မယကမှ ကျောင်းဆရာမများကို ယူနီဖောင်းမဝတ်ခိုင်း

မယကမှ ကျောင်းဆရာမများကို ယူနီဖောင်းမဝတ်ခိုင်း
by -
ကွန်းဟဒေ့
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ ကျေးရွာများတွင် စာသင်နေကြ သော ကျောင်းဆရာ ဆရာမများကို ဘုရားသုံးဆူမြို့ မယကမှ လုံခြံုရေး အ ကြောင်းပြကာ ယူနီဖောင်းမဝတ်ရန် တားမြစ်ခဲ့ ...

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ ကျေးရွာများတွင် စာသင်နေကြ သော ကျောင်းဆရာ ဆရာမများကို ဘုရားသုံးဆူမြို့ မယကမှ လုံခြံုရေး အ ကြောင်းပြကာ ယူနီဖောင်းမဝတ်ရန် တားမြစ်ခဲ့သည်။
 
မကြာသေးမီက ဒီကေဘီအေ၊ မြန်မာအစိုးရတပ်နှင့် ကေအန်ယူတိုကြား တွင် ပဋိပက္ခများ ဖြစ်ပွားဖြစ်နောက် ဘုရားသုံးဆူမြို့ မယက ဥက္ကဌက ယခုလို ယူနီဖောင်းမဝတ်ရန် ဆိုလိုက်ခြင်းဖြစ်သည်။
 
ဇူလိုင်လ ၂၄ ရက်မတိုင်မီတွင် မယကဥက္ကဌမှ ဘုရားသုံးဆူမြို့နယ်ရှိ ကျေး ရွာ များတွင် သွားရောက်စာသင်ကြသော ဘုရားသုံးဆူမြို့နေ ဆရာမများကို လုံခြုံရေးမကောင်းခြင်း၊ မယကအနေနှင့်လည်း ဆရာမများကို လုံခြုံရေး တာဝန်မယူပေးနိုင်သောကြောင့် ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နှင့်သာ သွားရန် ညွန်ကြားခဲ့သည်ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။
 
“အရပ်ဝတ်နဲ့ သွားရတော့ ကျမအတွက် သိပ်ပြီးတော့အဆင်မပြေဘူး။ အ ရပ်ဝတ်နဲ့ဆို ကိုယ့်ကို ဆရာမမှန်း ဘယ်သူမှမသိတော့ဘူး၊ ယူနီဖောင်းနဲ့ သွားမယ်ဆိုရင် ကားတို့ ဆိုင်ကယ်တို့ကို တွေ့မယ်ဆိုရင် အကူအညီ တောင်းစီးလို့ရတယ်၊ အခုဆိုရင် အကူအညီတောင်းလို့မလွယ်ဘူး၊ ဒီကိစ္စ မယကလူကြီးတွေတင်ပြပါတယ်၊ သူတို့လက်မခံတော့ ဒီလိုပဲ သွားရတာ ပေါ”့ ဟု ဆရာမဦးက ဆက်ပြောသည်။
 
ကျောင်းဆရာမများအနေဖြင့် ယူနီဖောင်းဝတ်စုံဝတ်လိုသော်လည်းပဲ၊ အ ကယ်၍ယူနီဖောင်းဝတ်စုံဖြင့်သာ သွားလျှင် လမ်းခုလတ်တွင် ကေအန် ယူတပ်ဖွဲ့မှ အန္တရာယ်ပြုမည်ဆိုပါက မယကအနေဖြင့် လုံခြုံရေး တာဝန် မယူပေးနိုင်သောကြောင့် ယခုကဲ့သို့ အရပ်ဝတ်နဲ့သာ သွားလာနေရ သည်ဟု ၄င်းက ဆက်ပြောသည်။
 
“ကျမတို့က ယူနီဖောင်းနဲ့သွားချင်တယ်၊ ယူနီဖောင်းနဲ့သွားမယ်ဆိုရင်လည်း သူတို့ (ကေအန်ယူ) တို့ အန္တရာယ်မပြုပါဘူး၊ ကျမတို့က ဆရာမပဲလေ၊ ဒါ ပေမယ့် သူတို့ (မယက) က ယူနီဖောင်းဝတ်ဖို့ လက်မ ခံတော့ ကျမတို့လဲ မဝတ်ရဲဘူး” ဟု ပြောသည်။
 
လွန်ခဲ့သည့်လက Kaowao သတင်းတွင် ကေအန်အယ်(လ်)အေသို့  ကေပီ အက်ဖ် နှင့် ဒီကေဘီအေ အင်အား ရ၀ ခန့် လက်နက်မျိုးစုံ ရ၀ ဖြင့် လာ ရောက်ပူးပေါင်းသည်ဟု သတင်းများထွက်ပေါ်ပြီးနောက်ပိုင်း တွင် ဘုရား သုံးဆူမြို့နယ်ရှိ ဒေသခံများက ကြောက်ရွ့ံနေကြသည်။
 
ထိုအကျိုးဆက်ကြောင့်ပင် မယကဥက္ကဌမှလည်း ကျောင်းဆရာမများ၏ လုံခြုံရေးကို တာဝန်မယူနိုင် သောကြောင့် ယခုကဲ့သို့ ယူနီဖောင်းမ ဝတ်ခိုင်းခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

Most read this week