စိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာဝယ်ရန် လိုအပ်သော ငွေများကို မြန် မာအစိုးရအာဏာပိုင်မှ လယ်သမားများကို ချေးငှာခွင့် ပေးထား ကြောင်း သိရသည်။
ဓာတ်မြေသြဇာအတွက် လိုအပ်မည့်ငွေများကို ကျေးရွာဥက္ကဌများထံ ထုတ် ယူနိုင်ပြီး ဓာတ်မြေသြဇာအတွက် ယခုချေးငွေထုတ်ပေးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် လယ်သမားတွေကို စည်း ရုံးရန် ပြင်ဆင်နေသည်ဟု မုဒုံမြို့နယ်ရှိ ကျေးရွာဥက္ကဌများက ပြောသည်။
လယ်သမားများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသေးစားချေး ငွေ (အမတော်ချေးငွေ) နှစ်စဉ်ထုတ်ချေးပေးသော်လည်း ဓာတ်မြေသြဇာ အတွက် ”အခုလိုငွေတွေချေးပေးတာဟာ အရင်က ဒီလိုမျိုးမရှိခဲ့ဖူးဘူး။ မြို့နယ်မယက ကနေတစ်ဆင့် ကျေးရွာဥက္ကဌတွေကို ညွှန်ကြားထားတာ” ဟု မုဒုံမြို့နယ်မှ ဒေသခံတစ်ဦး ကပြောသည်။ ယခုထုတ်ချေးပေးခြင်းမှာ မြန်မာစစ်အစိုးရ ပြုလုပ်ကျင်းပ မည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ၄င်း တို့ မဲဆွယ်ရန်ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။
အခုချိန်မှာ ဓာတ်မြေသြဇာဝယ်ယူရန်အတွက် ကျေးရွာဥက္ကဌမှတဆင့် စာ ရင်းများ ပေးသွင်းရပြီး မြို့နယ်မယကထံသို့ အစီရင်ခံတင်ပြသွားပြီဟု ၄င်း က ဆက်ပြောသည်။
ချေးငွေကို ကြိုက်သလောက် ချေးခွင့်ပြုထားပြီး မိုးနှောင်းကာလ စပါးနှင့် ရာဘာ စသည့်တို့ ထွက်ရှိ လာမှသာလျှင် ပြန်ဆပ်ရမည် ဖြစ်သည်။
စိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာများလိုအပ်နေပြီး ဓာတ်မြေသြဇာတစ် အိတ်လျှင် ပြင်ပပေါက်စျေးမှာ ကျပ် ၂၆၀၀၀ ကနေ ၂၇၀၀၀ ကျပ် ထိရှိ နေပြီး အာဏာပိုင်များက တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်စျေးနှုန်းဖြင့် ရောင်း ချပေးသည်။
မုဒုံမြို့ခံတစ်ဦး၏ပြောပြချက်အရ“ငွေကြိုက်သလောက်ယူ အခုက စိုက်ပျိုး ရေးရာသီမှာ ဓာတ်မြေသြဇာလိုနေတာပါ၊ သူတို့ပေးတာက အပြင်ဆိုင်နဲ့ စာရင်စျေးပိုချိုလို့ပိုဝယ်ကြတယ်။
အခုရက်ပိုင်းမှာ ကလယ်သမားနဲ့ရာဘာသမားတွေက ဓာတ်မြေသြဇာ ထည့်ချိန်လည်း ဖြစ်နေတယ်လေ”ဟုစိုက်ပျိုးသူတစ်ဦးကပြောသည်။
မွန်ပြည်နယ်အတွင်းရှိ ပေါင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်တွင်လည်း ဓာတ်မြေ သြဇာဝယ်ရန်အတွက် ချေးငွေထုတ်ပေးနေကြာင်း ၄င်းဒေသခံတွေက ဆိုကြသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးပေးသည့်အမတော်ချေးငွေကို စပါး ထွက်ရှိချိန်တွင် လယ်သမားများမှ စပါး သို့မဟုတ် ငွေသားဖြင့်လည်း ပြန် လည်းပေးနိုင်သည်။ ထိုချေးငွေကို ငွေသားဖြင့် ပေးသွင်းပါက အတိုး ၃ ကျပ်နှုန်းဖြင့် ပြန်သွင်းရသည်။