စိတ်ကြွဆေးပြားရောင်းဝယ် ဖေါက်ကားသူ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရ

စိတ်ကြွဆေးပြားရောင်းဝယ် ဖေါက်ကားသူ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရ
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် စိတ်ကြွ ဆေးပြား ရောင်းဝယ် ဖေါက်ကားသူ တဦးကို တရားရုံက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိ ...

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် စိတ်ကြွ ဆေးပြား ရောင်းဝယ် ဖေါက်ကားသူ တဦးကို တရားရုံက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရသူမှာ မောင်တောမြို့ အမှတ်(၂)ရပ်ကွက် (ဖေဇီရွာ)မှ မိုဟာမက်ကာဆိမ်း၏ သား မိုဟာမတ် ချိုဟဲလ် ဖြစ်သည်။

သူ့အား ယခုလ ၆ ရက်နေ့က မောင်တော ခရိုင်တရားရုံး တရားသူကြီး ဦးမြှင့်သိန်းက ပြစ်မူ ထင်ရှားသဖြင့် ထောင် ၁၂ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရေး ၀န်ထမ်း တဦးက ပြောသည်။

မိုဟာမတ် ချိုဟဲလ်ကို “WY” အမှတ် တံဆိပ်ပါ စိတ်ကြွ ဆေးပြား ၁၀၀၀ ကျော်နှင့်အတူ မောင်တော ရဲတပ်ဖွဲ့က သူ၏ နေအိမ်မှ ၂၀၀၈-ခု ဇူလိုင်လ အတွင်းက ဖမ်းဆီးခဲ့သည်။

မောင်တောရဲမှ သူ့အား မူးယစ် ပြစ်မှု အမှတ် (ပ၁၅/၂၀၀၈) ဖြင့် အမှုဖွင့်ထားခဲ့ပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ ဖြန့်ဝေရောင်းချမှု နှင့် တဘက် နိုင်ငံသို့ မှောင်ခို တင်ပို့မှု စသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/ ၁၉(က)/ ၂၀(ခ) တို့ဖြင့် မောင်တော ရဲတပ်ဖွဲ့မှ တရားစွဲခဲ့သည်။

သူ့အား တရားသူကြီး ဦးမြင့်သိန်းမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ထောင်သက်တမ်းကို လျော့ချရန် အတွက် မိသားစုများက တရားသူကြီး ဦးမြှင့်သိန်းကို ကျပ်ငွေ ၁၀ သိန်းပေးခဲ့ရသည်ဟု မိသားစုများကို ကိုးကားပြီး တရားရေး ၀န်ထမ်းက ပြောသည်။

Most read this week