မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က ပြည်သူထံတွင် ငွေကြေးတောင်းခံ

မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က ပြည်သူထံတွင် ငွေကြေးတောင်းခံ
မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြန်မာအစိုးရပိုင်နယ်မြေတွင် ၄င်းတို့၏ ဘဏ္ဍာအတွက် ပြည်သူများထံ ငွေကြေးတောင်းခံနေသည်ဟု သိရသည်။ ရာမညတပ်ဖွဲ့သည် လွန်ခဲ့သည့်ဇူလမှစပြီး ထိုင်းမြန်မာနယ်စပ်တွင် စတင်လှုပ်ရှားမှုပြုခဲ့သည် အဖွဲ့တစ်ဖွဲ့ဖြစ် ...

မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြန်မာအစိုးရပိုင်နယ်မြေတွင် ၄င်းတို့၏ ဘဏ္ဍာအတွက် ပြည်သူများထံ ငွေကြေးတောင်းခံနေသည်ဟု သိရသည်။ ရာမညတပ်ဖွဲ့သည် လွန်ခဲ့သည့်ဇူလမှစပြီး ထိုင်းမြန်မာနယ်စပ်တွင် စတင်လှုပ်ရှားမှုပြုခဲ့သည် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ရာမညတပ်သည်် ၄င်းတို့တပ်အင်းအားဖြည့်စည်းရန်နှင့် စစ်လက်နက်ပစ္စည်းဝယ်ယူရန်အတွက် ရေးမြို့နယ်မှ ကျေးရွာတိုင်းရှိ ကျေးရွာလူကြီးမှတဆင့် ငွေးကြေးတောင်းခံခြင်းဖြစ်သည်။ သို့ပေမယ့် ရွာသားတို့၏ စေတနာရှိသလောက်ပေးနိုင်သည်ဟု ရာမညတပ်မှ ဗိုလ်ချုပ်ခင်မောင်က ပြောသည်။

“ ကျွန်တော်တို့အဖွဲ့က ရွားသားတွေမှာ ပိုက်ဆံတောင်းတာတော့ဟုတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို အတင်းအကြပ်နည်းနဲ့ မတောင်းဘူး၊ ရွားသားတွေ စေတနာရှိသလောက်ပါပဲ။ ကျွန်တော်တို့တပ်ဖွဲ့အတွက် လက်နက်ဝယ်ချင်လို့ တောင်းတာဖြစ်တယ်” ဟု နိုင်ခင်မောင်က ပြောသည်။

နိုင်ခင်မောင်သည် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း (၃) ကျေးရွာမှ ပါတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ လွန်ခဲ့သည့် (၅) လလောက်က ကျေးရွာ၏ ပြည့်သူစစ်ကနေ နူတ်ထွက်ကာ ရာမညတပ်ဖွဲ့ကို ဖွဲစည်းခဲ့သည်။ လွန်ခဲ့သည် ဇွန်လက ရာမညတပ်သည် တပ်ရင်း (၃) ကျေးရွာမှ ရွာလူကြီးဟောင်း (၂) ဦးကိုဖမ်းဆီးခဲ့ပြီး ငွေတောင်းခံခဲ့ပါသည်။

ဇွန်လဆန်းပိုင်းတွင် ရာမညတပ်မှ တပ်ခွဲ နိုင်သန်းရွှေ ဦးဆောင်ပြီး ရေးမြို့ရှိ လမိုင်း၊ သောင်ဘုံ၊ သောင်ပြင် နှင့် ကော့ဒွတ် ကျေးရွာများတွင် ငွေတောင်းခံစာ ပေးပို့ခဲ့သည်။ ၄င်းတို့၏ စာထဲတွင် ရာမညတပ်၏ ဘဏ္ဍာရေးလိုအပ်ချက်ကြောင့် ပြည်သူများထံတွင် ငွေတောင်းခံခြင်းဖြစ်သည်ဟု ရေးသားထားသည်။

သောင်ပြင်ကျေးရွာမှ ဘုန်းကြီးတစ်ပါး၏ မိန့်ကြားချက်အရ ရာမညတပ်ထံမှ ငွေတောင်းခံစာရပြီးနောက် ၄င်းတပ်ကို ငွေ သိန်း ၂၀၀ ပေးလိုက်ရကြောင်း မိန့်ကြားခဲ့သည်။

“ ဘုန်းဘုန်းတို့ရွာမှာတော့ ရာမညတပ်ကို သိန်း ၂၀၀ ပေးလိုက်တယ်၊ တခြားရွာတွေကတော့ အိမ်ခြေ အရေအတွက်ပေါ်မှာလိုက်ပြီးတော့ သိန်း ၃၀၀ တောင်းထာတယ်” ဟု ဘုန်းဘုန်းက ဆက်ပြီးမိန့်ကြားသည်။

ရာမညတပ်တို့မှ ရေးမြို့နယ်ဘက်မှာ ငွေတောင်းခံသည်ကို  မြန်မာစစ်တပ်တွေက သိရှိပြီးသည့်နောက် ထိုဒေသမှာ လုံခြံုရေးပိုမိုချထားသည်ဟု သိရသည်။