ရန်ကုန်မြို့၏ အချက်အချာနေရာတွေဖြစ်သည့် မြို့တော်ခန်းမ၊ သိမ်ကြီးစျေး၊ မီးပွိုင့်လမ်းဆုံ နှင့် လူစည်ကားရာ နေရာတော်တော်များများမှာ လမ်းပိတ်တဲ့ သံဆူးကြိုး သစ်သားတိုင်အတော်တော်များများကို ယမန်နေ့ကစပြီး ဖြန့်ကျက်ချထားသည်ကို တွေ့ရပါသည်။
ယခုလို ထင်ထင်ရှားရှား လမ်းပိတ်ဖို့ချထားက ဒီနှစ်အနည်းငယ်အတွင်းမှာ ထူးထူးခြားခြားချထာပြီး ပိုထူးခြားတာက လမ်းဆုံးမှာ ယခုအသင့်ထားထားသည့် သံဆူးကြိုး သစ်သားတိုင်တွေက အသစ်လုပ်ထားတာကို တွေ့ရသည်။ သံဆူးကြိုးရို်က်ပြီးသား သစ်သားပေါ် မျဉ်းကြား သုတ်ထားတဲ့ အဖြုုနှင့် အနီဆေးတွေကလည်း အသစ်ဆက်ဆက်ဖြစ်နေပါသည်။
ရန်ကုန်မြို့ခံတွေ၏ အဆိုရ ယခုလို သံဆူးကြိုး သစ်သားတိုင်တွေချထားက ၈၈ နှစ်ပတ်လည်းဖြစ်တဲ့ လာမည့်စနေနေ့နှင် ့နီးကပ်လို့ဖြစ်သည်။ နောက်တစ်ချက်ကလည််း ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမယ့် သြဂုတ်လ ၁၁ ရက်နေ့ နှင့် နီးကပ်လို့ဆိုပြီး ပြောကြသည်။
ရခိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းတင်ကို မေးကြည့်ရာ “ ဒါဟာ နိုင်ငံရေးအလားလားနဲ့ တိုက်ရိုက်ပတ်သက်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတာနဲ့ လည်းသက်ဆိုင်နိုင်တယ်၊ ခါတိုင်းလည်း ၈၈ နှစ်ပတ်လည်တော်တော်များများကို ဖြတ်လာတာပဲ လုံခြံုရေးတင်ကြပ်ထားတာကလွဲလို့ အခုလိုသံဆူးကြိုးနဲ့ သစ်သားတိုင်သစ်တွေ သိသိသာသာ မချထားဘူး။ ဒါဟာ တခုခုအတွက် အသင့်ပြင်ထားတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမှတ်မယ့်နေ့ကို ရွှေ့ဆိုင်းလိုက်သည့် အချိန်ကစပြီး ၈၈ နှစ်ပတ်လည်းနေ့လည်း နီးကပ်လာသောကြောင့် လူထုဆူပူမှုတွေဖြစ်လာနိုင်မှာစိုးလို့ မြန်မာအစိုးရက စိုးရိမ်နေကြသည်။ လက်ရှိအခြေအနေက အတော်ကို အရေးကြီးလာသည့် အခြေအနေတွေ ရောက်လာလို့ ယခုလို့ မချထားဘူးတဲ့ သံဆူးကြိုးသစ်သားတိုင်တွေကို ဖြန့်ကျက်ချထားတာဖြစ်နိုင်ကြောင်း ရန်ကုန်မြိုံ့ရှိ တက္ကသိုလ် ကျောင်းသားတစ်ဦးကပြောသည်။