စစ်အစိုးရ ဖိအားကြောင့် လားဟူပြည်သူ့စစ်အဖွဲ့ တောပြန်ခိုမည့် အလားအလာများ

စစ်အစိုးရ ဖိအားကြောင့် လားဟူပြည်သူ့စစ်အဖွဲ့ တောပြန်ခိုမည့် အလားအလာများ
စစ်အစိုးရ၏ သွေးခွဲအုပ်ချုပ်၊ ဖဲ့ထုတ်စည်းရုံးမှုအပေါ် အနာဂတ်အမျိုးသားရေးအတွက် ဆက်လက်ရပ်တည်နိုင်ရန် ၀န်လေးမိ ကြောင်း၊ ထို့ကြောင့် လားဟူလက်နက်ကိုင် တပ်ဖွဲ့များအချို့ တောခိုလာနိုင်ကြောင်း လားဟူအသိုင်းအဝိုင်းက ဆို ...

 
စစ်အစိုးရ၏ သွေးခွဲအုပ်ချုပ်၊ ဖဲ့ထုတ်စည်းရုံးမှုအပေါ် အနာဂတ်အမျိုးသားရေးအတွက် ဆက်လက်ရပ်တည်နိုင်ရန် ၀န်လေးမိ ကြောင်း၊ ထို့ကြောင့် လားဟူလက်နက်ကိုင်တပ်ဖွဲ့များအချို့ တောခိုလာနိုင်ကြောင်း လားဟူအသိုင်းအဝိုင်းက ဆိုသည်။
 
၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ မိုင်းဆတ်မြို့နယ်အတွင်း စည်းရုံးရေးဆင်းသည့် စစ်အစိုးရတပ်မှူးတဦးက - “ပြည်ထောင် စုအပေါ်သစ္စာမဖေါက်တာ လားဟူတို့ဘဲရှိတယ်၊ နိုင်ငံတော်အကြီးအကဲလမ်းညွှန်တဲ့အတိုင်းအားသွန်ခွန် စိုက်ဆက်လက် ကြိုးပမ်းသွားမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ထိုက်တန်တဲ့ ရာထူးရာခံတွေချီးမြှင့်ပေးမယ်” - ဟု ပြောဆိုစည်းရုံးချက် အပေါ် အနာဂတ်အတွက် စိတ်ပူမိသည်ဟု လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့ခေါင်း ဆောင် ပိုင်းများ၏ ပြော ကြားချက်အရသိရပါသည်။
 
“နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားမယ်ဆိုရင် - ဆိုတဲ့အဓိပ္ပါယ်က ၂၀၁၀ မတိုင်ခင် စစ် အစိုးရကို ဆန့်ကျင်တဲ့ အပစ်ရပ်အဖွဲ့တွေ၊ တော်လှန်တိုက်ခိုက်နေဆဲဖြစ်တဲ့ သျှမ်းပြည်တပ်မတော်တို့တွေကို တိုက်ခိုက်နှိမ် နင်းဖို့အတွက် သူ့တို့ရှေ့ပြေးတပ်အဖြစ် လားဟူပြည်သူ့စစ်ကို မုချအသုံးချမှာဘဲ ၊ KNU ကိုတိုက်ဖို့ DKBA ကိုအသုံးချ သလိုပေါ့”- ဟု LDU  Lahu Democratic Union  က နာဗီးဘို က ဆိုသည်။
 
လားဟူအမျိုးသားလက်နက်ကိုင်အဖွဲ့သည် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့တိုင်သူတပါးအကျိုးအတွက်တာ တိုက်ပွဲ ဆင်နွဲလာခဲ့ရပြီး အသက်ပေါင်းများစွာသေကျေဆုံးရှုံးရကြောင်း၊ အနာဂတ်မှာ သူတပါးအတွက် အသက်ပေးဆပ်ရမည့် စစ်ပွဲမျိုးမဆင်နွှဲလိုတော့ဘဲ မိမိအမျိုးသားဘိုးဘွားဘီဘင်ပေးအပ်ခဲ့သည့် ရေမြေဒေသကို ကာကွယ်မည့်စစ်ပွဲမျိုးသာ ဆင်နွှဲ လိုကြောင်း LDU အဖွဲ့ဝင် စောလမွန်ကပြောပါသည်။
 
“ကိုမင်တန်ခေတ်ကလဲ ကွန်မြူနစ်ကိုတိုက်ရတယ်။ နောက်ပိုင်း ဗမာတပ်ဘက်နေပြီး ဗမာပြည်ကွန်မြူနစ်ပါတီကိုထပ်တိုက် ပေးရတယ်။ အခုခေတ်မှာလည်း စစ်အစိုးရဘက်နေပြီး မိမိနဲ့အတူ အေးအတူပူအမျှနေထိုင်လာတဲ့ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေကို ထပ်တိုက်ပေးရမယ်ဆိုတော့ မဟုတ်တော့ဘူး။ အမျိုးအတွက် တကယ်တိုက်ပွဲဝင်ရမယ့် အချိန်ရောက် ပြီ”- ဟု ပြောပြ၏။
 
