မော်လမြိုင်တက္ကသိုလ်ကျောင်းသူ/သားများ ပျော်ပွဲစားထွက်ရာမှ စုံစမ်း စစ်ဆေးခံရပြီး ပျော်ပွဲစားထွက်လိုပါက တက္ကသိုလ်ပါ မေက္ခခွင့်ပြုချက် ရရှိမှသာ ထွက်ခွင့်ရှိသည်ဟု သိရသည်။
ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းမှာ မွန်တက္ကသိုလ်ကျောင်း သူ/ သား များ ပျော်ပွဲစားထွက်ရာ နယ်မြေကျော်၍ ကရင်ပြည်နယ်ထိသို့ ခရီးထွက် ခြင်းနှင့် မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်မှုအောက်ရှိ ခရိုင်တစ်ခုဖြစ်သည့် သ ထုံခရိုင်တွင် ရောက်ရှိပြီး ထမင်းသုံးဆောင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု မွန်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။
“ပျော်ပွဲစားကနေ ပြန်လာပြီးတော့ ကျောင်းက ပါမေက္ခက စစ်မေးတော့ တာပဲ” ဟု အစစ်ဆေးခံရသည့် ကျောင်းသားနှင့် နီးစပ်သူက ပြောသည်။ မွန်ကျောင်းသူ/သား ၅၀ ဦးခန့်တို့သည် တနင်္ဂနွေနေ့တွင် စုပေါင်း၍ ပျော်ပွဲစားခရီးထွက်ခဲ့သည်။
ထိုကဲ့သို့သွားရာတွင် ကော့ဘိန်းကျေးရွာမှ ရဲများတွေ့ရှိပြီး မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ သတင်းပေးပို့ခဲ့သည်။ အရှေ့တောင် တိုင်းမှတဆင့် ကြပ်ပြေးရှိ နေပြည်တော်သို့ သတင်းထပ်မံပေးပို့ပြီး ၄င်း ကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် မော်လမြိုင်ပါမေက္ခထံသို့လည်း အရှေ့တောင်တိုင်းက ညွန်းကြားခဲ့သည်။
၄င်းတက္ကသိုလ်ကျောင်းသားက “ဓမ္မတကျေးရွာကို စုပြီးတော့ ပျော်ပွဲစား ထွက်ကြတယ်။ အဲဒီကနေ ခရုံဂူဘုရားကို ထပ်သွားကြတယ်။ အဲဒီကနေ တဆင့် မွန်ပြည်သစ်ပါတီခရိုင်ကို သွားကြတယ်။ အဲဒီမှာ ထမင်းစားကြ တယ်” ဟု ဆိုသည်။
၄င်းကိစ္စဖြစ်ပေါ်ပြီးနောက်တွင် ကျိုက်သံလန်ဘုရား၌ ဓမ္မစင်္ကြာရွတ်ဆိုခွင့် လည်း ပိတ်ပင်ခြင်းခံရသည်။ မော်လမြိုင်မြို့နယ်အတွင်း သွားလာသည် များကို ပါမေက္ခထံသို့ အသိပေးသတင်းတင်ပို့ခြင်း မပြုလုပ်ထိသော်လည်း မြို့နယ်နိမိတ်ကျော်လွန်ပြီးသွားပါက မည်သည့်နေရာသို့သွားမည်၊ ဘယ် အချိန်သွားမည်၊ ဘယ်နှစ်ရက်သွားမည်၊ မည်သည့်ကိစ္စကြောင့်သွားမည်၊ စသည်များကို အစီရင်ခံ တင်ပြရမည်ဟု မွန်ကျောင်းသားတစ်ဦးက ပြောသည်။
ပါမေက္ခထံသို့ အသိမပေးဘဲ ပျော်ပွဲစားထွက်ရဲပါက ထွက်ကြည့်၊ အ ကြောင်းသိမည်ဟုလည်း အပြောခံရကြောင်း မွန်တက္ကသိုလ် ကျောင်း သားက ပြောသည်။ ၄င်းကြောင့် တက္ကသိုလ်ကျောင်းသားများမှာလည်း အပြင်သို့ သိပ်မထွက်ရဲကြပေ။
၄င်းကျောင်းသား၏အဆိုအရ မြန်မာအာဏာပိုင်တို့မှ ကျောင်းသားတို့၏ လှုပ်ရှားမှုများကို အကဲခတ်လေ့လာစောင့်ကြည့်နေသောကြောင့် နေရ သည် အကြပ်အတည်ရှိသည်ဟု ဆိုသည်။
ယခုကဲ့သို့လေ့လာစောင့်ကြည့်နေသောကြောင့် မွန်ပြည်နယ်အတွင်းရှိ ကျင်းပသည့် ၆၂ နှစ်မြောက် မွန်အမျိုးသား တော်လှန်ရေး နေ့အခမ်း အနားတွင်လည်း တက္ကသိုလ်ကျောင်းသားများ တက်ရောက်သည်ကို မတွေ့ရပေ။
မွန်ပြည်နယ်ရှိ ဂိတ်များတွင်လည်း သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက် သည့် ၈ လေးလုံးနေ့နှင့် ဒေါ်အောန်ဆန်းစုကြည် စီရင်ချက်ချမည့်နေ့ နှင့်နီးကပ်ခြင်းကြောင့် လုံခြုံရေးများ ပိုမိုချထားသည်။