မိုးကြီးသောကြောင့် ဂျိုင်းမြစ်နံဘေးရှိ ရွာများဒုက္ခရောက်

မိုးကြီးသောကြောင့် ဂျိုင်းမြစ်နံဘေးရှိ ရွာများဒုက္ခရောက်
by -
အာသံ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် တည်ရှိနေသော ဇာသပြင်၊ ကျုံဖဲ၊ ကော့လမု၊ ကော့သင်း၊ ခရား၊ ကော့ယက္ခနှင့် သံလယ် စသည့် မွန်ကျေးရွာများသည် ယမန်နှစ်ကထက် မိုးများ သောကြောင့် ရေကြီးနေသည်ဟု သိရပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် တည်ရှိနေသော ဇာသပြင်၊ ကျုံဖဲ၊ ကော့လမု၊ ကော့သင်း၊ ခရား၊ ကော့ယက္ခနှင့် သံလယ် စသည့် မွန်ကျေးရွာများသည် ယမန်နှစ်ကထက် မိုးများ သောကြောင့် ရေကြီးနေသည်ဟု သိရပါသည်။

နေ့တိုင်းမိုးရေချိန်တက်နေသောကြောင့် ကျေးရွာအတွင်းရှိ ကျောင်းအချို့ပိတ်ထားရပြီး ကျောင်းသားတွေလည်း ကျောင်းမတက်နိုင်သည့် အခြေအနေတွင် ရှိသည်။

“ဒီနှစ်မိုး တော်တော်ကြီးတယ်၊ ယခု ရွာမှာလည်း ရေကြီးနေတယ်၊ သွားလာရတာ သိပ်အဆင်မပြေဘူး။ ခါတိုင်းနှစ်ထက် ရေကြီးနေတယ်၊ ခါတိုင်ဒီအချိန်ဆိုရင် ဒူးခေါင်လောက်ပဲရှိတယ်၊ ဒီနှစ် ရင်ပတ်အထိ ရေတက်သွားတယ်၊ ဒါကြောင့် ရွာမှာ လှေနဲ့သွားလာနေတယ်၊” ဟု သံလယ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် ဇာသပြင်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ကုန်လမ်းခရီးနှင့် တစ်ရွာမှတစ်ရွာသို့ သွားလာ၍မရသဖြင့် ရေလမ်းနှင့်သာ သွားလာနေရကြောင်း သိရပါသည်။ ထိုကဲ့သို့ပင် လွန်ခဲ့သည့် ၃ ရက်ကစပြီး ကျုံဖဲကျေးရွာအတွင်းတွင် ၂ ပေ လောက် ရေတက်နေသည်ဟု ရွားသားတစ်ဦးက ပြောသည်။

“ဒီနေ့အထိ ရွာထဲမှာ ရေက ရှိနေတုန်ပဲ၊ တက်လဲမတက်ဘူး ကျလဲမကျဘူး၊ ဒီအတိုင် ရေကငြိမ်နေတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထိုမွန်ကျေးရွာအတွင်း၌ ရေကြီးနေသောကြောင့် ကျေးရွာဒေသခံ တချို့သည် မော်လမြိုင်မြို့အပေါ်တွင် ဝယ်ထားသော နေအိမ်များသို့ ပြောင်းရွှေ့ကာ နေထိုင်စားသောက်နေရပါသည်။

ရွာထဲတွင်ကျန်ရှိနေသော ကျေးရွာဒေသခံပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ယုံသာမက မိုးရေဖျက်စီးခြင်းကြောင့် စိုက်ပျိုးထားသော မိုးစပါ ဆုံးရှုံးမှာကို ရွားသားများက စိုးရိ်မ်းနေကြပါသည်။

လွန်ခဲ့သည့်နေ့က  ဘားအံမြို့မိုးရေချိန်သည် ၄ ဒဿမ ၆၁ လက်မ ရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ကြေငြာထားသည်။

Most read this week