မြန်မာရွေ့ပြောင်းအလုပ်သမား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံရ

မြန်မာရွေ့ပြောင်းအလုပ်သမား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံရ
မြန်မာရွေ့ပြောင်းအလုပ်သမား (၁) ဦးကို ထိုင်းနိုင်ငံ၊ ချွန်ဘွန်းခရိုင်တရားရုံးမှ ယမန်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချလိုက်သည်။ ထောင်ဒဏ် အချခံရသည့် မြန်မာအလုပ်သမားသည် နိုင်ချိုင်းဖြစ်ပြီး ၄င်းသည် မွန်လူမျိုးတစ်ဦးဖြစ်သည် ...

 
မြန်မာရွေ့ပြောင်းအလုပ်သမား (၁) ဦးကို ထိုင်းနိုင်ငံ၊ ချွန်ဘွန်းခရိုင်တရားရုံးမှ ယမန်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချလိုက်သည်။ ထောင်ဒဏ် အချခံရသည့် မြန်မာအလုပ်သမားသည် နိုင်ချိုင်းဖြစ်ပြီး ၄င်းသည် မွန်လူမျိုးတစ်ဦးဖြစ်သည်ဟု မြန်မာ့အလုပ်သမားအရေးကို လိုက်လံဆောင်ရွက်ပေးနေသည့် (FTUB) တာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။
 
ချွန်ဘွန်းခရိုင် ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမား (၃) ဦးကို လူသတ်မှုဖြင့် ၂၀၀၇ ခုနှစ်ကတည်းက ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသည့် အလုပ်သမားများမှာ နိုင်ချိုင်း အသက် ၂၆ နှစ်၊ နိုင်မောင်တူး ၂၃ နှစ်နှင့် နိုင်ကျော်သူစိုး ၂၀ နှစ်တို့ဖြစ်ကြသည်။ ၄င်းတို့ထဲမှာ ပြစ်မှုကျုုးလွန်းခြင်မရှိသူ နိုင်မောင်တူးနှင့် နိုင်ကျော်သူစိုး ကို ထောင်ဒဏ် ကင်းလွတ်ခွင့်ပေးလိုက်သည်။
 
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ချွန်ဘွန်းခရိုင် လမဲကျေးရွာတွင် ရာဘာခြစ်နေသော မြန်မာအလုပ်သမား မိသားစု နိ်ုင်တွဲနှင့် သူ၏ဇနီး ဒေါ်ခင်နှင့်အတူ သမီး (၂) ဦးကို အမည်မသိလူတစ်စုက သေနတ်ဖြင့်ပစ်ခတ်ပြီး ဓါးဖြင့် ခုတ်သတ်ခဲ့သည်။  ၄င်းမိသားစုမှ မိခင်ဖြစ်သူ ဒေါ်ခင်သည် အသက်မသေပဲ ဒဏ်ရာအပြင်းထန်ရကာ ဆေးရုံး၌ ဆေးကုသခံခဲ့သည်။
 
“အဖမ်းခံရတဲ့ အလုပ်သမား မိသားစုတွေက သူတို့အမှုကို ကူညီပေးဖို့  ကျွန်တော်တို့အဖွဲ့ကို အဆက်သွယ်လုပ်လာတယ်၊ ကျွန်တော်တို့က ထိုင်းဥပဒေအဖွဲ့စည်းတွေနဲ့ ပူပေါင်းပြီးတော့ ချွန်ဘွန်းတရာရုံးမှာ အယူခံဝင်ပြီးတော့ အမှုကိုလျောက်လဲချက်တင်ခဲ့တယ်၊ တကယ်လို့ ကျွန်တော်တို့က ဒီအမှုအတွက် သက်သေတွေ လျောက်လဲချက် မတင်နိုင်ဘူးဆိုရင် ဒီအလုပ်သမား (၃) ယောက်စလုံးက ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သေဒဏ်ထိ ကျခံနိုင်တယ်”ဟု FTUB ၏ အလုပ်သမားရေးရာအထွေထွေအတွင်းရင်းမှူး ဦးတင်ထွန်းအောင်က ပြောသည်။
 
FTUB ၏ စုံစမ်းစစ်ဆေးချက်အရ နိ်ုင်တွဲ မိသားစုကို အမည်မသိ ထိုင်းလူစု တစ်ဖွဲ့၏ ပစ်သတ်မှုကို ခံရပြီး၊ အဖမ်းခံရသည့် အလုပ်သမား (၃) ဦးကိုလည်း အတင်းကြပ် ရိုက်နှက်ပြီး၊ ဒီအမှုကိုကျုုးလွန်ခဲ့ကြောင်း ဝန်ခံခိုင်းခဲ့သည်။ သို့ပေမယ့်လည်း အခင်းဖြစ်ပွားရာတွင် အသက်မသေပဲ ကျန်ရစ်သူ ဒေါ်ခင်က ၄င်းလူသတ်မှုတွင် နိုင်ချိုင်းပါဝင်ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။
 
“ထောင်ထဲမှာ (၂) နှစ်ခန့် နေထိုင်ခဲ့ရတဲ့ နိုင််မောင်တူးနဲ့ နိုင်ကျော်သူစိုးအတွက် ကျွန်တော်တို့က ထိုင်းတရားရုံးမှာ နစ်နာကြေးတောင်းထားတယ်၊ ပြီးတော့ နိုင်ချိုင်းအမှုကိုလည်း အယူခံဝင်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ဦးတင်ထွန်းအောင်က ဆက်ပြောသည်။
 
နိုင်ချိုင်းဇနီး၏ ပြောပြချက်အရ ၄င်းတို့မိသားစုနှင့် နိုင်တွဲတို့မိသားစုသည် ရင်နှိုးကြပြီး လမဲတွင် နေထိုင်ခဲ့စဉ်က မည်သည့်ပြသာနာမှ မရှိခဲ့ဟု ပြောသည်။

Most read this week