ကမ္ဘာ့လူတုပ်ကွေးရောဂါ A(H1N1) ဖြစ်ပွားသူ သုံးဦး ထပ်မံတွေ့ရှိသည့်အတွက် မြန်မာနိ်ုင်ငံတွင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၃ ဦးရှိပြီဟု ယနေ့ထုတ်မြန်မာအစိုးရပိုင် သတင်းစာတွင် ဖော်ပြထားပါသည်။
ကျန်းမာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံမှ ဝင်ရောက်လာသူများကို ကမ္ကာ့လူတုပ်ကွေးရောဂါ ရှိ၊ မရှိစစ်ဆေးရာ မလေးရှားနိုင်ငံမှ ပြန်လည်သော အမျိုးသားသုံးဦးမှာ A(H1N1) ပိုးတွေ့ရှိရပြီး ၄င်းလူနာများကို အနီးကပ်စောင့် ကြည့်နေကြောင်း သတင်းစာတွင် ရေးသားထားသည်။
A(H1N1) ရောဂါပိုးတွေ့ရှိသူ လူနာ ၃ ဦးသည် TG-303 လေယာဉ်စီး ခရီစဉ်ဖြင့် ၄င်းတို့နှင့် လိုက်ပါလာသည် ခရီးသည် ၁၇၂ ဦးနှင့် MH-740လေယာဉ်ခရီးစဉ်ဖြင့် ခရီးသည် ၁၅၁ ဦးနှင့် လေဆိပ်ဝန်ထမ်း ၁၃၈ ဦးတို့အား တုပ်ကွေးရောဂါ ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်ဟု ၄င်းတွင် ဖော်ပြထားသည်။
၄င်းတို့၏ မိသားစုဝင် ၁၇ ဦးတို့ကိုလည်း ရန်ကုန်ကျန်းမာရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့်လျှက် ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကမ္ကာ့လူတုပ်ကွေး ဖြစ်ပွားသူ ၁၃ ဦးအနက်မှ ၄ ဦးမှာ ရောဂါပျောက်ကင်းသဖြင်း ဆေးရုံမှ ဆင်းခွင့်ပြုလို်က်ပြီးဖြစ်သည်။ ကျန်ရစ်သည့်လူနာတွေကိုလည်း ဝေဘာဂီဆေးရုံ၊ အင်းစိန်အထွေထွေရောဂါကု ဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံနှင့် ကလေးဆေးရုံတွင် ကုသလျက်ရှိကြောင်း အစိုးရပိုင် သတင်းစားတွင် ဖော်ပြထားသည်။
မြန်မာအာဏာပိုင်များက နယ်စပ်ဝင်ပေါက်များတွင် ကမ္ကာ့လူတုပ်ကွေးရောဂါကို တင်းကြပ်စွာ ဆေးစစ်မှုများ ပြုလုပ်နေသည် ဟုသိရသည်။ သို့သော်လည်း ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် ဘုရားသုံးဆူမြို့ကဲ့သို့ တရားမဝင် ဝင်ထွက်မှုရှိနေသည့်အတွက် ကမ္ကာ့လူတုပ်ကွေးရောဂါ ကူးစက်သူ ရှိနိုင်သည်ဟု ဒေသခံတွေက သံသယဖြစ်နေကြပါသည်။
ရန်ကုန်မြို့ ဆရာဝန်တစ်ဦး၏ အဆိုအရ “ကမ္ကာ့လူတုပ်ကွေးရောဂါ ဖြစ်ပွားသူတွေ ၁၃ ဦးမကဘူး၊ ဘာဖြစ်လိုလဲဆိုတော့ အာဏာပိုင်တွေက လေကြောင်းလိုင်းက ဝင်လာတဲ့ ခရီးသည်တွေပဲ အဓိကထားပြီး စစ်ဆေးမှုတွေပိုလုပ်နေတယ်။ နယ်စပ်ကနေ ဝင်လာတဲ့ ပြည်သူတွေ နေ့တိုင်းရှိတာပဲ၊ ပြီးတော့ ဒီရောဂါက တစ်ဦးကနေ တစ်ဦး အလွယ်တကူ ကူးစက်နိုင်တဲ့ ရောဂါပဲ” ဟု ပြောသည်။
မြန်မာနိ်ုင်ငံတွင် ကမ္ကာ့လူတုပ်ကွေး ရောဂါပိုးရှိသည့်ဟု သံသယရှိ ၁၂၀ ဦးကို ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ရောဂါပိုးရှိသူ ၁၃ ဦးသာတွေ့ရှိခဲ့သည်။ ယခုအချိန်အထိ A(H1N1) နှင့် သေဆုံးသူ တစ်ဦးမျှမရှိသေးကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
Published
Monday, August 3, 2009 - 15:57
A(H1N1) ဖြစ်ပွားသူ မြန်မာနိုင်ငံတွင် ၁၃ ဦးရှိပြီဖြစ်
ကမ္ဘာ့လူတုပ်ကွေးရောဂါ A(H1N1) ဖြစ်ပွားသူ သုံးဦး ထပ်မံတွေ့ရှိသည့်အတွက် မြန်မာနိ်ုင်ငံတွင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၃ ဦးရှိပြီဟု ယနေ့ထုတ်မြန်မာအစိုးရပိုင် သတင်းစာတွင် ဖော်ပြထား ...