သင်္ဘောနစ်သေဆုံးသူအတွက် လျော်ကြေးကျပ်ငွေ တသိန်း

သင်္ဘောနစ်သေဆုံးသူအတွက် လျော်ကြေးကျပ်ငွေ တသိန်း
by -
ဖနိဒါ
မကြာသေးမီက ငဝန်မြစ်အတွင်း နစ်မြုပ်ခဲ့သည့် နေမျိုးထွန်းသင်္ဘောမှ သေဆုံးခဲ့သူများအား တဦး လျှင် ကျပ်တသိန်း လျော်ပေးမည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ...

မဇ္ဈိမ (ချင်းမိုင်) ။     ။ မကြာသေးမီက ငဝန်မြစ်အတွင်း နစ်မြုပ်ခဲ့သည့် နေမျိုးထွန်းသင်္ဘောမှ သေဆုံးခဲ့သူများအား တဦး လျှင် ကျပ်တသိန်း လျော်ပေးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူက ပြောသည်။

“ဒီသဘောင်္က ဘာအာမခံမှ ထားရှိတာ မရှိပါဘူး။ သူတပါး ထိခိုက်မှု အာမခံအရတော့ ၁ သိန်းပဲပေးမှာ။ သေသွားတဲ့လူတွေနဲ့ ပတ်သက်တဲ့လူတွေကို ထုတ်ပေးရမှာပေါ့။ ဘယ်လိုထုတ်ပေးမယ်ဆိုတာ တော့ မသိသေးဘူး” ဟု အမည်မဖော်လိုသူ ယင်းအရာရှိက မဇ္ဈိမကို ပြောသည်။

စက်တပ်ယာဉ်များ နှစ်စဉ်လုပ်ငန်းလိုင်စင်လဲတိုင်း မဖြစ်မနေထားရသော အာမခံကြောင့် လျော်ကြေးငွေ ရရှိခြင်း ဖြစ်သည်။ အာမခံငွေများကို ထုတ်ပေးရာတွင် သေဆုံးသူ၏ မိသားစုဝင်များအနေဖြင့် အထောက်အထား ခိုင်ခိုင်လုံလုံ ပြသရမည် ဖြစ်သည်ဟု ပြောသည်။

ရေယာဉ်ဝန်ထမ်းအပါအဝင် စုစုပေါင်း လူ ၁၇၆ ဦးတင်ဆောင်လာပြီး ပုသိမ်ဆိပ်ကမ်းမှ ထွက်ခွာလာ သည့် "နေမျိုးထွန်း" ခရီးသည်တင်သင်္ဘောနှင့် ဒီဇယ်ဆီတင်တွဲပါ တွန်းရေယာဉ် “ဓန” တို့ နိုဝင်ဘာ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် ပုသိမ်မြို့နှင့် ၆ မိုင်အကွာရှိ ရှမ်းငူကျေးရွာအနီး၌ တိုက်မှုဖြစ်ပွားခဲ့ပြီး နေမျိုးထွန်း နစ်မြုပ်ခဲ့သည်။

၁၂၆ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း၊ သေဆုံးသူ ၃၁ ဦး၏ အလောင်း များကို တွေ့ရှိခဲ့ပြီး “ပျောက်ဆုံးနေသူ” ၁၉ ဦးအား ရှာဖွေနေဆဲဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။

ဆယ်ယူရရှိသည့် ရုပ်အလောင်းများအနက် ပိုင်ရှင်မရှိသည်များကို ပုသိမ်မြို့သို့ ပြန်လည် သယ်ယူ ခြင်း မပြုတော့ဘဲ ရှမ်းငူကျေးရွာ၌ပင် သဂြုႋဟ်ခဲ့ပြီးဖြစ်သည်။

ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင် သေဆုံးသူများအား လူမှုဝန်ထမ်းဦးစီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ၄၁ သိန်းခွဲ၊ ရှပ်ပြေးအမြန်ရေယာဉ် အဖွဲ့မှ ၁ဝ သိန်း၊ ရွှေယမုံမှ သိန်း ၅ဝ၊ နေမျိုးထွန်း ရေယာဉ်ပိုင်ရှင်မှ ၁ဝ သိန်း၊ ဧရာဝတီတိုင်း စက်တပ်ခရီးသည်တင် ရေယာဉ်အသင်းမှ ၁ဝ သိန်း စုစုပေါင်း ၁၂၁ သိန်းခွဲ ထောက်ပံ့သွားမည်ဟု ဖော်ပြထားသည်။

ထို့အပြင် နိုဝင်ဘာလ ၈ ရက်နေ့အထိ သေဆုံးသူ ၄၂ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ပါရှိသည်။

သင်္ဘောနစ်မြုပ်ပြီး နောက်ပိုင်းတွင် ပုသိမ်မြို့အခြေဆိုက် စက်တပ်ရေယာဉ်အားလုံးကို ည ၆ နာရီ မှ မနက် ၆ နာရီအတွင်း ထွက်ခွာ၊ ဆိုက်ကပ်ခွင့် မပြုတော့ကြောင်း ပုသိမ်မြို့ခံတဦးက မဇ္ဈိမကို ပြော သည်။

ရေယာဉ်တိုက်မှုကြောင့် အမျိုးသား ၄ ဦးကို ပုသိမ်မြို့ အသည်ကြီး ရဲစခန်းတွင် ယနေ့ထိ ထိန်းသိမ်း ထားဆဲဖြစ်သည်ဟု တာဝန်ကျ ရဲအရာရှိက ဖြေကြားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)