ကရင်နီပြည်နယ် ဒီမောဆိုမြို့တွင် မီးတပ်အဖွဲ့များကို စစ်သင်တန်းပို့ချရာ နေရာဖြစ်သော တောင်ခြေ အနီးအနားသို့ တောင်ယာများပြုလုပ်ခြင်းနှင့် ထင်းရှာထွက်ခြင်း မပြုလုပ်ရကြောင်း သိရသည်။
“အဲဒီဘက်ကို ဘာမှသွားမလုပ်ခိုင်းတော့ဘူး၊ ထင်းကို ဟိုးအဝေးဘက်သွားရှာရတာပါ” ဟု ဒေသခံ ရွာသားများက ပြောသည်။
စစ်သင်တန်းပို့ချရာ ၎င်းတောင်ကြားဘက်တွင်လည်း ကျွဲ၊ နွားများအတွက် စားကျက်ကောင်းသောနေရာဖြစ်ရာ ယခုအချိန်တွင် သေနတ်ပစ်ထိမှန်ခဲ့ရင် တာဝန်မယူနိုင်ဟု ဆိုထားသောကြောင့် ကျွဲ၊ နွားများလည်း မကျောင်းရ တော့ပါ။
“သူတို့လေ့ကျင့်တဲ့ ရက်တွေမှာ တခြားနေရာကို သွားကျောင်းရပါတယ်” ဟု ဒီးမော့ဆိုမြို့နယ်မှ ရွာသား တစ်ဦးက ပြောသည်။
၎င်းစစ်သင်တန်းတွင် မီးတပ် တပ်ဖွဲ့ထဲမှ တစ်ရွာလျှင် ၂ယောက်စီတက်ရောက်၍ စုစုပေါင်း သင်တန်းဦးရေ ၆၀ ရှိသည်။