သျှမ်းပြည် သံလွင်အရှေ့ခြမ်းတွင် လားဟူတိုင်းရင်းသားအများအပြားနေထိုင်ကြောင်း၊ ၀ နယ် ၀ိန်းကောဝ် နှင့် မိုင်းပေါက် ခရိုင်အတွင်းတွင်လည်းအများအပြားရှိကြောင်း၊ လားဟူပြည်သူ့စစ်အဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး KNU ကိုတိုက်နေသည့် DKBA ကဲ့သို့ သမရိုးကျ စစ်မျိုးတိုက်နိုင်သည့်အစဉ်အလာ မရှိကြောင်း၊ လားဟူတပ်သည် ပြောက်ကျား စစ်ဖြင့် ၎င်းင်းတို့နယ်ထဲကျွံလာသည့်ရန်သူကိုသာ ခုခံတိုက်ခိုက်သည့်အစဉ်အလာသာ ရှိကြောင်းဆိုပါသည်။
 
“အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုတိုက်ဖို့ စစ်အစိုးရက လားဟူတပ်ကို အသုံးချမယ်ဆိုရင်၊ ဆန့်ကျင်တိုက် ခိုက်နေတဲ့အုပ်စုနဲ့ ပူးပေါင်းမယ့် အပိုင်းတွေတော်တော်များများတွေ့ရတယ်” - ဟု စောလမွန်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြော၏။
 
အခြားသျှမ်းပြည်ဘွား တိုင်းရင်းသားညီအစ်ကို လက်နက်ကိုင်တပ်ဖွဲ့အား -“ လားဟူလက်နက်ကိုင်တပ်ဖွဲ့တွေကို ဗမာစစ် အစိုးရရဲ့ လက်ကိုင်ဒုတ်အဖြစ် မမြင်သင့်ကြောင်း၊ တကယ်လို့ သူတို့ထိန်းချုပ်နယ်မှ တောခိုလာပါက လက်ကမ်းကြိုဆို အား ပေးပါရန် မေတ္တာရပ်ခံလိုပါတယ်”- ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါသည်။
 
လားဟူအမျိုးသားတို့သည် ၁၉၇၃  ဇန္နဝါရီလ ၁၀ ရက်တွင် ပူကျောင်းလုံ ဦးဆောင်ကာ သံလွင်အရှေ့ခြမ်း မိုင်းဆတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၁၁/၁/၁၉၇၃ ရက်နေ့တွင် မိုင်းတုံမြို့ကို ဆက်လက်သိမ်းပိုက်ကာ တော်လှန်ရေးခရီး စတင်ခဲ့ သည်။ ထိုစဉ်က မိုင်းဆတ်တွင် ခလရ ၄၉ နှင့် မိုင်းတုံ တွင် ခလရ ၆၅ သာရှိပြီး ထိုနောက်ပိုင်း စစ်အစိုးရတပ်ရင်းများတိုးချဲ့ လာရာ ယနေ့ဆိုလျှင် ထိုနှစ်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၁၀ ရင်းရှိကြောင်း၊ အမြောက်တပ် သံချပ်ကာတပ် နှင့် အခြား တပ်ရင်းများမပါသေးကြောင်း ဆို၏။
 
စစ်အစိုးရ၏ နားဂစ်ဖွဲ့စည်းပုံတွင် သျှမ်းပြည်ရှိ ကိုးကန့်၊ ၀၊ ဓနု နှင့် ပအိုဝ်းတိုင်းရင်းသားများအတွက်  ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ/တိုင်း ပေးထားသော်လည်း သံလွင်အရှေ့ခြမ်းတွင် လူဦးရေသိန်းချီရှိသည့် လားဟူအမျိုးသားများအတွက်မူ ထည့်တွင်းဖေါ်ပြထားခြင်းမရှိပေ။
 
သံလွင်အရှေ့ခြမ်းတွင် လားဟူအဖွဲ့ တဖွဲ့လျှင် အင်အား ၁၀ ယောက်ကျော်မှ ၂၀၀ ကျော် ၃၀၀ ၀န်းကျင်ရှိသည့် အဖွဲ့ကြီး/ ငယ်ပေါင်း ၂၀ ဖွဲ့ခန့်ရှိကြောင်း၊ အင်အားစု အားလုံးပေါင်းလျှင် ၁၀၀၀ ခန့်ရှိနိုင်ကြောင်း၊ စစ်အစိုးရအထောက်အပံ့ဖြင့် လွတ်လပ်သည့်ထိန်းချုပ်နယ်မြေနှင့် ကိုယ်ပိုင်မူးယစ်ဆေးဝါးချက်ရုံရှိသည့် အဓိကအင်အားကြီးတပ်ဖွဲ့ ၃ ဖွဲ့(ဂျငွဲ့ ဦးဆောင် သည့် ပူနားကိုအဖွဲ့၊ ဂျတယ်အဖွဲ့ နှင့် နမ့်ပုံအဖွဲ့)တို့ပါ၀င်ကြောင်း ဆိုပါသည်။