ရခိုင်သမိုင်း သုတေသီ ပါမောက္ခ ဦးလှထွန်းဖြူ ကွယ်လွန်

ရခိုင်သမိုင်း သုတေသီ ပါမောက္ခ ဦးလှထွန်းဖြူ ကွယ်လွန်
ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသန ပါမောက္ခဟောင်း ဦးလှထွန်းဖြူသည် ယမန်နေ့ (၁၉-၈-၂၀၀၉) နံနက် ၄ နာရီအချိန်ခန့် တွင် အသည်းရောဂါဖြင့် ရန်ကုန်မြို့ အင်းစိန် ဆေးရုံတွင် ကွယ်လွန် သွားခဲ့ ...

ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသန ပါမောက္ခဟောင်း ဦးလှထွန်းဖြူသည် ယမန်နေ့ (၁၉-၈-၂၀၀၉) နံနက် ၄ နာရီအချိန်ခန့် တွင် အသည်းရောဂါဖြင့် ရန်ကုန်မြို့ အင်းစိန် ဆေးရုံတွင် ကွယ်လွန် သွားခဲ့သည်။

ဆရာသည် မကွန်လွန်မှီ ရောဂါအများအပြားကို ခံစားခဲ့ရပြီး ထိုအထဲတွင် ကျောက်ကပ်၊ အသည်းနှင့် ပတ်သက်သော ရောဂါများလည်း ပါ၀င်သည်ဟု သိရသည်။

ဆရာသည် ရခိုင်ယဉ်ကျေးမှုရေးရာများကို အထူးသုတေသနပြုခဲ့သူ တစ်ဦးဖြစ်ပြီး ဘိုးတော် ဗဒုံမင်းလက်ထက် ရခိုင်ပြည် တော်လှန်ရေး အခြေအနေကို လေ့လာ သုံးသပ် တင်ပြထားသည့် မဇ္စျိမဒေသ အရေးတော်ပုံကျမ်းကို ရေးသား ထုတ်ဝေခဲ့သည်။

၄င်းပြင် ရခိုင်မဂ္ဂဇင်း အပါအဝင် တခြား မဂ္ဂဇင်းအများအပြားတွင်လည်း သမိုင်းနှင့် သက်ဆိုင်သော ဆောင်းပါး အများအပြားကို ရေးသားခဲ့သည်။

ဆရာသည် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပါမောက္ခအဖြစ်လည်းကောင်း၊ ဒဂုံတက္ကသိုလ် ရှေးဟောင်း သုတေသနဌာမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာအုပ်စု ကင်းရွာ ဇာတိဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဆရာမှာ အသက် ၆၁ နှစ်ရှိပြီး ဇနီး ဒေါ်သိန်းရီ၊ သမီး မအေးမျှစံ၊ မသီရိစံနှင့် သားရဝေစိုးတို့ ကျန်ရစ်ခဲ့သည်။

ဆရာ အသုဘကို မနက်ဖြန် (သောကြာနေ့) နေ့လည် ၂ နာရီတွင် သဂြိုင်္ုလ်မည် ဖြစ်သည်။

ဆရာမိသားစုအား ၀မ်းနည်းကြောင်း စကားပြောကြားလိုသူများ အနေဖြင့် အောက်ပါဖုံးနံပတ်မှ တဆင့် ဆက်သွယ် ပြောကြားနိုင်ကြောင်း သိရှိရသည်။
၀၀၉၅ (၁) ၆၄၅ ၁၀၁

Most read this week