ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ပြူးမကျေးရွာရှိ နယ်စပ်လုံခြံုရေး ကင်းစခန်း၏ တာဝန်ခံ အရာရှိ တပ်ကြပ်ကြီးယိုင်ထွန်း တာဝန်ယူသည့်နေ့မှစ၍ ကျေးရွာပြည်သူ့များ အား နှိပ်စက်သောင်းကျန်းနေ၍ ပြည်သူ့များ ဒုက္ခရောက်နေကြောင်း သိရှိရသည်။
တပ်ကြပ်ကြီးယိုင်ထွန်းနှင့်အတူ နစက တပ်ဖွဲ့ဝင် ၂ ဦးတို့သည် နေ့စဉ်ညနေပိုင်းတွင် ရွာထဲသို့ဝင်ပြီး၊ တွေ့ရာလူတိုင်းအား မတရားစွပ်စွဲပြီး ညနေပိုင်း အရက်ဖို့ရအောင် အကြံအဖန်များ နေ့စဉ်နေ့တိုင်း ပြုလုပ်နေသဖြင့် ကျေးရွာလူထုများ ဒုက္ခရောက်နေ
ကြောင်း ၄င်းကျေးရွာမှ ကျောင်းဆရာတဦး၏ပြောပြချက်အရ သိရှိရသည်။
တပ်ကြပ်ကြီးယိုင်ထွန်းသည် ကျေးရွာသားများကိုနိုင်ငံခြားမိုဘိုင်(လ်)ဖုန်းသုံးသည်ဟူ၍ ၎င်း၊ တဘက်နိုင်ငံသွားပြီး မှောင်ခိုကုန်ကူးသည်ဟူ၍၎င်း၊ လူကုန်ကူးခြင်း နှင့် တခြားသော ရာဇဝတ်မှုများကို ကျူးလွန်သည်ဟုပြော၍ ညနေအရက်ဖို့ရအောင် ပြောဆိုငွေညှစ်နေ ကြောင်း ၎င်းကျောင်းဆရာမှပင် ပြောပြခဲ့သည်။
တခါတရံ ညနေပိုင်းတွင် အရက်ဖို့ရရန် မရှိပါက ရွာရှိ အိမ်တအိမ်အတွင်းသို့ဝင်ပြီး အိမ်တွင် အသုံးပြုနေသည့်အိုးခွက်ပန်းဂံများသည်တဘက်နိုင်ငံမှ လာသည်ဟုေပြောဆိုပြီး ယူသွားတတ်ကြောင်း ၎င်းကျောင်းဆရာမှပင် ဆက်လက်ပြောဆိုပါသည်။
ကျေးရွာလူထုမှ ၎င်းတပ်ကြပ်ကြီး ယိုင်ထွန်း၏ သောာင်းကျန်းမှုများကို သက်ဆိုင်ရာ အာဏာပိုင် နယ်မြေမှုးအားတိုင်ကြားသော်လည်း အရေးယူးခြင်းမရှိ ကြောင်းကျေးရွာ ရယကအဖွဲ့ဝင်တဦး၏ပြောပြချက်အရ သိရှိရသည်။
“နစက အဖွဲ့ဝင်များသည် နယ်စပ်ဒေသတွင် အာဏာအရှိဆုံး အဖွဲ့ဖြစ်ပြီး၊ ၎င်းတို့အား ဌာနဆိုင်ရာမှ အခွင့်အရေးပေးထားသည့်အတွက် တင်တိုင်းကြဲနေပြီး ကျနော်တို့ အနေနဲ့ ဘာမှမလုပ်နိုင်ဘူး” ဟု ၎င်း ရယက အဖွဲ့ဝင်မှ ဆက်လက်ပြောဆိုသည်။