မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီရင်ချက်ရက်ချိန်ကို ရွှေ့ဆိုင်းလိုက်တာက ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားသူ နှင့် နိုင်ငံတာကာ တုံပြန်မှုအား ပြင်ထန်းတာကြောင့် မြန်မအစိုးရက အချိန်နည်းနည်းယူကာ စဉ်းစားရအောင်ဆိုပြီး ရွေးဆိုင်းလိုက်တာဟု CRPP အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
“ မြန်မာအစိုးရက ဒေါ်စုကို ဖမ်းဆီးပြီးထောင်ချလိုက်တာဟာ ကြိုတင်ပြင်ဆင်ထားတဲ့ ကိစ္စပါ၊ ဘာဖြစ်လိုလဲ့ဆိုတော့ မြန်မာအစိုးရက ၂၀၁၀ မတိုင်မီ ဒေါ်စုကို အပြင်မှာမထားခြင်းလိ့ုပဲ၊ ဒေါ်စုကို အပြင်မှာ ထားမယ်ဆိုရင် ဒေါ်စုရဲ့ ပြောဆို လှုပ်ရှားမှုတွေက ၂၀၁၀ နဲ့ ဆက်စပ်နေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဝေဖန်တာတွေ ပြောတာဆိုတာတွေက သက်ရောက်မှုရှိလာမယ်၊ ဒါကြောင့် ဒေါ်စုထောင်ကနေ လွတ်ဖို့မလွယ်ဘူး ” ဟု ဦးအေးသာအောင်က ၄င်ရဲ့ တစ်ဦးတည်အမြင်ကို ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမှတ်တော့မယ်ဆိုပြီး နိုင်ငံတကာရဲ့အာရုံစိုက်မှုရှိနေချိန်မှာ တရားရုံးက ပြစ်မှုပိုင်းဆိုင်ရာစီရင်ချက်နှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်စရာရှိလို့ဆိုပြီး စီရင်ချက်ချမည့်နေ့ကို လာမည့် သြဂုတ်လ ၁၁ ရက်နေ့တို့ ရွေဆိုင်းလိုက်ပါသည်။
ယခုလို နိုင်ငံတာကာအာရုံစိုက်မှုရနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စီရင်ချက်ကို ရွေ့ဆိုင်းလိုက်တာက ပထမအကြိမ်မဟုတ်ပါ။ ဘန်ကီမွန်းလာတုန်းကလည်း သူမရဲ့ရုံုးချိန်းကို ရက်ရွှေ့ဆိုင်းခဲ့ဖူးသည်။ ယခုလို ရက်ရွှေ့လိုက်တာက နှစ်ဘက်လျောက်လဲချက်နှင့်ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာပြန်လည်စီစစ်သုံးသပ်စရာ ရှိတယ်လို့ ဆိုပြီး အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက အသိအလင်း ဖော်ပြထားပါသည်။
မြန်မာအစိုးရက ဒေါ်စုကို ထောင်ချပြီး ၂၀၁၀ ရွေးကောက်ပွဲကို အတင်းကျပ်လုပ်မယ်ဆိုရင် ဒီရွေးကောက်ပွဲက နိုင်ငံတာကာက အသိမှတ်ပြု လက်ခံဖို မဖြစ်နိုင်သလို အသစ်တက်လာမည့် အစိုးရသစ်ကိုလည်း လက်ခံနိုင်ဖို့ မရှိဘူးဟု ဦးအေသာအောင်းက ပြောသည်။
ဤကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဒုတိယ-ဥက္ကဌ နိုင်ငွေသိမ်းက သူရဲ့ အမြင်ကို ပြောပြတာကတော့ “မြန်မာအစိုးရက တရားခွင်လုပ် အမှုဖွင့်အရေးယူတာဟာ ထောင်ချဖို့ပဲများတယ်။ ယခုလို စီရင်ချက်ချဖို့ ဆိုင်းငံ့ထားထာ ပြန်လည်သုံးသပ်ဦးမယ်ဆိုတာကလည်း နိုင်ငံတကာရဲ့ဖိအားကြောင့်နဲ့ စစ်တပ်အတွင်း ထင်မြင်ချက်ကွဲလွဲမှုတွေကြောင့် အဓိကဖြစ်နိုင်ပါတယ်” ဟု ပြောသည်
နိုင်ငွေသိမ်းက ယခုနောက်ပိုင်းမှာ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်အတွင်း ထင်မြင်ကွဲလွဲမှုရှိ လာနေလည်းဆိုတာ အစိုးရရဲ့ လျို့ဝှက်ချက်တွေဖြစ်တဲ့ လိုဏ်ဂေါင်းကိစ္စ၊ မြောက်ကိုးရီးယားခရီးစဉ်ကိစ္စ ပေါက်ကြားသွားတာလည်း သက်သေတည်နေပါသည်။ ဒါတွေက သူတို့အတွင်းမှာကိုက ယုံကြည်စိတ်ချရမှု ညီညွတ်မှုတွေ နည်းလာလို့ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒေါ်စုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာမယ့်ရလဒ် အကောင်းအဆိုးကိုတော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေတယ်ဟု ဆက်ပြောသည်။
ဒေါ်စုအမှုကိုလိုက်ပေးနေသည့် ရှေ့နေတွေကလည်း တကယ်လို့ တရားဥပဒေနှင့်အညီသာ ဆောင်ရွက်မယ်ဆိုရင် သူမအနေဖြင့် လုံးဝလွတ်လာရမည့် အခြေအနေရှိသည်ဟု ပြောပါသည်။
ရန်ကုန်မြို့ခံ နှင့် မြန်မာအရေးလေ့လာသူတွေကလည်း နိုင်ငံတကာဖိအားနှင့် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲကနေလွတ်လာနိုင်သည်ဟု ထင်မြင်ချက်ပေးကြပါသည်။
ရန်ကုန်မြို့ပေါ်ရှိ မြန်မာနိုင်ငံအရေးကို လေ့လာနေသည့် တက္ကသိုလ်ဆရာတစ်ယောက်၏ ထင်မြင်ချက်ကတော့ “ တရားရုံးအနေနဲ့ သူမကိုတော့ထောင်ချနိုင်တယ်၊ ဒါပေမယ့် မြန်မာအစိုးရရဲ့ တရားရုံး တရားစီရင်မှုလွဲမှားတယ်လို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတကာရဲ့မျက်နှာသာရအောင် ဒေါ်စုကို ပြန်လွတ်ပေးနိုင်တယ်။ ဒါကလည်း သူတို့ရဲ့ကစားကွက်တစ်ခု ဖြစ်လာမလားလို့ ကျွန်တော်ထင်မိတယ်။ ဆိုလိုတာက ဒေါ်စုလွတ်လာဖို့ရှိတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ နအဖအနေဖြင့် သူမကို ဆက်ဖမ်းထားရင် လာမယ်ရွေးကောက်ပွဲရဲ့ ဖြစ်နိုင်ခြေက မရှိသလောက်ပါပဲ။ အကြောင်းက အဆီယံအပါအဝင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မရနိုင်လို့ပါ။ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကလည်း ပိုဝေးသွားမယ်” ဟုပြောသည်။