ဘူးသီးတောင်မြို့ မြို့ပေါ် ရပ်ကွက် ရ ခုတွင် ဒုတိယ အကြိမ်မြှောက် ပြည်သူ့စစ်တပ်ဖွဲ့များကို တရပ်ကွက်လျှင် ၂၅ ဦးကျစီဖြင့် ဖွဲ့စည်းရန် နအဖ စစ်အာဏာပိုင်များက စီစဉ်နေသည်။
အမည်မဖေါ်လိုသူ ကျောင်းဆရာ တဦးက “ဘူးသီးတောင် ကြားစခန်း စုဆောင်းရေးမှ ဗိုလ်မှူး စိုးဝင်းက ရပ်ကွက် တခုစီကို ပြည်သူ့စစ် လုပ်မယ့်သူ ၂၅ ဦးကို စာရင်းကို များမကြာမှီ ပို့ပေးရမယ်ဆိုပြီး အမိန့်ထုတ်ထားပါတယ်။ စာရင်း မပို့ပေးနိုင်တဲ့ ရပ်ကွက် ရယက ဥက္ကဌတွေကို အရေးယူမယ် ဆိုတဲ့အတွက် ခုတလော ရယက ဥက္ကဌတွေ တော်တော် အလုပ်များနေတာကိုတွေ့နေရပါတယ်” ဟု ပြောသည်။
ပြည်သူ့စစ် လုပ်မည့် သူများကို အသက် ၁၈ နှစ်က ၃၅ နှစ်ကြား သတ်မှတ်ထားပြီး စက်တင်္ဘာလ အတွင်း သင်တန်း မစတင်မှီ စာရင်းပေးပို့ရန် ညွန်ကြားထားသည်ဟုလည်း သိရသည်။
“ဘူးသီးတောင် အမှတ်(၇) ရက်ကွက် ဥက္ကဌ ဦးနို်င်နိုင်က လူငယ်တွေကို ပြည်သူ့စစ်ထဲဝင်ဖို့ လိုက်လံ စည်းရုံးနေတာကိုတွေ့ရပါတယ်။ လူငယ် အများစုကတော့ ပြည်သူ့စစ်ထဲ ၀င်ရမှာကို လက်မခံဘဲ ငြင်းပယ်ကြတယ်လို့ သိရပါတယ်။ ၀င်တဲ့သူတွေကို ဆန်နဲ့ ပိုက်ဆံ ထောက်ပံ့ ပေးမယ်ဆိုပြီး မက်လုံးပေး စည်းရုံးနေတာတွေလည်း ရှိပါတယ်။” ဟု သူက ပြောသည်။
ဘူးသီးတောင်မြို့တွင် မြို့ပေါ် ရပ်ကွက် ရ ခုရှိပြီး တရပ်ကွက်တွင် အိမ်ခြေ ၂၀၀၀ ခန့်ရှိသည်။
၎င်းပြင် ဘူးသီးတောင်မြို့မှာ ရခိုင်ပြည်နယ်တွင် စစ်တပ် တပ်ရင်း အများဆုံး အခြေစိုက်ရာ မြို့ဖြစ်ပြီး တပ်ရင်း ၁၂ ရင်း၊ လုံထိန်း တပ်ရင်း တရင်း၊ စကခ ၁၅ နှင့် အမှတ် (၂) စစ်ဗျုဟာတို့ တည်ရှိသည်။
ယခု ဘူးသီးတောင်မြို့၌ ပြည်သူု့စစ်ဖွဲ့စည်းခြင်းမှာ ဒုတ်ိယ အကြိမ် ဖြစ်ပြီး ယခင်ကလည်း ပြည်သူ့စစ်များကို မြို့ပေါ်နှင့် ကျေးလက် ဒေသများတွင် ဖွဲ့စည်းထားသည်။
ယခုကဲ့သို့ စစ်တပ် တပ်ရင်းအများအပြား အခြေစိုက်ရာ ဘူးသီးတောင်မြို့တွင် ပြည်သူ့ စစ်များကို ဖွဲ့စည်းနေခြင်းမှာ တော်လှန်ရေး အင်အားစုများကို နှိမ်နှင်းရန်အတွက် မဟုတ်ဘဲ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် မဲထည့်မည့် ပြည်သူများကို ခြိ်မ်းခြောက်လို၍ ဖြစ်သည်ဟု လေ့လာသူများက ပြောသည်။
နဖအ စစ်အစိုးရသည် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ကြိ်ုတင်ပြင်ဆင်သည့် အနေဖြင့် ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ် အပါအဝင် မီးသတ်နှင့် ကြံ့ဖွတ်များကို အထူး တိုးချဲ့ ဖွဲ့စည်းလျက်ရှိသည်။