မြန်မာ့စီးပွားရေးဘဏ်မှ ငွေစက္ကုုအဟောင်းများ လဲပေးနေ

မြန်မာ့စီးပွားရေးဘဏ်မှ ငွေစက္ကုုအဟောင်းများ လဲပေးနေ
ယမန်နေ့ကစပြီး ပြည်သူများ သုံးစွဲနေသည့် ၁၀ တန်မှ ၂၀၀ ထိဟောင်း နွမ်းနေသော ငွေစက္ကူများကို ရန်ကုန်မြို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ခွဲ ငွေစက္ကုုလဲလှယ်ရေးကောင်တာနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်ခွဲအ သီးသီးမှာ လဲလှယ်ပေးနေ ...

ယမန်နေ့ကစပြီး ပြည်သူများ သုံးစွဲနေသည့် ၁၀ တန်မှ ၂၀၀ ထိဟောင်း နွမ်းနေသော ငွေစက္ကူများကို ရန်ကုန်မြို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ခွဲ ငွေစက္ကုုလဲလှယ်ရေးကောင်တာနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်ခွဲအ သီးသီးမှာ လဲလှယ်ပေးနေပါသည်။

ငွေစက္ကုုတွေကို လဲလှယ်ပေးရာတွင်  ၄င်းတို့၏ သတ်မှတ်ချက်ပြည့်စုံမှသာ လဲလှယ်ပေးပြီး၊ လူတစ်ဦးကို ငွေစက္ကုုဟောင်း ၁၀ ရွက်နှုန်းထက်မပိုပဲ လဲ ပေးနေပါသည်ဟု သိရသည်။

“လဲလှယ်မယ့် ငွေစက္ကုုအဟောင်းတွေကို သတ်မှတ်ချက်ပြည့်စုံမှ လဲလို့ရ တယ်၊ သတ်မှတ်ချက်ထဲမှာ ငွေစက္ကုုအပေါ်ကို ဆယ်လိုတိပ် ကပ်ထား တာမရှိမှ လဲလှယ်ပေးမယ်၊ တချို့ကလည်း တဆင့်ခံ အနေနဲ့ ငွေလဲလှယ် နိုင်တယ်၊ ၄င်းလဲလှယ်ခအတွက် ၁၀ ရာခိုင်နှုန်းတပ်ဆောင်း အပိုပေး ရတယ်” ဟု ကိုယ်တိုင် ငွေလှယ်လဲခဲ့သူ ရန်ကုန်မြို့ ကမ်းနာလမ်းရှိ ကွန်ပျုတာ အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။

စုတ်ပြဲသွားသည့် ငွေစက္ကုုအများစုကို သိသာမှုမရှိအောင် ဆယ်လိုတိပ်ခေါ် တိပ်အကြည်နှင့် ကပ်ပြီးသုံးစွဲနေကြရကာ ကပ်ပြီးသားတိပ်တွေကို ခွာဖို့က မလွယ်သည့်ကိစ္စဖြစ်ပါသည်။

ယခုလို သတ်မှတ်ချက်ထားတာဟာ ငွေစက္ကုုလဲလှယ်ချင်သူတွေအတွက် ကသိကအောင့်ဖြစ်စေပြီး၊ ငွေလဲလှယ်မှုမဖြစ်အောင် ကြိုတင်တားထား တဲ့သဘောဆိုပြီး၊ သံသယရှိမိကြောင်း ၄င်းအရောင်းဝန်ထမ်းက ဆက် ပြောသည်။

ငွေစက္ကုုတွေ ဟောင်းနွမ်းပျက်စီးပြီး၊ အသစ်ထပ်မထုတ်နိုင်လို့ ဖြစ်ပေါ်တဲ့ အကြွေရှားပါးမှုပြဿနာက ရန်ကုန်မှာနေထိုင်ပြီး၊ ဘတ်စ်ကားစီးနေရတဲ့ ခရီးသည်တွေနှင့် ကျောင်းသူကျောင်းသားတွေအတွက် ပြဿနာရှိနေ တာကြာပြီးဟု ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားတစ်ဦးက ဆိုပါသည်။

၄င်းက “လိုင်ကားစီးတဲ့အခါ ၂၀၀ ကျပ်တန်ကျမယ့်ခရီးစဉ်ကို ၁၀၀၀ တန် ပေးပြီးတော့ ရ၀၀ ပဲပြန်အမ်းပေးနိုင်တာမျိုး၊ ၁၀၀၀ တန်ပေးပြီးတော့ ၅၀၀ တန်ပြန်ပေးထားတာကို အကြွေမရှိလို့ ခဏစောင့်ပါဦးဆိုပြီး ကျွန်တော် တို့ကိုယ်တိုင်က ပြန်တောင်းဖို့ မေ့ပြီး ကားပေါ်ကိုကနေ ဆင်းသွားတတ် တယ်၊ ကျွန်တော်တို့က ၅၀ တန်ခရီးကို ၁၀၀ ပေးပြီး စီးနေရတာကြာပြီး” ဟု သူက ဆက်ပြောသည်။

ကားစပယ်ယာတစ်ဦး၏ အဆိုရ ငွေစက္ကုုအဟောင်း ၁၀ ရွက်ကို လဲလှယ်် ဖို့အတွက် သူတို့က အချိန်ကုန်ခံပြီး မသွားနိုင်ကြောင်း၊ တကယ်လိ့ု အာ ဏာပိုင်တွေက အသစ်သုံးစွဲစေချင်ရင် တခြားနည်လမ်းတွေကိုလဲ သုံးနိုင် တယ်၊ ဥပမာ-လိုင်းကားဂိတ်တွေမှာ တရားဝင်လဲလှယ်ပေးတာမျိုး၊ အ ကြွေတွေဖြန့်ဝေထားတာမျိုးလည်း လုပ်နိုင်သည်ဟု ပြောသည်။

ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင် ဟောင်းနွမ်းနေပြီးဖြစ်သည့် ငွေ စက္ကုုမှ ပါရှိနိုင်သည့် မှိုတွေ၊ ဘက်တီးရီးယားပိုးတွေက လက်ဝယ် သုံးစွဲ နေကြသည့် ပြည်သူတွေအဖို့ ကူးစက်ရောဂါ အမျိုးမျိုးရနိုင်ပါသည်။

Most read this week