ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်ယူနိုက်တက် FC ဘောလုံးအသင်းက သူ၏ အဖွဲ့ဝင် ပရိသတ်များအား အသင်းကို ထောက်ခံအားပေးသည့် အထိ်မ်းအမှတ် တီရှပ်အင်္ကျီ အထည် ၂ သောင်း ဖြန့်ချီပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူများက ပြောသည်။
ယခုလ ၅ ရက်နေ့တွင် စတင်တော့မည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲတွင် သူ၏ ပရိသတ် များအနေဖြင့် ‘တရောင်တသွေးတည်း’ အားပေးနိုင်ရန် ရည်ရွယ်၍ အဖွဲ့ဝင်သူများအား အသင်းအင်္ကျီများ ကို ယနေ့မှစ၍ လက်ဆောင်ပေးနေခြင်းဖြစ်သည်။
အင်္ကျီများအပြင် ရန်ကုန်ယူနိုက်တက် FC အတွက် အဆိုတော်မျိုးကြီး သီဆိုထားသော သီချင်းတပုဒ်ပါ စီဒီများကိုလည်း ဖြန့်ဝေခဲ့သည်။
ဗိုလ်တထောင်မြို့နယ် အမှတ် ၁၄၂၊ ပ-ထပ် ၄၇ လမ်း (အပေါ်) ရှိ Daily Sport Journal တိုက်မှ ရန်ကုန်ယူနိုက်တက် FC ဘောလုံးအသင်း အဖွဲ့ဝင် ပရိသတ် ၁၀၀၀ ကျော်ကို ယနေ့ ထုတ်ပေး လိုက်ပြီ ဖြစ်ပြီး၊ အဖွဲ့ဝင်များကို နေ့ရက်နှင့် လူဦးရေ ကန့်သတ်မှုမရှိဘဲ လက်ခံသွားမည်ဖြစ်ကြောင်း ဂျာနယ် တာဝန်ရှိသူက မဇွိ္စျမကို ပြောသည်။
ဘောလုံးအသင်း အဖွဲ့ဝင်ပုံစံကို ဖြည့်၍ ဓာတ်ပုံ ၂ ပုံနှင့်အတူ ဂျာနယ်တိုက်ရုံးခန်းရှိရာသို့ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပို့နိုင်ကြောင်း သူက ဆက်ပြောသည်။
ယခုလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ကွင်းဖွင့်ပွဲအား နေ့လည် ၃ နာရီတွင် စတင် ကျင်းပမည်ဖြစ်ပြီး၊ ပရိသတ်များအတွက် ကံစမ်းမဲအစီအစဉ်လည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက မဇွိ္စျမကို ပြောသည်။
ပြိုင်ပွဲကွင်းဖွင့်ပွဲ၌ ဖြေဖျော်ရေး အစီအစဉ်အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ Little ကောင်းမြတ်၊ အိမ့်ချစ်၊ စန္ဒီမြင့်လွင်၊ ဂျင်းနီ၊ သီရိဆွေ၊ DJ သော်သော်အပါအဝင် နာမည်ကြီး အဆိုတော်များက ဖျော်ဖြေကြမည်ဟု သိရသည်။