အဆင့်မြင့် အထက်အရာရှိခရီးစဉ်အတွက် လမ်းဘေးဝဲယာ လမ်းရှင်းရန်အ တွက် ဒေသခံအာဏာပိုင် များကို မုဒုံမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံဖြိုး ရေးကောင်စီ (မယက) က လွန်ခဲ့သည့် ကြာသပတေးနေ့တွင် ညွန်ကြား ထားသည်။
မုဒုံမြို့နယ် မယကဥက္ကဌမှ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ (ရယက) များကို လမ်းဘေးရှိ ချုံနွယ်များရှင်းလင်းရန် ညွန်ကြား ထားသော်လည်း ကျေးရွာတစ်ရွာနှင့်တစ်ရွာ ညွန်းကြားပုံ မတူညီဟု မုဒုံမြို့နယ်ရှိ ရယကတစ်ဦးက ပြောသည်။
၄င်းရယက၏အဆိုအရ “ချုံရှင်းဖို့ သူတို့ (မယက) ညွန်းကြားပုံမတူဘူးလေ၊ အဲဒီလို လုပ်တာက သူတို့လုပ်တာ ပေါ်သွားမှာ ကြောက်လို့လေ” ဟု ဆိုသည်။
ရယကဥက္ကဌတို့မှာလည်း မယကဥက္ကဌတို့၏အမိန့်အရ မော်လမြိုင်-မုဒုံ၊ မုဒုံ-သံဖြူဇရပ်ကားလမ်း လမ်းဘေးဝဲယာရှိ ကျေးရွာပြည်သူတို့အား ချုံနွယ် ရှင်းလင်းရန် ရယက ဥက္ကဌတို့က ၄င်းတို့အားညွန်းကြားထားသည်ဟု ၄င်းလမ်းဘေးဝဲယာရှိ ခြံရှင်တစ်ဦးက ပြောသည်။
“အဓိကကတော့ သူတို့လူကြီးတွေဆင်းလာလိုရှိရင် ကားလမ်းဘေးဝဲယာ မရှင်းလင်းထားရင် ကျေးရွာဥက္ကတွေပဲ အဟောက်ခံရတယ်လေ” ဟု ၄င်းရကယဥက္ကဌက ပြောသည်။
သို့သော်လည်း လမ်းဘေးရှင်းလင်းပါက လမ်းသွားလမ်းလာများ ကြောက် ရွ့ံခြင်းမရှိဘဲ သွားလာနိုင်မည်ဟုလည်း ၄င်းက ဆိုသည်။
လမ်းဘေးဝဲယာချုံရှင်းနေသည့် ခြံရှင်တစ်ဦးက ကျေးရွာဥက္ကဌ၏အမိန့်ဖြင့် ညွန်းကြားလာသည့် အတွက် ၄င်းတို့မှ မငြင်းပယ်နိုင်ချေ။ အကယ်၍ ထိုကဲ့ သို့မလိုက်နာပါက မြို့နယ်မယကဥက္ကဌအဆင့်သို့ တိုင်ကြားခံရမည်ဟု ခြံရှင်က ပြောသည်။
ယခုလောလောဆယ်တွင်လည်း မော်လမြိုင်၊ မုဒုံနှင့် သံဖြူဇရပ် ကတ္တရာ လမ်းဘေးဝဲယာရှိ အချို့ခြံရှင်များ ရှင်းလင်းပြီးသော်လည်း အချို့ခြံရှင်များမှာ ချုံနွယ်ရှင်းလင်းနေဆဲဟု သိရပါသည်။
တချို့ ကျေးရွာဥက္ကတွေက အမြင်မကျယ်လို ရွာသားတွေဆီမှာ ပိုက်ဆံကောက်ပြီး၊ ရွာသားတွေ ပြောမှာကြောက်လို သူတို့ကိုယ်တိုင် ချုံရှင်းရပါသည်။
Published
Monday, July 20, 2009 - 21:00
အထက်လူကြီး ခရီးစဉ်အတွက် လမ်းရှင်းရန် မယက ညွန်ကြား
အဆင့်မြင့် အထက်အရာရှိခရီးစဉ်အတွက် လမ်းဘေးဝဲယာ လမ်းရှင်းရန်အ တွက် ဒေသခံအာဏာပိုင် များကို မုဒုံမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံဖြိုး ရေးကောင်စီ (မယက) က လွန်ခဲ့သည့် ကြာသပတေးနေ့တွင် ညွန်ကြား ထား ...