ဒါကာ (မဇ္ဈိမ)။ ။မြန်မာနိုင်ငံဘက်မှ ကာလပေါက်စျေး တာကာ ၂ သောင်းခန့်ရှိ စိတ်ကြွဆေးပြား အလုံး ၁ဝဝ သယ်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအား ယခုလ ၁၅ ရက်နေ့တွင် ဖမ်းဆီးမိကြောင်း နယ်စ်မြို့ တက္ကနာရှိ ရဲက ပြောသည်။
ဘင်္ဂလားရဲက ရှောင်တခင်ရှာဖွေမှု ပြုလုပ်စဉ် အစိုးရဝန်ထမ်းတဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဦးစမန် ဂေါ်နီ (ဘ) အာဘူကာရှင်းထံမှ တာကာ ၂ သောင်း (ကျပ် ၃ သိန်း) ခန့် တန်ဖိုးရှိ WY တံဆိပ်ပါ စိတ်ကြွဆေးပြားများကို တွေ့ရှိ ခဲ့သည်။
“သူက မြန်မာဘက်ကို ရ ရက် ပတ်စ်ပို့သွားပြီး ပြန်လာတဲ့ အချိန်မှာ ယူလာတာလေ။ မြန််မာဘက်ကနေ စိတ်ကြွ ဆေးပြားတွေ အဆက်မပြတ် ဝင်လာနေတဲ့အတွက် ကျနော်တို့က မျက်ခြေမပြတ် စောင့်ကြည့်နေချိန်မှာ ဖမ်းမိလိုက် တာပါ” ဟု တက္ကနာ ရဲတပ်ကြပ်ကြီးတဦးက မဇ္ဈိမကို ပြောသည်။
ဆေးပြားသယ်ဆောင်သူအား ကော့စ်ဘာဇာ အချုပ်ထောင်သို့ ပို့ဆောင် ချုပ်နှောင်လိုက်သည်။
ယခုလဆန်းပိုင်းတွင်လည်း ကျပ်ငွေသိန်း ၂၇၀ တန်ဖိုးရှိစိတ်ကြွဆေးပြားများကို ဘင်္ဂလား-မြန်မာနယ်စပ် မြန်မာဘက် ခြမ်းရှိ မောင်တောမြို့ ရွှေဇားရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့သည်။
ဘင်္ဂလားအာဏာပိုင်များသည် မူးယစ်ဆေး မှောင်ခိုကူးသန်းမှုကို စောင့်ကြပ်နေကြောင်းနှင့် နှစ်ဖက်နယ်စပ် အာဏာပိုင်များ ဆွေးနွေးတိုင်း မူးယစ်ဆေးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် တင်ပြသော်လည်း မြန်မာဘက်မှ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း တက္ကနာရှိ လုံခြံုရေးသတင်းရပ်ကွက်က ပြောသည်။
တရားဝင်နှင့် မှောင်ခိုလမ်းများကို အသုံးပြုကာ မြန်မာဘက်မှ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားနှင့် အရက်မျိုးစုံ တင်သွင်း နေသဖြင့် နှစ်နိုင်ငံနယ်စပ်သည် မျက်ခြေမပြတ် စောင့်ကြည့်ရာ လမ်းကြောင်းဖြစ်လာနေသည်။
WY စိတ်ကြွဆေးပြားကို ကြက်သွေးရောင်နှင့် အစိမ်းရောင်ဟူ၍ ၂ မျိုး ခွဲခြားထားပြီး၊ ယင်း နှစ်မျိုးအတွင်းမှ အရည်အသွေး ၆ မျိုး ကွဲသွားကြောင်း ကော့စ်ဘာဇာမြို့ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအရာရှိတဦးက ဆိုသည်။
ယင်း ၆ မျိုးမှာ စျေးနှုန်းကွာခြားကာ ဘင်္ဂလားဒေ့ရှ်တွင် တလုံးလျှင် အနိမ့်ဆုံးစျေး တာကာ ၁၃၀ (၁၉၅၀ ကျပ်) မှ ရဝဝ (၁၀၅၀၀ အထိ ပေါက်စျေးရှိနေပြီး၊ မြန််မာဘက်ခြမ်း မောင်တောတွင် အနိမ့်ဆုံးစျေး ကျပ်ငွေ ၁၀၀၀ မှ အမြင့်ဆုံး ကျပ်ငွေ ရ၀၀၀ အထိ ပေါက်စျေး ရှိနေသည်။