မိုးလေဝသကြောင့် အမြန်ရေယာဉ် ပြေးဆွဲမှု ရပ်နား

မိုးလေဝသကြောင့် အမြန်ရေယာဉ် ပြေးဆွဲမှု ရပ်နား
တနင်္သာရီတိုင်း မိုးလေဝသအခြေအနေကြောင့် ၁၀ ရက်ခန့် တနင်္သာ ရီကမ်းရိုးတန်းတွင် ပြေးဆွဲနေသည့်အမြန်ရေယာဉ် ပြေးဆွဲမှုကို ရပ် နားထားခဲ့သည်ဟု အမြန်ယာဉ်လက်မှတ်ရောင်းသူနှင့် နီးစပ်သူက ပြော ...

တနင်္သာရီတိုင်း မိုးလေဝသအခြေအနေကြောင့် ၁၀ ရက်ခန့် တနင်္သာ ရီကမ်းရိုးတန်းတွင် ပြေးဆွဲနေသည့်အမြန်ရေယာဉ် ပြေးဆွဲမှုကို ရပ် နားထားခဲ့သည်ဟု အမြန်ယာဉ်လက်မှတ်ရောင်းသူနှင့် နီးစပ်သူက ပြောသည်။
 
၄င်း၏အဆိုအရ “ဇူလိုင် ၂၀ ကတည်းကပဲ မပြေးဆွဲတာ ဒီနေ့အထိပဲ၊ ရာ သီဥတုကြောင့်ပဲ မိုးလည်းကြီး တယ်လေ” ဟု ဆိုသည်။ အမြန်ယာဉ် ပြေး ဆွဲသည် မပြေးဆွဲသည်ကို ညနေ ၈ နာရီကျော်ခန့်တွင် သိရှိရသည်ဟု လက်မှတ်ရောင်းသူက ပြောသည်။
 
၄င်းအမြန်ယာဉ်သည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ ကော့သောင်း မြို့အထိ နေ့စဉ််နှစ်စီး နှုန်းဖြင့် ပြေးဆွဲသည်။ ၄င်းအမြန်ယာဉ်ခရီးသည် ထားဝယ်-မြိတ်-ကော့သောင်းမြို့သို့ တစ်နေ့ခန့် ကြာမြင့်သည်။
 
ထားဝယ်မြို့မှ ကော့သောင်းသို့ပြေးဆွဲနေသည့်အမြန်ရေယာဉ် ၉ စီးခန့်ရှိပြီး ပုဂ္ဂလိကပိုင်များဖြစ်သည်။ တစ်စီးလျှင် ခရီးသည် ၂၀၀-၄၀၀ ခန့်သယ် ဆောင်နိုင်ပါသည်။
 
“မိုးသက်လေပြင် တစ်နာရီ ၄၀-၄၅ မိုင်တိုက်ခတ်နိုင်တဲ့အတွက်ကြောင့် အစိုးရဘက်က မပြေးဆွဲဖို့ ပြောတယ်။ တရားဝင် ကြေငြာချက် ထုတ် ထားတာတော့မဟုတ်ဘူး” ဟု လက်မှတ်ရောင်းသူနှင့်နီးစပ်သူက ပြောသည်။
 
“ကျနော်လူတွေလည်း ကော့သောင်းကိုလာဖို့ရှိတယ်။ ရေလမ်းက မပြေး ဆွဲတော့ ထားဝယ်မှာ သောင်တင်နေတယ်။ ဒါကြောင့် ကော့သောင်း ကိုအမြန်ရောက်ဖို့ လေယာဉ်ခရီးစဉ်ရှိရင် လေယာဉ်နဲ့ အမြန်လာ၊ ဒါမ မဟုတ် အမြန်ရေယာဉ်ပြေးဆွဲရင် အမြန်ယာဉ်နဲ့ အမြန်လာဖို့ ပြော ထားယ်။ အခု ကျနော်လူက ထားဝယ်မှာ ရှိနေတုန်းပဲ” ဟု ၄င်းက ဆက်ပြောသည်။
 
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အား ကောင်းရာမှ အားအလွန်ကောင်းလျက်ရှိ သည်။ မြန်မာ့ပင်လယ်ပြင်တွင်မူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
 
မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြလေသည် တစ်နာရီ  မိုင် ၄၀ တိုက် ခတ်နိုင်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ ခရီး သည်တစ်ဦး၏အဆိုအရ ရေလမ်းသာမက လေကြောင်းလမ်းမှာလည်း မိုးလေဝသသတင်းကြောင့် ရန်ကုန်မှ ထားဝယ်နှင့် မြိတ်မြို့သို့ ဆင်းသက် မည့်လေယာဉ်မှာလည်း ခေတ္တခဏရပ်နားထားပြီး ရန်ကုန် -ကော့သောင်း ခရီစဉ်မှာ ပုံမှန်အတိုင် ပြေးဆွဲလျှက်ရှိသည်။
 
အမြန်ရေယာဉ်နှင့် လေကြောင်းပြေးဆွဲမှု ယာယီရပ်နားထားသည့်အတွက် ၄င်းမြို့တို့တွင် ခရီးသည်များ သောင်တင်နေကြသည်ဟု ၄င်းခရီးသည်တစ် ဦးက ပြောသည်။ ထားဝယ်မှ ကော့သောင်းသို့ အမြန်ရေယာဉ်စရိတ်မှာ တနင်္သာရီတိုင်းအတွင်းမှ ခရီးသည်တစ်ဦးဖြစ်ပါက ကျပ် ၄၅၀၀၀ ပေးရ သည်။ အခြားပြည်နယ်နှင့် တိုင်းမှလာသောခရီးသည်ဖြစ်ပါက တစ်ဦးလျှင် ရ၅၀၀၀ ကျပ်ပေးဆောင်ရပြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဆင်းခွင့်ရ ရန်အတွက် အာဏာပိုင်တို့အား ကျပ် ၃၀၀၀၀ အပိုပေးဆောင်ရသည်။
 
အမြန်ရေယာဉ်နှင့် လေယာဉ်ပြေးဆွဲမှု ယာယီရပ်နားထားသော်လည်း မီးသွေး၊ သစ်များသယ်ဆောင်သည့် လှေနှင့် ငါးဖမ်းလှေများမှာ ဆက် လက်ပြေးဆွဲလျှက်ရှိသည်။

Most read this week