းမကြီး ၄ ခုမှာ မယ့်ဟောင်ဆောင် - နေပြည်တော်လမ်း၊ မဲဆောက် - မော်လမြင်လမ်း၊ ကန်ချနပူရီ- ထားဝယ်လမ်း၊ ပရစွပ် ခီးရီးခန် - မြိတ်လမ်း ဖြစ်သည်ဟုဆို၏။