ကားမှောက်၍ မြန်မာလုပ်သား ၁၄ ဦး ဒဏ်ရာရ

ကားမှောက်၍ မြန်မာလုပ်သား ၁၄ ဦး ဒဏ်ရာရ
by -
စိုင်းဇွမ်ဆိုင်း
မြန်မာလုပ်သားများ တင်ဆောင်လာသေ ဆယ်ဘီးကားတစီးသည် ယနေ့နံနက် ရ နာရီခန့်တွင် ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့၌ တိမ်းမှောက်ရာ ၁၄ ဦး...

မြန်မာလုပ်သားများ တင်ဆောင်လာသေ ဆယ်ဘီးကားတစီးသည် ယနေ့နံနက် ရ နာရီခန့်တွင် ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့၌ တိမ်းမှောက်ရာ ၁၄ ဦး ဒဏ်ရာရရှိသွားသည်။

အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၁၀ ယောက်နှင့် ကလေး ၈ ယောက်တို့ကို သယ်ဆောင်ကာ ဘန်ကောက်မြို့ အနီး မဟာချိုင်မှ မြန်မာ နိုင်ငံနယ်စပ်သို့ မောင်းနှင်လာသောကားသည် ဆန်ခလဘူရီမြို့ အဝင်၌ တိမ်းမှောက်ခြင်း ဖြစ်သည်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများက ၎င်းတို့ကို နယ်စပ်သို့ ပို့ဆောင်သော လမ်းခရီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားပေါ် လိုက်ပါလာသူများအနက် မွန်နှင့် ကရင်လုပ်သား အများစု ဖြစ်သည်။

ငါးဦးမှာ အပြင်းအထန် ဒဏ်ရာရသဖြင့် ကန်ချနဘူရီဆေးရုံတွင် ကုသမှု ခံယူနေရပြီး ကိုးဦးကတော့ ဆန်ခလဘူရီ ဆေးရုံတွင် အစောပိုင်းက ဆေးကုသမှု ခံနေရသည်။ သို့သော် ညနေဘက်တွင်မူ လူနာများ ပြောင်းရွှေ့ သွားရဟန် ရှိသည်။

“ကျနော် ဆေးရုံကို နေ့လည်က တခေါက်ရောက်တယ်။ အခုညနေတခေါက် ထပ်ရောက်တော့ ဘယ်သူမှ မရှိတော့ဘူး။ ဘယ်အချိန်တည်းက သူတို့ကို ခေါ်သွားလဲဆိုတာကို တခြားလူနာတွေတောင် မသိလိုက်ရဘူး” ဟု ဆေးရုံသို့ လူနာကြည့်ရန်သွားခဲ့သူ တဦးက ပြောသည်။  

ယနေ့ မွန်းလွဲ တနာရီခန့်တွင် ဆန်ခလဘူရီမှအထွက် တမိုင်ခန့်တွင် ပီလောပီနံများနှင့် ကရင်လူမျိုး အလုပ်သမား ခြောက်ဦးကို တင်ဆောင်ထားသော တိုယိုတာ (ဖိုးဝှီး)ကား အမျိုးအစား ကားတစီးလည်း တိမ်းမှောက်ခဲ့ကြောင်းကို ဒေသခံ တဦးထံမှ သိရသည်။

Most read this week