ရခိုင်လူငယ် ၁၁ ဦး အမူကို ယနေ့တွင် ပြန်လည် စစ်ဆေးမည်

ရခိုင်လူငယ် ၁၁ ဦး အမူကို ယနေ့တွင် ပြန်လည် စစ်ဆေးမည်
by -
မင်းဆက်ခိုင်
စွပ်စွဲချက် အမျိုးမျိုးဖြင့် ဖမ်းဆီးခံနေရသော ရခိုင်လူငယ် ၁၁ဦး အမူကို ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ရုံးတင် စစ်ဆေးမည်ဟု သိရသည်။ အမူကို တနင်္လာနေ့က စစ်ဆေးရာတွင် လူငယ် ၁၁ ဦးကို တရားစွဲဆိုသူ ဒု-ရဲအုပ် သန်းစိုးကို အင်းစိန်ထောင်ထဲရှိ အနောက်ပိုင်း ခရိုင် တရားရုံးက စတင်...

စွပ်စွဲချက် အမျိုးမျိုးဖြင့် ဖမ်းဆီးခံနေရသော ရခိုင်လူငယ် ၁၁ဦး အမူကို ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ရုံးတင် စစ်ဆေးမည်ဟု သိရသည်။ အမူကို တနင်္လာနေ့က စစ်ဆေးရာတွင် လူငယ် ၁၁ ဦးကို တရားစွဲဆိုသူ ဒု-ရဲအုပ် သန်းစိုးကို အင်းစိန်ထောင်ထဲရှိ အနောက်ပိုင်း ခရိုင် တရားရုံးက စတင် စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ အမူတွင် သက်သေ ၂၄ ဦးကို တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် တပတ် (၂) ကြိမ်နုန်းဖြင့် စစ်ဆေးသွားမည် ဖြစ်သည်။

ယနေ့နေ့လည် ၁ နာရီတွင် တရားစွဲဆိုသူ ဒု ရဲအုပ် သန်းစိုးကို ဆက်လက် စစ်ဆေးမည် ဖြစ်သည်။

အဆိုပါ ရခိုင်လူငယ် ၁၁ဦးကို ပြည်ပ အခြေစိုက် ကျောင်းသား အဖွဲ့အစည်း တခုဖြစ်သော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) နှင့် ဆက်သွယ်သည့် အသင်းအဖွဲ့ ပုဒ်မ-၇ နှင့် တရား စွဲထားသကဲ့သို့ ထိုအထဲမှ တချို့ကိုလည်း တခြား ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

အဆိုပါ လူငယ်များထဲမှ ကိုအောင်စံသိန်း၊ ကိုခိုင်ကျော်မိုး အပါအဝင် လူငယ် ၆ဦးကို ပုဒ်မ ၁၃/၁ ဖြင့် နယ်စပ်ဖြတ်ကျော်မူ၊ AASYC အဖွဲ့အစည်းနှင့် ဆက်သွယ်မူ စသည့် အမူ (၂) ခုဖြင့် တရားစွဲဆိုထားသည်။ ထိုအထဲမှ ကိုနိုင်စိုး(ခ) မဲလုံးကို ဖေါက်ခွဲမူနှင့်လည်း တရားစွဲဆိုထားသည်။

ဖမ်းဆီးခံ ရခိုင်လူငယ် ၁၁ဦးထဲတွင် ပုဏ္ဍားကျွန်းက ကိုအောင်မိုးဇော်၊ ကိုကျော်စံသိန်း၊ ဘူးသီးတောင်မြို့မှ မောင်နိုင်စိုး၊ မောင်တော မြို့မှ ကိုခိုင်ကျော်မိုး၊ ကိုကျော်ဝင်း၊ စစ်တွေမြို့မှ ကိုထွန်းလင်းကျော်၊ကိုနိုင်စိုး၊ ကိုအောင်စံသိန်းတို့ ပါ၀င်သည်။

အဆိုပါ ၁၁ ဦးစလုံးကို ဒုရဲအုပ် သန်းစိုးမှ တရားလို အဖြစ်ဖြင့် တရားစွဲဆိုခြင်း ဖြစ်ပြီး ရှေ့နေ ဦးအေးသိန်း၊ ရှေ့နေ ဦးမောင်မောင်လတ်နှင့် ဒေါ်သီတာမမတို့က ရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု သိရသည်။

Most read this week