မြန်မာစစ်အစိုးရမှ ထိုးစစ်မစခင် ကေအန်ယူမှ တပ်သားစုဆောင်း

မြန်မာစစ်အစိုးရမှ ထိုးစစ်မစခင် ကေအန်ယူမှ တပ်သားစုဆောင်း
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် မြန်မာစစ်အစိုးရမှ ၄င်း တို့အား ထိုးစစ်မစခင် ကရင်ပြည်နယ် ဘုရားသုံးဆူဒေသရှိ ကရင်လူမျိုး တို့အကြားတွင် တပ်သားသစ်များ စုဆောင်းရန် ရည်ရွယ် ...

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် မြန်မာစစ်အစိုးရမှ ၄င်း တို့အား ထိုးစစ်မစခင် ကရင်ပြည်နယ် ဘုရားသုံးဆူဒေသရှိ ကရင်လူမျိုး တို့အကြားတွင် တပ်သားသစ်များ စုဆောင်းရန် ရည်ရွယ်သည်။
 
မြန်မာစစ်အစိုးရမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေ အန်အယ်လ်အေ) လက်အောက်ရှိ တပ်မဟာ ၆ ကို ထိုးစစ်ဆင်ပြီးနောက် ကေအန်အယ်လ်အေမှ တပ်သားသစ်ကို စုဆောင်းနေခဲ့သည်။
 
ကေအန်အယ်အေမှ အသက် ၁၈ နှစ်အထက် လူငယ်များကို လွန်ခဲ့သော နှစ်များတွင်လည်း စစ်သင်တန်းပို့ချခဲ့သည်။ ထိုသင်တန်းသည် အကယ်၍ လိုအပ်ပါက ရန်သူများကို ပြန်လည်တိုက်ခိုက်ရန်အတွက် ဖြစ်သည်။
 
စစ်တာဝန်ထမ်းဆောင်ရန် တပ်သားသစ်စုဆောင်းရေအတွက် ကေအန် အယ်လ်အေမှ ကရင်ကျေးရွာများကို ကြိုတင်သ တင်းပေးပို့ပြီးဖြစ်သည်။ ကေအန်အယ်လ်အေမှ တပ်သားမစုဆောင်ရသေးသော်လည်း ဇမိမြစ် ဒေသရှိကျေးရွာများကို ရည်ရွယ်လိမ့်မည် ဖြစ်သည်။
 
အချို့ကျေးရွာရှိ လူငယ်များကို စစ်သင်တန်းပို့ချခဲ့သော်လည်း ၄င်းတို့သည် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်ဟု ဘုရားသုံးဆူရှိ ကရင်များနှင့် စကား ပြောဆိုခဲ့သော စရဖတစ်ဦးက ပြောသည်။
 
“ကေအန်အယ်လ်အေက သူတို့စစ်တပ်အတွက် ရွာသားတွေကို စုဆောင်း ဖို့ ကြိုးစားနေတယ်လို့ ကျနော်တို့လည်း ကြားတယ်” ဟု ဘုရားသုံးဆူရှိ ကရင်တစ်ဦးက ပြောသည်။
 
ဂျူလိုင်လ ၈ ရက်နေ့တွင်လည်း မြန်မာစစ်အစိုးရ စစ်တပ်နှင့် ဒီကေဘီ အေတို့ပူးပေါင်းပြီး ဘုရားသုံးဆူနှင့် ၁၂ ကီလိုကွာဝေးသော တပ်မဟာ ၆ လက်အောက်ရှိ တဲသုံးလုံးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ကေအန် ယူမှလည်း ၄င်းတို့ကိုပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
 
ကေအန်ယူ တပ်မဟာ ရ ကျဆုံးပြီးနောက် များစွာသော ကရင်ဒုက္ခသည် များ ထိုင်းနိုင်ငံသို့ ဦးတည်ဝင်ရောက် လာခဲ့ကြသည်။ မြန်မာစစ်အစိုးရ တပ်နှင့် ဒီကေဘီအေတို့ပူးပေါင်းပြီး ကေအန်ယူအား အမြစ်ဖြတ် တိုက် မည်ဟု ကေအန်ယူနှင့်နီးစပ်သောသတင်းအရ သိရပါသည်။
 
များပြာလာသော အကြမ်းဖက်မှုများသည် ကရင်အဖွဲ့အစည်းတို့အား ပြ ဿနာများစွာ ဖြစ်ပေါ်စေသည်။ ဒီကေဘီအေနှင့် ကေအန်ယူတို့ မကြာ သေးမီက တိုက်ခိုက်ခဲ့သောတိုက်ပွဲအတွင်း  ဒီကေဘီအေတပ်သား ၂ ဦး ကျဆုံးသွားခဲ့သည်ဟု ဒီကေဘီအေက ပြောသည်။ ၄င်းတိုက်ပွဲပြီးနောက် မဲကသာမှ ဘုရားသုံးဆူမြို့သို့ ဝင်ရောက်မှုကို ဒီကေဘီအေက တားမြစ် လိုက်သည်။
 
“မဲကသာဒေသက ရွာသား ၁၀ ယောက်လောက် နာမကျန်းဖြစ်နေတဲ့ အ တွက် ဘုရားသုံးဆူးဆေးရုံးမှာ  သွားကုဖို့ မြို့ထဲကို အဝင်မှာ ဒီကေဘီအေ တပ်က ခွင့်မပြုဘူး “ ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ကုန်သည်တစ် ဦးကပြောသည်။

Most read this week