မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့မှ တပ်သား ( ၃) ဦး တနသာင်္ရီတိုင်း ရေဖြုုမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ အလယ်စခန်းကျေးရွာတွင် အခြေ စိုက်နေသည့် မြန်မာစစ်အစိုးရတပ်ထံသို့ လက်နက်ချလိုက်သည်ဟု သိရသည်။
ရာမညတပ်ဖွဲ့မှ ဗိုလ်ချုပ်ခင်မောင်နှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်အရ လက်နက်ချ တပ်သား (၃) ဦးမှာ အဂ္ဂ၊ ဇော်လင်းနှင့် ဇော်လင်း၏ညီတို့က ရေဖြုုမြို့နယ် အခြေစိုက် မြန်မာတပ်ထံတွင် လက်နက်ချလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း မည်သည့် တပ်ဖွဲ့ထံတွင် လက်နက်ချလိုက်သည်ကို အသေချာမသိဟု နိုင်ခင်မောင်က ဆက်ပြောသည်။ ၄င်းတပ်သား (၃) ဦးတွင် M-16, AK နှင့် ပစ္စတိုတစ်လက် ပါသွားသည်။
တနသာင်္ရီတိုင်း ခလရ ၂၈၂၊ ခမရ ၄၀၈၊ ၄၀၉ နှင့် ၄၁၀ တို့ အခြေစိုက်လျက်ရှိသည်။
“ဒီတပ်သား ၃ ဦးက ကျွန်တော်တို့ ရာမညတပ်ဖွဲ့ကို ရောက်လာတာ သိပ် မကြာဘူး၊ ၃ လ လောက်ပဲရှိသေးတယ်။ သူတို့က ကျွန်တော်တို့အ ဖွဲ့ထဲကို မရောက်ခင် မြန်မာစစ်တပ်နဲ့ပြဿနာရှိခဲ့ဖူးတယ်။ အလယ်စခန်းရွာကို အသွားမှာ မြန်မာအစိုးရတပ်ထံမှာ လက်နက်ချလိုက်တယ်” ဟု နိုင် ခင်မောင်က ပြောသည်။
သြဂုတ်လဆန်းပိုင်းတွင် ရာမညတပ်နှင့် မြန်မာအစိုးရတပ်တို့ တိုက် ပွဲဖြစ်ပြီးနောက် ၃ ရက်အကြာတွင် ရာမည တပ်သား (၃) ဦး လက် နက်ချလိုက်ခြင်းဖြစ်သည်။ ၄င်းတိုက်ပွဲတွင် ရာမညတပ်မှ တပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
“ရာမညတပ်သား (၃) ယောက်က အလယ်စခန်းရွာဥက္ကဋ္ဌထံမှာ ငွေ တောင်းဖို့အသွား လမ်းမှာ အစိုးရတပ်တွေက ဝိုင်းလိုက်တဲ့အတွက် သူ တို့ကလည်း ဘယ်လိုလုပ်ရမှန်းမသိတော့ အစိုးရတပ်ထံမှာ လာရောက် လက်နက်တယ်ဆိုပြီး ပြောလိုက်တယ််” ဟု အလယ်စခန်းရွားနှင့် နီးစပ် သူတစ်ဦးက ပြောသည်။
ရာမညတပ်ဖွဲ့သည် လွန်ခဲ့သည့်ဇူလမှစပြီး ထိုင်းမြန်မာနယ်စပ်တွင် စတင် လှုပ်ရှားမှုပြုခဲ့သည့် မွန်လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ရာမညတပ်ဖွဲ့သည် ဘုရားသုံးဆူမြို့နယ် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း (၃) ကျေးရွာနှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြန်မာအစိုးရပိုင်နယ်မြေတွင် ၄င်းတို့၏ ဘဏ္ဍာအတွက် ပြည်သူများထံ ငွေကြေး တောင်းခံနေသည်ဟု သိရသည်။