တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)သည် ၎င်းတို့စုဆောင်းရရှိထားသည့် တပ်သားသစ်များကို သင်တန်းဆင်းပါက ရှေ့တန်းသို့ပို့ဆောင်မည်ဟု ဇူလိုင်လ ၂၀ရက်နေ့က နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူ လူငယ်သင် တန်းသားနှစ်ဦးက ထုတ်ဖော်ပြောဆိုသည်။
ဒီကေဘီအေ၏ တပ်သားသစ်အဖြစ် အတင်းအဓမ္မ သွတ်သွင်းခံရသူ စောကျော်အဲ့ ၁၇နှစ်နှင့် စောရဲရောင် ၁၉နှစ်တို့သည် ကရင် ပြည်နယ် မြဝတီခရိုင်ရှိ ဒီကေဘီအေ ထိန်းချုပ်ရာနေရာ ရွှေကုက္ကိုကျေးရွာ စစ်သင်တန်းတခု၌ သင်တန်းတက်နေစဉ်ကာလအတွင်း တလခန့်အကြာတွင် မိမိတို့၏ ဆွေမျိုးများရှိရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယခုလို ထွက်ပြေးရောက်ရှိလာခြင်းဖြစ်သည်။
စောကျော်အဲ့က “ကျနော်တို့ကို သင်ပေးတဲ့ သင်တန်းမှူးမှာ စောဆောကအဲနှင့် စောကျောဒို့ဖြစ်တယ်။ သူတို့က သင်တန်းပြီးရင် ရှေ့တန်းကို မောင်းမယ်လို့ပြောတယ်။ သင်တန်းမှာ ကျနော့်လို အရွယ်ငယ်ငယ်တွေ အများကြီးပါတယ်။ နောက် ကလေးနှစ် ယောက်၊ သုံးယောက်ရှိတဲ့ ဖအေတွေလည်း ပါတယ်။ ရွှေကုက္ကိုက စစ်သင်တန်းမှာ တပ်သားသစ် (၃၀၀)လောက် ရှိတယ်”ဟု ပြော သည်။
ပြီးခဲ့သည့်လများက ဒီကေဘီအေတပ်ဖွဲ့ တပ်သားသစ်ကောက်ခံရန် ညွှန်ကြားချက်တွင် အသက် ၅၀အောက်အရွယ်များနှင့် ကလေး နှစ်ယောက်သုံးယောက်ဖခင်များကိုလည်း ခေါ်ယူနိုင်သည်ဟု ဗျူဟာမှူးဗိုလ်မှူးကြီးစောချစ်သူက ခွင့်ပြုထားကြောင်း အမည်မဖော် လိုသူ (၉၉၉)တပ်မဟာ လက်အောက်ခံတပ်ရင်းတခုမှ ဗိုလ်ကြီးတဦးက ပြောသည်။
ထွက်ပြေးလာသည့် သင်တန်းသားနှစ်ဦးသည် နဘူးမြို့နယ်၊ ထီးချားရာရွာသားများဖြစ်ကြပြီး မိမိတို့ရွာလယ်ကွင်းတွင် စပါးစိုက်နေ ရင်း ဒီကေဘီအေ (၉၉၉) တပ်မဟာ လက်အောက်ခံ သစ္စာတည် တပ်ရင်းမှူး ဗိုလ်မှူးစောကတုံးကိုယ်တိုင် ကန်ကြောက်ဆဲဆိုကာ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင်လည်း အစာရေစာ ၀လင်အောင် မစားရသည့်အပြင် နားရက်များတွင် နားခွင့်မရှိ အောင် ခိုင်းစေခဲ့သည်ဟုလည်း စောရဲရောင်က ယခုလို ပြောသည်။
“စပါးစိုက်နေတဲ့အထဲမှာ မိန်းကလေးများပြီး ယောက်ျားလေးက ကျနော်တို့နှစ်ယောက်ထဲ။ အဲဒါ အတင်းဆွဲခေါ်တာကို မလိုက် တော့ ကျနော်တို့ကို ကန်တယ်။ ဆဲတယ်။ ကြောက်ကြောက်နဲ့ သူတို့နောက်ကို လိုက်သွားရတယ်။ သူတို့က စစ်သားသစ် တိုးမြှင့် ဖို့ပြောတယ်။ ကျနော်တို့ကို လာခေါ်ရာတာ ဦးဆောင်သူက ဒီကေဘီအေ (၉၉၉)တပ်မဟာ လက်အောက်ခံ သစ္စာတည် တပ်ရင်း မှူး ဗိုလ်မှူးစောကတုံးပါ”ဟု ပြောသည်။
ဆက်လက်၍ သူက “သင်တန်းမှာ ကျနော်တို့ကို ထမင်းနဲ့ ဆားပဲ နေ့တိုင်းကျွေးတယ်။ ထမင်းဝဝလည်း မစားရဘူး။ နောက် စနေ နေ့တိုင်း သူတို့ကျွန်းခင်းမှာ တနေကုန် မြက်နှုတ်ရတယ်။ လုံးဝ အနားမပေးဘူး။ နားတဲ့သူကိုတွေ့ရင် ကန်တာ၊ ထိုးတာ၊ ရိုက်တာ တို့ လုပ်တယ်။ ဒီလို ကရင်အချင်းချင်းလုပ်တာ တွေ့တော့ တော်တော် မခံစားနိုင်ဘူး။ ကျနော်တော့ စစ်သားမလုပ်ချင်ဘူး။ အေး အေးဆေးဆေးပဲ လုပ်ကိုင်စားသောက်ချင်တယ်။ အခု ကျနော်တို့နှစ်ယောက် ထိုင်းနိုင်ငံမှာပဲ အလုပ်လုပ်ဖို့ပဲ စိတ်ကူးပါတယ်”ဟု ဆိုသည်။
ဒီကေဘီအေသည် တပ်သားသစ် ကောက်ခံစုဆောင်းရာတွင် မလိုက်နိုင်သူများအား တဦးလျှင် ဘတ်ငွေသုံးသောင်း ပေးဆောင်ရ မည်ဟု တရားဝင်ထုတ်ပြန်ထားမှုများရှိပြီး ငွေမပေးဆောင်နိုင်သူများအား စစ်သားအဖြစ် အတင်းအဓမ္မ ခေါ်ဆောင်ဖမ်းဆီးခံရသည် ဟု သိရသည်။
ဒီကေဘီအေ (၉၉၉)တပ်မဟာသည် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ ကယ်ဂေါ်၊ ကွီးလေး၊ ကျရော်ခို့၊ လို့ဘော၊ ဖားကျူး၊ ထီး ၀ါ့ဘလော၊ ထီးဝါ့ကလေ၊ ပေါ့ဘောခို့၊ နောကလေးခီးနှင့် ထီးလော်သေ့ စသည့်ကျေးရွာများတွင် စစ်သားသစ်များ ကောက်ခံလျှက်ရှိ သည်။
Published
Tuesday, July 21, 2009 - 14:38
ဒီကေဘီအေက သင်တန်းဆင်း တပ်သားသစ်များကို ရှေ့တန်းပို့မည်
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)သည် ၎င်းတို့စုဆောင်းရရှိထားသည့် တပ်သားသစ်များကို သင်တန်းဆင်းပါက ရှေ့တန်းသို့ပို့ဆောင်မည်ဟု ဇူလိုင်လ ၂၀ရက်နေ့က နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူ လူငယ်သင် တန်းသားနှစ်ဦးက ထုတ်ဖော်ပြောဆို ...