စစ်တကောင်း တောင်းတန်းနယ်မှ ပြန်ပေးဆွဲမူ ရခိုင် လက်နက်ကိုင်များနှင့် ပတ်သက်မူ မရှိ

စစ်တကောင်း တောင်းတန်းနယ်မှ ပြန်ပေးဆွဲမူ ရခိုင် လက်နက်ကိုင်များနှင့် ပတ်သက်မူ မရှိ
ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်တွင် များမကြာမှီက ပေါ်ပေါက်ခဲ့သော ပြန်းပေးဆွဲမူတွင် ရခိုင်လက်နက်ကိုင် တော်လှန်ရေး ပါတီများ ပါ၀င် ပတ်သက်မူ မရှိကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ် ပြောဆိုသည်။ ...

ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်တွင် များမကြာမှီက ပေါ်ပေါက်ခဲ့သော ပြန်းပေးဆွဲမူတွင် ရခိုင်လက်နက်ကိုင် တော်လှန်ရေး ပါတီများ ပါ၀င် ပတ်သက်မူ မရှိကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ် ပြောဆိုသည်။

ယခု ပြန်ပေးဆွဲမူကို ကျူးလွန်သော အဖွဲ့အစည်းမှာ များမကြာမှီက ဖွဲ့စည်းလိုက်သော Chittagong Hill Tracts Nationalist Forum (CHTNF)အဖွဲ့ဖြစ်သည်ဟု ပြောသည်။

အဆိုပါ အဖွဲ့သည် လွန်ခဲ့သော အင်္ဂါနေ့က စီးပွားရေးသမား ဖြစ်သူ ဖါရုဒ်အာမတ်အား ဘင်ဒရိုဘင် ခရိုင် ရခိုင်ဝ ( ရွာချောင်းဆရီ) မြို့နယ်မှ ပြန်ပေးဆွဲသွားခဲ့သည်။

အဆိုပါ ပြန်ပေးမူတွင် ရခိုင်လက်နက်ကိုင် အဖွဲ့များ ပါ၀င် ပတ်သက်ကောင်း ပတ်သက်နို်င်သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပြန်ပေးဆွဲခံရာမှ လွတ်မြှောက်လာသူ ဖါရုဒ်မှ ၎င်းအား ပြန်ပေးဆွဲသွားသော အဖွဲ့မှာ CHTNF က ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။

စီးပွားရေး သမား ဖါရုဒ်မှ ယမန်နေ့ နံနက်က ပြန်လည် လွှတ်မြှောက်လာပြီးနောက် သတင်းထောက်များအား ပြောကြားရာတွင် သူ့အား ပြန်ပေး ဆွဲယူသွားသော CHTNF မှာ စစ်တကောင်းတောင်တန်းနယ်မှ ပြည်သူများ လွှတ်မြှောက်ရေး အတွက် တိုက်ပွဲဝင်နေသော အဖွဲ့ ဖြစ်ကြောင်း ပြောဆိုသည်။

ဘင်္ဂလာရဲအဖွဲ့က သူလွှတ်မြှောက်ရေးအတွက် မိသားစုများက တာကာ ငွေ(၂) သိန်း ပြန်ပေးသမားများကို ပေးခဲ့ရသည်ဟု ပြောကြားသော်လည်း မိသားစုများကမူ အဆိုပါ ပြောကြားချက်ကို ငြင်းဆိုသည်။

စစ်တကောင်းတောင်တန်းနယ်မှ စစ်တပ်များကို ရုတ်သိမ်းရန် စီစဉ်နေစဉ် ယခုကဲ့သို့ ဘင်္ဂလီ စီးပွားရေး သမား တဦးကို လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း တခုမှ ပြန်ပေးဆွဲမူ ပေါ်ပေါက်ခဲ့သဖြင့် တောင်တန်းနယ်တွင် အခြေချနေထိုင်သူ ဘင်္ဂလီများက သူတို့အတွက် စစ်တပ် လုံခြံုရေး လိုအပ်သည်ဟု ဆိုကာ ယမန်နေ့က ဘင်ဒရိုဘင် ခရိုင်မြို့ ကော်မရှင်နာ မင်းကြီးရုံးတွင် ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု သတင်း ရရှိသည်။

Most read this week